ဝင်​ငွေ​အ​မြင့်​ဆုံး​ ​ဟော​လီးဝုဒ်​မင်း​သ​မီး

alt

ဟောလီးဝုဒ် မင်းသမီးများ​ အနက် ဆန်ဒရာ​ ဘူးလော့သည် လက်ရှိ​ ဝင်ငွေ အမြင့်ဆုံး​ အဖြစ် ရပ်တည်​ နေကြောင်း သိရသည်။ အော်စကာဆု ရယူ​ ပြီးနောက် ခင်ပွန်းသည် ဂျက်ဆီဂျိမ်းနှင့် ကွာရှင်း​ ခဲ့သည့် အသက် ၄၆ နှစ်ရှိ ဘူးလော့သည်

Forbes မဂ္ဂဇင်း၏ စာရင်း​ အရ တစ်နှစ်​ အတွင်း ဝင်ငွေ ဒေါ်လာ ၅၆ သန်း ရှိခဲ့ကြောင်း သိရသည်။

The Blind Side ဇာတ်ဆောင် မင်းသမီးသည် ၂၀၀၉ ဇွန်လမှ ၂၀၁၀ ဇွန်လထိ အဆိုပါ ငွေကြေး​ ပမာဏကို ရရှိခဲ့ခြင်းဖြစ်ပြီး Forbes​ ၏ တစ်နှစ်​ အတွင်း ဩဇာ​ အကြီးမားဆုံး Celebrity အယောက် ၁၀၀ စာရင်းတွင်လည်း အဌမ​ နေရာမှ ပါဝင်​ စေခဲ့သည်။ ဘူးလော့သည် The Proposal​ နှင့် The Blind Side ဇာတ်ကားများတွင် ရရှိခဲ့သည့် အောင်မြင်မှုကြောင့် ဝင်ငွေလည်း မြင့်မားလာခြင်းဟု Forbes​ က သုံးသပ်ထားသည်။

အမေရိကန်၏ မျက်နှာချိုသော မင်းသမီးအဖြစ် သတ်မှတ်ခံရသူ ရီးဝစ်သာစပွန်းနှင့် ကင်မရွန်း​ ဒီယက်တို့မှာ ဝင်ငွေ​ အကောင်းဆုံး နံပါတ် ၂ နေရာတွင် အတူတကွ ရပ်တည်​ နေသည်။ သူမတို့ နောက်တွင်မူ ဂျင်နီဖာ​ အင်နစ်စတန်၊ ဆာရာဂျက်ဆီကာပါကား၊ ဂျူလီယာရောဘတ်နှင့် အိန်ဂျယ်လီနာဂျိုလီတို့က အစဥ်လိုက် ရပ်တည်နေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here