Gay​ ​ဟု​ ​ထင်​မှတ်​ပြီး​​ ​မု​ဒိမ်း​ကျင့်​ခဲ့​သည့်​​ ပါကစ္စတန် နိုင်ငံသား

alt

အမေရိကန်နိုင်ငံတွင် လူငယ်​ တစ်ဦးအား မုဒိမ်း​ ကျင့်ခဲ့သည့် ပါကစ္စတန် နိုင်ငံသားက မိမိသည် ယင်း​ အမျိုးသားလေးအား Gay​ တစ်ဦးဟုသာ ထင်ခဲ့ကြောင်း ပြောကြား​ သွားသည်။

ပင်ဆယ်ဗေးနီးယားရှိ နော်သမ်တမ် ကွန်မြူနတီ ကောလိပ်မှ အသက် ၁၆ နှစ်အရွယ် ကျောင်းသားလေး တစ်ဦးမှာ ဇူလိုင်လ ၃၁ ရက်နေ့က အသက် ၂၅ နှစ်အရွယ် မိုဟာမက် ဟာနစ်၏ မုဒိမ်းကျင့်မှုကို ခံခဲ့ရသည်။ ဟာနစ်သည် အမေရိကန်သို့ အလည်အပတ် ရောက်ရှိ​ နေခြင်း​ ဖြစ်ပြီး မည်သည့်​ နိုင်ငံသားဟု ဖော်ပြ​ မထားသည့် အဆိုပါ လူငယ်လေးရော ဟာနစ်ပါ ကျောင်းသား​ ဗီဇာများ ကိုင်ဆောင်ထားကြောင်း သိရသည်။ ဩဂုတ်လ ၂ ရက်နေ့ တရားရုံး စစ်ဆေးမှုများတွင် ဟာနစ်က အမျိုးသားငယ်​ အား မိမိ​ အနေနှင့် Gay​ ဟုသာ ထင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

၎င်းက အမျိုးသားလေးအား မိမိအခန်းတွင် လာအိပ်ရန် ဖိတ်ကြားခဲ့ကြောင်း၊ ၎င်းသည် အိပ်ပျော်​ သွားပြီးနောက် မိမိက အကြမ်းဖက်သည့် အခါမှ နိုးလာခဲ့ကြောင်း ရဲများအား ပြောဆို​ သွားသည်။ ဟာနစ်သည် ယခုအခါ မုဒိမ်းမှု၊ လိင်ဆိုင်ရာ အကြမ်းဖက်မှု အပါအဝင် အခြားစွဲချက်များဖြင့်ပါ တရားစွဲဆိုခြင်း ခံထားရကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here