အ​မေ​ရိ​ကန်​တွင်​ ​​သွေး​အေး​​ သေနတ်​သ​မား​ ​ပစ်​ခတ်​မ​ှု​ ​လူ​​ ၈​ ဦး​​ သေ​ဆုံး

alt

အမေရိကန်​ နိုင်ငံတွင် သေနတ်သမား​ တစ်ဦးက သွေး​ အေးအေး ပစ်ခတ်မှုကြောင့် လူ ၈ ဦး သေဆုံး​ သွားကြောင်း သိရသည်။ ဩဂုတ်လ ၃ ရက်နေ့က ကား​ ဒရိုင်ဗာ တစ်ဦးသည်

ကွန်နက်တီးကက်တွင် ဘီယာ​ ပုလင်းများ ခိုးယူ​ နေကြောင်း ဖော်ထုတ်​ တွေ့ရှိပြီးနောက် ၎င်းသည် အလုပ်မှ ထုတ်ပယ်ခြင်း ခံခဲ့ရသည်။

ဗီဒီယို မှတ်တမ်းများက အလုပ်ခွင်​ တာဝန် ထမ်းဆောင်ရင်း ဂိုဒေါင်ထဲမှ ဘီယာများ ခိုးယူ​ နေကြောင်း ဗီဒီယို မှတ်တမ်းများဖြင့် အတည်ပြုပြီးနောက် အလုပ်မှ နှုတ်ထွက်ရန်၊ သို့မဟုတ်​ ပါက အထုတ်ခံရမည်​ ဖြစ်ကြောင်း ပြောဆို​ ခံရပြီးနောက် အိုမာသော်တန်သည် အသင့်ယူလာသော သေနတ်ကို​ ထုတ်ကာ ပစ်ခတ်​ ခဲ့ခြင်း​ ဖြစ်သည်။ အခြေအနေ​ အားလုံး ဝရုန်းသုန်းကား ဖြစ်သွား​ ခဲ့ကြောင်း ကုမ္ပဏီ ဒုတိယ​ ဥက္ကဌ စတိဟိုလန်ဒါက​ ဆိုသည်။ ပစ်ခတ်မှုများ ပြုလုပ်​ နေချိန်တွင် သော်တန်သည် သွေးအေးစွာဖြင့် သက်သောင့်​ သက်သာ ရှိနေကြောင်း ဟိုလန်ဒါက ပြောကြားခဲ့သည်။ သော်တန်က ၎င်း၏ဘေးမှ လူနှစ်ဦး သေဆုံး​ သွားကြောင်း၊ မိမိမှာမူ လက်မောင်းနှင့် မေးရိုးတို့တွင် ရှပ်မှန်​ ခဲ့ကြောင်း ပြောကြားခဲ့သည်။ အသက် ၃၄ နှစ်ရှိ သော်တန်သည် လူ ၈ ဦးသေဆုံးကာ ၂ ဦး​ ဒဏ်ရာရအောင် ပစ်ခတ်ပြီးနောက် မိမိကိုယ်ကိုယ်ပါ အဆုံးစီရင်သွားကြောင်း သိရသည်။ ရဲများက ဖြစ်စဥ်နှင့် ပတ်သက်ပြီး စုံစမ်း​ နေဆဲဖြစ်သည်။

ဟိုလန်ဒါက သော်တန်သည် မိမိအား နှစ်ချက်ပစ်ခဲ့ပြီး နှစ်ချက်လုံး မိမိအား ထိမှန်ခဲ့ကြောင်း၊ ကံကောင်း​ ထောက်မစွာဖြင့် သေလောက်အောင် မပြင်းထန်ခဲ့ကြောင်း ပြောဆိုခဲ့သည်။ သော်တန်သည် ရမ်းကား​ ပစ်ခတ်ပြီးနောက် မိမိကိုယ်ကိုယ် သတ်မသေမီ မိခင်ထံ ဖုန်းဆက်ခဲ့သေးပြီး မိမိသည် လူတန်းစား ခွဲခြားသူများအား သတ်လိုက်ကြောင်း၊ ရဲများမလာမီ မိမိအတွက် လွတ်မြောက်မှု​ အတွက် လိုအပ်သည်ကို လုပ်တော့မည်​ ဖြစ်ကြောင်း မိခင်ထံ အသိပေး​ ခဲ့သေးကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here