​အာ​ဖ​ဂန်​မှ​ ​အ​မေ​ရိ​ကန်​​ စစ်​စ​ခန်း​အား​ ​တာ​လီ​ဘန်​​ အ​သေ​ခံ​​ တပ်​ဖွဲ့​များ​ ​တိုက်​ခိုက်

alt

ဩဂုတ်လ ၃ ရက်နေ့က အာဖဂန်​ နစ္စတန်တွင် အခြေစိုက်ထားသည့် အမေရိကန် တပ်စခန်း​ တစ်ခုအား တာလီဘန် အသေခံ တပ်ဖွဲ့များက တိုက်ခိုက်​ ခဲ့ကြောင်း သိရသည်။

ဗုံးများ၊ လောင်ချာများ ကိုင်ဆောင်​ ထားသည့် စစ်​ သွေးကြွ တပ်ဖွဲ့၏ ထိုးဖောက်မှုကြောင့် NATO​ စစ်သား တစ်ဦးနှင့် အရပ်သား​ နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း အမေရိကန် စစ်ဖက်ကဆိုသည်။ ပထမဦးစွာ နိုင်ငံတောင်ပိုင်း ကန်ဒါဟာ လေတပ်​ စခန်းသို့ ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့ရာမှ ထို ၃ ဦး ဒဏ်ရာများ ရရှိခဲ့ပြီး ထို့နောက်တွင်မူ နာရီနှင့်ချီ ကြာမြင့်သည့် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အသေခံ ဗုံးသမား နှစ်ဦးသည် ကိုယ်တွင်​ ချည်လာသည့် ဖောက်ခွဲရေး ပစ္စည်းများကို ဂိတ်ပေါက်တွင် စနက်တံဖြုတ် ဖောက်ခွဲခဲ့ပြီး ဝင်ပေါက်ပွင့်သွားအောင် လုပ်ဆောင်ခဲ့ကြသည်။ ကျန်လူစုသည် ထိုအပေါက်မှ ဝင်လာပြီး အမေရိကန် တပ်များနှင့် ဆက်လက်တိုက်ပွဲဖြစ်ပွားရာမှ နောက်ပိုင်းတွင် ၄ ဦးလုံး သေဆုံးသွားကြောင်း သိရသည်။

တာလီဘန် ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ယူဆွတ်အမာဒီက အဆိုပါ တိုက်ခိုက်မှုအတွက် တာလီဘန် တပ်ဖွဲ့တွင် တာဝန်ရှိကြောင်း အတည်ပြုခဲ့သည်။ အာဖဂန်တောင်ပိုင်းရှိ အချက်အခြာကျသော ကန်ဒါဟာနှင့် ဟယ်မန်တို့တွင် တပ်စွဲထားသည့် နိုင်ငံတကာတပ်ဖွဲ့ အရေအတွက်မှာ ၃၀၀၀၀ ကျော်ရှိကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here