အ​အေး​ပေး​စ​နစ်​ ​ပျက်​စီး​ သွား​သ​ဖြင့်​ ISS​ ​မှ​ ​ပ​ညာ​ရှင်​များ​ ​အ​ခက်​ကြံု

alt

နိုင်ငံတကာ အာကာသ စခန်း (ISS) မှ နက္ခတ်ဗေဒ ပညာရှင်များအနေနှင့် အအေးပေး စနစ် ပျက်စီး သွားပြီးနောက် နေထိုင်ရေး အခက်အခဲများ ကြံုခဲ့ ရကြောင်း သိရသည်။

အာကာသထဲ လွှင့်တင်ထားသည့် ISSရှိ အအေးပေး စနစ်နှစ်ခုအနက် တစ်ခုသည် ဩဂုတ်လ ၁ ရက်နေ့ညက ပျက်စီးသွားခြင်းဖြစ်သည်။ ထိုစနစ် ပျက်စီးသွားချိန်တွင် နက္ခတ်ဗေဒ ပညာရှင်များမှာ အိပ်စက်လျက်ရှိပြီး အချက်ပေးသံများ မြည်လာမှ အခြေအနေကို သိရှိခဲ့ခြင်းဖြစ်သည်။ ၎င်းတို့သည် တစ်ခုတည်းသာ ကျန်တော့သည့် အအေးပေးစနစ်ကို အလွန်အကျွံ ဝန်မပိစေရန် မရှိမဖြစ် မလိုအပ်သည့် ကိစ္စများအတွက် Powerကို ပိတ်ထားရသည်။ ISSတွင် ရှိနေသည့် အမေရိကန် ယာဥ်မှူး ၃ ဦးနှင့် ရုရှား ယာဥ်မှူး ၃ ဦးလုံး ဘေးအန္တရာယ် မရှိကြောင်း NASAကဆိုသည်။ အအေးပေးစနစ် လုံးဝမရှိပါက ISSတွင် နေရောင်ကျနေပါက အပူချိန် ၁၂၁ ဒီဂရီ စင်တီဂရိတ်ထိ မြင့်တက်ပြီး နေရောင်မရှိချိန်တွင် အနုတ် ၁၅၇ ဒီဂရီ စင်တီဂရိတ်ထိ ကျဆင်းသွားမည်ဖြစ်သည်။

NASA ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ရောနာဗယ်က ပြင်ဆင်မှုများကို မြန်နိုင်သမျှမြန်မြန် ဆောင်ရွက်နေကြောင်း၊ ယင်းအခြေအနေအတွက် မိမိတို့ မျှော်လင့်မထားခဲ့ကြောင်း ပြောကြားခဲ့သည်။ ISSသည် နိုင်ငံပေါင်း ၁၆ ခုမှ ဒေါ်လာ ၁၀၀ ဘီလျံကျော် အကုန်အကျခံ ဆောက်လုပ်ထားခြင်းဖြစ်သည်။ NASAက ISSမှ ယာဥ်မှူးနှစ်ဦးသည် ဩဂုတ်လ ၅ ရက်နေ့တွင် အာကာသထဲ လမ်းလျှောက်ပြီး ပျက်စီးနေသော စနစ်ကို ပြန်လည်ပြင်ဆင်ရန် စီစဥ်ထားကြောင်း ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here