​ဟီ​ရို​ရှိး​မား​ ​အ​နု​မြှူ​ဗုံး​ကြဲ​ချ​ခံရ​သည့်​ ​အောက်​မေ့​ဖွယ်​​ ​အ​ခမ်း​အ​နား​ ကျင်း​ပ

alt

ဂျပန်နိုင်ငံ၊ ဟီရိုရှီးမား မြို့တော်ပေါ်သို့ အနုမြူဗုံး ကြဲချမှု အောက်မေ့ဖွယ် အခမ်းအနား တစ်ခုသို့ ပထမဆုံး အကြိမ် အဖြစ် အမေရိကန် လူမျိုးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဒုတိယ ကမ္ဘာစစ် အတွင်း အမေရိကန်တို့ ဗုံးကြဲမှုကြောင့် သေဆုံး ခဲ့ရသူများအား ရည်စူးပြီး ဟီရိုရှီးမားမြို့၊ ဘုရားကျောင်း တစ်ခုတွင် တစ်မိနစ်ကြာ ငြိမ်သက် ဆုတောင်းမှု အခမ်းအနား တစ်ရပ် ဩဂုတ်လ ၅ ရက်နေ့က ပြုလုပ်ခဲ့ရာ ဗြိတိန်၊ ပြင်သစ်နှင့် အမေရိကန်တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။ အမေရိကန်သည် ၎င်းတို့၏ ဂျပန် နိုင်ငံ ဆိုင်ရာ သံအမတ်အား အဆိုပါ အခမ်းအနားသို့ စေလွှတ်ရန် ဆုံးဖြတ်ခဲ့ပြီး အမေရိကန်​ သမ္မတ ဘာရတ်​ အိုဘားမား ကိုယ်တိုင်လည်း အမေရိကန်၏ သမ္မတ တစ်ဦး​ အနေနှင့် ဟီရိုရှီးမားသို့ ပထမဆုံး လာရောက်ရန် စီစဥ်ထားသည်။

အမေရိကန် နိုင်ငံခြားရေး​ ဝန်ကြီး ဟီလာရီ ကလင်တန်က သမ္မတ၏ ဟီရိုရှီးမား ခရီးစဥ်သည် သမိုင်းဝင် လုပ်ဆောင်ချက်တစ်ခု ဖြစ်လာနိုင်မည်ဟု ပြောကြားခဲ့သည်။ ယခုနှစ် ဟီရိုရှီးမား နှစ်ပတ်လည်နေ့သို့ နိုင်ငံပေါင်း ရ၄ ခုမှ ကိုယ်စားလှယ်များ တက်ရောက်မည်ဖြစ်သည်။ ၁၉၄၅ ခုနှစ်၊ ဩဂုတ်လ ၆ ရက်နေ့က အမေရိကန်လေတပ်မှ ဟီရိုရှီးမား မြို့တော်သို့ အနုမြူဗုံး ကြဲချခဲ့ရာ လူပေါင်း ရ၀၀၀၀ မှ ၈၀၀၀၀ ခန့် သေဆုံးခဲ့ကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here