လော့စ်အိန်ဂျယ်လိစ်တွင်​ ​အ​ရက်​ဆိုင်​ဖွင့်ရန်​ ​ပြင်​ဆင်​နေသည့်​ ​ဒေး​ဗစ်​ဘက်​ခမ်း

alt

ဒေးဗစ်ဘက်ခမ်း တစ်ယောက် စီးပွားရေး လုပ်ငန်းသစ် ထူထောင်ရန် စီစဥ် နေပြီဟု ဆိုသည်။ အမေရိကန်သို့ ရောက်ရှိနေသည့် အင်္ဂလန် လက်ရွေးစင်ဟောင်း ဘောလုံး သမားသည် လော့စ်အိန်ဂျယ်လိစ်တွင် အရက်ဆိုင် ဖွင့်ရန် ပြင်ဆင် နေကြောင်း သိရသည်။

ရုပ်မြင် သံကြား အစီအစဥ် တင်ဆက်သူ စားဖိုမှူး ဂေါ်ဒွန် ရမ်းဆေး၊ ဇနီးသည် ဗစ်တိုးရီးယား ဘက်ခမ်းတို့၏ အကူအညီဖြင့် ဘက်ခမ်းက ဗစ်တိုးရီးယား ဘုရင်မ အမည်ရှိ အရက်ဆိုင်အား ဖွင့်လှစ်ရန် စီစဥ် နေခြင်းဖြစ်သည်။ ဘက်ခမ်း မောင်နှှံနှင့် ရမ်းဆေးတို့သည် ယခင်ကတည်းက စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများ ရှိထားပြီး ဖြစ်သည်။ လော့စ်အိန်ဂျယ်လိစ် ဂလက်စီတွင် ကစားနေသည့် ဘက်ခမ်းနှင့် နီးစပ်သူများက ဘက်ခမ်းသည် အရက်ဆိုင်တွင် ဗြိတိန်ရှိ ၎င်း အကြိုက်ဆုံး အစားအစာများကို အမြည်း အဖြစ် ထားရှိ သွားရန် စိတ်ကူး နေကြောင်းလည်း ပြောကြားခဲ့သည်။

ဘက်ခမ်းသည် ယခင်ကတည်းက အင်္ဂလိပ် အရက်ဆိုင်လေးများကို လွမ်းဆွတ်မိကြောင်းနှင့် အပေါင်းအသင်းများဖြင့် ဝိုင်းဖွဲ့ပျော်ရွှင်စွာ စားသောက်နိုင်မည့် အရက်ဆိုင်လေးများ ပိုင်ဆိုင်ချင်စိတ် ရှိနေကြောင်း ပြောဆိုခဲ့ဖူးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here