ပန်း​ကန်​ပြား​ပျံ​များ​ကို​ ​လာ​မည့်​အ​နာ​ဂတ်​တွင်​ ​ဆက်​လက်​မြင်​တွေ့​ရ​မည်​ဟု​ဆို

alt

တရုတ်နက္ခတ်ဗေဒ ပညာရှင် တစ်ဦး က ပန်းကန်ပြား ပျံများကို လာမည့် အနာဂတ်တွင်လည်း ဆက်လက် တွေ့မြင် နေရမည်ဟု ခန့်မှန်း ပြောကြား လိုက်သည်။

ဝမ်ဆီချိုက ယန်ချန်း အီးဗနင်း သတင်းစာနှင့် အင်တာဗျူးတွင် ဇီဂျီအန်း ဒေသ အတွင်း တွေ့မြင် လိုက်ရသည့် ပန်းကန်ပြား ပျံမျိုးကို ၂၀၁၁ နှင့် ၂၀၁၂ ခုနှစ်များ အတွင်းတွင်လည်း ဆက်လက် မြင်တွေ့ နေရ ဖွယ်ရှိကြောင်း ပြောဆို သွားသည်။ တရုတ်နိုင်ငံ ဇီဂျီအန်း၊ ဟူနန်၊ ချံုကင်းနှင့် ဇင်ဂျင်း ဒေသများတွင် ကောင်းကင်ပေါ် ပျံသန်း သွားလာနေသည့် အမျိုးအမည် မသိ အရာဝတ္ထုများကို ပြီးခဲ့သည့်လက မြင်တွေ့ခဲ့ကြရသည်။ အချို့ သတင်းဌာနများက ပန်းကန်ပြားပျံဟု ယူဆရသည့် အရာများသည် စစ်သုံးလေယာဥ်များ စမ်းသပ်နေမှု ဖြစ်နိုင်ကြောင်း ပြောဆိုခဲ့သော်လည်း ဝမ်ကမူ အခြားကမ္ဘာမှ သက်ရှိများသည် မိမိတို့အား လာရောက်လေ့လာနေခြင်းဟု ခိုင်ခိုင်မာမာ ယုံကြည်နေသည်။

ဝမ်က နေအဖွဲ့အစည်း တည်ရှိသည့် မစ်ကီဝေး ကြယ်စုကြီး တစ်ခုထဲတွင်ပင် ဂြိုဟ်ပေါင်း ၂.၅ ဘီလျံရှိကြောင်း၊ ယင်းတွင် သိပ္ပံပညာ ဖွံ့ဖြိုးတိုးတက်မှု အဆင့်အတန်း မြင့်မားသည့် သက်ရှိမျိုးနွယ်များ ရှိနေမည်သာဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဝမ်က သိပ္ပံပညာရှင်များအနေနှင့် ကမ္ဘာ့လေထုထဲ ဖြတ်သန်းဝင်ရောက်လာသည့် ပန်းကန်ပြားပျံများကို လေ့လာနိုင်ရန်အတွက် ခေတ်မီဆန်းသစ်သည့် အာကာသကြည့် မှန်ပြောင်းများ တီထွင်ရန်လည်း တိုက်တွန်းခဲ့သေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here