အား​က​စား​လော​က​တွင်​ ​အောင်​မြင်​မှု​အ​မြင့်​ဆုံး​အ​ဖြစ်​ ​စ​ပိန်​နိုင်ငံ​ရပ်​တည်​နေ

alt

ယခုနှစ်အတွင်း အားကစား​ လောကတွင် အောင်မြင်မှု အမြင့်မားဆုံး နိုင်ငံများ စာရင်းတွင် စပိန်က ဦးဆောင်​ နေကြောင်း သိရသည်။ စပိန်သည် ပြီးခဲ့သည့် ကမ္ဘာ့ဖလား ဘောလုံး​ ပြိုင်ပွဲတွင် ဗိုလ်စွဲ​ နိုင်ခဲ့သလို

စပိန်​ တင်းနစ်​ သမား ရာဖေး​ နာဒယ်ကလည်း လက်ရှိ​ ကမ္ဘာ့အဆင့် ၁ မှ ရပ်တည်နေသည်။

စပိန်​ နိုင်ငံသားများ၏ အားကစား အောင်မြင်မှုများသည် ထိုမျှလောက်နှင့် မပြီးဆုံး​ သေးပေ။ တိုးဒီဖရန့် စက်ဘီးပြိုင်ပွဲ၊ ဖော်မြူလာဝမ်း ကားပြိုင်ပွဲနှင့် NBA ဘက်စကက်ဘော ပြိုင်ပွဲများတွင်လည်း စပိန်တို့၏ အောင်မြင်မှု အငွေ့အသက်များက လွှမ်းခြံုလျက်ရှိသည်။ ယခု​ ကာလသည် စပိန်အတွက် ရွှေခေတ်ပင်ဖြစ်ကြောင်း လက်ရွေးစင်အသင်း ဘောလုံးသမား ဇာဘီအလွန်ဆိုက ကြွေးကြော်ခဲ့သည်။ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအား တောင်အာဖရိကထိ လိုက်လံအားပေးခဲ့သည့် စပိန်သူ ဟေဇယ်ဒိုင်ယာကလည်း မိမိတို့နိုင်ငံသည် အားကစားလောကတွင် ကမ္ဘာ့နံပါတ် ၁ ပင်ဖြစ်ကြောင်း ဝမ်းသာအားရ ပြောဆိုခဲ့သည်။ ကမ္ဘာ့ဖလား ပြီးဆုံးပြီးစ အချိန်တွင်ပင် နာဒယ်ကလည်း ၎င်း၏ ပဥ္စမမြောက် ပြင်သစ်အိုးပင်း တင်းနစ်ချန်ပီယံဘွဲ့ကို ဆွတ်ခူးခဲ့သည်။ နောက်ထပ် လဝက်အကြာတွင် ဘာစီလိုနာဖွား ပေါဂေဆိုသည် အမေရိကန် NBA ဘက်စကက်ဘော ပြိုင်ပွဲတွင် ၎င်း၏အသင်း Lakersကို ၂ နှစ်ဆက် ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့သည်။ ထိုမှ နှစ်ပါတ်အကြာတွင် နာဒယ်ကပင် ဝင်ဘယ်ဒန် တင်းနစ်ချန်ပီယံဆုကို သိမ်းပိုက်လိုက်ပြန်သည်။

စပိန်နိုင်ငံသားတို့၏ စွမ်းဆောင်မှုသည် ဆက်တိုက်အရှိန်ကောင်းခဲ့ပြီး အယ်ဘာတိုကွန်တာဒိုကလည်း တိုးဒီဖရန့်တွင် အောင်ပန်းဆင်ခဲ့သည်။ ယင်းမှာ စပိန်သားအတွက် ကမ္ဘာ့အကြီးကျယ်ဆုံး စက်ဘီးပြိုင်ပွဲကြီးတွင် ၅ ကြိမ်ဆက် ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။ ထိုအချိန်မှာပင် ဖာနန်ဒို အလွန်ဆိုကလည်း ဖော်မြူလာဝမ်း ကားပြိုင်ပွဲ ဂျာမန်ဂရင်းပရီတွင် ထိပ်ဆုံးမှ ပန်းဝင်ခဲ့သည်။ စပိန်သတင်းစာ El Mundoက ၂၀၁၀ ဇူလိုင်လအား စပိန်တို့၏ ဇူလိုင်ဟု ချီးကျူးရေးသားခဲ့သည်။ စပိန်ဝန်ကြီးချုပ် ဂျို့လူးဝစ် ရိုဒရီဂွတ် ဇာပက်တီရို ကိုယ်တိုင်ကလည်း နိုင်ငံသား အားကစား သူရဲကောင်းတို့၏ စွမ်းဆောင်မှုသည် မယုံနိုင်လောက်အောင်ပင် ဖြစ်လာကြောင်း ဂုဏ်ပြုပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here