အမြင်မှာပျောက်နေပေမယ့် စိတ်ထဲက ၂၂

ဆောင်းပါး သရုပ်ဖေါ် © မင်း​​ကျော်

အချိန်တွေသာ​ ပြောင်းလာပေမယ့် မပြောင်းလဲ သေးတဲ့​ အရာတွေ ကတော့

ဒီကနေ့ အထိ ဆက်လက် ရှင်သန် နေတုန်းပါဘဲ။ တချို့ကျ ပြန်တော့လည်း…….. အဲဒါလေးကိုမှ ဖက်တွယ်ပြီး စိုင်းထီးဆိုင်​ သီချင်းစာသားလို ဟောင်းပေမယ့်လည်း ကောင်းနေဆဲပါဘဲလို့ ကြွေးကျော်​ နေကြတုန်း​ ပါဘဲ။

တချို့ကျ​ ပြန်တော့လည်း ရင်ထဲ က သွေးခုန်နှုန်းတွေ ဆူပွတ်လာတဲ့​ ထိအောင် ခံစား​ နေရတုန်းဘဲ။ တချို့ကျပြန်တော့လည်း မေ့မေ့လျော့ လျော့နဲ့ အချိန်တွေ​ ကုန်တာကိုဘဲ ထိုင်စောင့်​ နေကြ​ ပြန်သေးတယ်။ ဒီလောက်လေးဘဲ​ လားတဲ့။

ေဩာ်… ဘာလိုလိုနဲ့ ခုဆိုရင် ၂၂ နှစ်တောင် ပြည့်ပြီ။

သွေးဆူကောင်းတဲ့​ လူတွေ​ ရှိသလို ဖြစ်ခဲ့တာ ကားလိပ်ကာချလို့ ဘဝသစ်​ တစ်ခု​ တည်ဆောက်ဆို​ သလို ဘဝသစ်​ အတွက် ရုန်းကန်​ နေကြသူ​တွေ​လဲ​ ​ရှိတယ်။ ဘဝဟောင်းက တိုက်ပွဲတွေမှာ ကျဆုံးခဲ့တဲ့ ရဲဘော်​ ရဲဘက်ကို တမ်းတနေကြတဲ့​ သူတွေရှိသလို ဘဝသစ်မှာ ကိုယ်ရဲ့ ရဲဘော်ရဲဘက်နဲ့ ပျော်ရွှင်​ နေကြတဲ့​ သူတွေလည်း ဒုနဲ့ ဒေးပါ။

သမိုင်း​ သင်တယ်​ ဆိုတာ မ​ အ​ အောင်လို့​ ဆိုတဲ့ ဒေါက်တာ​သန်းထွန်းလည်း တမလွန်​ ဘဝကို ရောက် သွားပါပြီ။ သမိုင်းဟောင်းကို ပြန်လှန်​ နေကြတဲ့​ သူတွေလည်း ရှိသလို သမိုင်းသစ်မှာ ကမ္ဗည်းထိုးဖို့ ပြိုင်ဆိုင် နေကြတဲ့​ သူတွေလည်း ရှိပြန်ပါသေးတယ်။ သမိုင်းတွေ​ ကြားထဲမှာ အလဲလဲ​ အပြိုပြိုနဲ့ ဘဝကို ရုန်းကန်ခဲ့ရမှု တွေကို ခုချိန်ထိ ဆက်ရှိနေသေးသလို ဘဝဟောင်းကို ပြန်မဖော် သမိုင်းကြောင်းသစ်​ အတွက် ရှေ့ဆက်တိုး နေသူတွေလည်း ရှိပါတယ်။

ဘာဘဲ​ ပြောပြောပါ။ ဘယ်လို​ အမျိုးအစားနဲ့ လူတွေ​ ဖြစ်ဖြစ် သမိုင်း​ ဆိုတာ ရှိခဲ့​ ကြတာ​ ချည်းဘဲ။ ခဏတာ​ လိမ်လို့၊ ညာလို့၊ ဖုံးကွယ်လို​ ့ရကောင်း​ ရနိုင်​ ပေမယ့် သမိုင်း​ စာမျက်နှာပေါ်မှာတော့ ဒါတွေဟာ မှတ်တမ်းတင်​ ပြီးသား​ ဆိုတာကတော့ အမှန်တရားပါဘဲ။

ဘယ်​ အချိန်​ ရောက်ရောက် “ကမ္ဘာမကြေဘူး”ဆိုတဲ့ အသံကြားလိုက်တိုင်း ၁၉၈၈ က ဖြစ်ခဲ့တဲ့​ အဖြစ်အပျက်တွေဟာ ပြန်လည်​ ပုံပေါ်လာလေ့ရှိပါတယ်။ သမိုင်းကြောင်းကို မေ့ချင်သူ​ ဖြစ်ဖြစ်၊ သမိုင်းကြောင်း ထဲမှာ နစ်မွန်းနေသူတွေ​ ဖြစ်ဖြစ် ဒီ​ အသံကိုကြားတိုင်း သမိုင်းကို ပြန်ပြေး​ လိုက်ရသလို ခံစားရစမြဲပါ။

အခု​ ဆိုရင် ဒီ​ အချိန်ကို​ ကျော်ဖြတ်​ လာတာဟာ နှစ်ပေါင်း ၂၂ နှစ်​ တောင်​ ပြည့်နေပါပြီ။ ဒါပေမဲ့လည်း မြန်မာပြည်ကြီး ဒီမိုကရေစီရပြီလား၊ ၁၉၈၈ တုန်းက စခဲ့တဲ့ ဒီမိုကရေစီတော်လှန်ရေးကကော ပြီးဆုံးပြီလား ဆိုတာကတော့ အမျိုးမျိုးဝိဝါဒကွဲပြားနေကြမှာပါ။ တိုင်းတပါးကို​ ရောက်ပြီး ဘဝသစ်​ တည်ထောင်သူတွေက ကော ဒါကိုမေ့လျော့နေကြပြီလား၊ တော်လှန်ရေးထဲမှာ နစ်မွန်းပြီး ၁၉၈၈ တုန်းကပုံစမျိုး လုပ်ချင်သူတွေက ကော အချိန်ကာလတွေကို ပြန်ပြီး သတိထားမိကြသေးရဲ့လား။

နဂိုရ်တုန်းက ပြောခဲ့တာကို ကြားမိတာကတော့ စစ်တပ်ကို ၆ လအတွင်း အပြုတ်ချမယ်၊ ဒီမိုကရေစီ စနစ်ကို ၃ နှစ်​ အတွင်း ရောက်ရမယ်​ ဆိုတဲ့​ စကားသံတွေဟာ အခုတော့ ပြန်လည်​ စဉ်းစား​ ရတော့မယ်။ ၂၂ နှစ် တိုင်ခဲ့ပြီလေ။ ခုနကပြောသလိုမျိုး အချိန်အတိုင်းအတာတွေဟာ အခုကော ပြန်လည်ဆန်းစစ်စရာတစ်ခုဖြစ် လာပြီဆိုတာကိုကော သတိမူမိကြရဲ့လား။

ဘာဘဲပြောပြော။ မြန်မာပြည်က​ လူတွေတိုင်းမှာတော့ ဒီမိုကရေစီကို လိုချင်၊ ရယူ​ ချင်နေတယ်ဆို တာကတော့ မြေကြီး​ လက်ခက်​ မလွဲပါ။ ဒီထဲမှာ စစ်တပ်​ အတွင်းက ထိပ်သီးပိုင်း လက်​ တဆုပ်စာ စစ်​ ဗိုလ်ချုပ်တွေ​ ကတော့ ပါချင်မှ ပါလိမ့်​ မပေါ့။

အရင့်​ အရင်က ချမှတ်ခဲ့တဲ့ လမ်းစဉ်တွေ၊ မဟာဗျူဟာတွေ၊ ဗျူဟာတွေ​ အတိုင်းဘဲ ဆက်သွားကြ တော့မှာလား​ ဆိုတာကတော့ အခု ၂၂ နှစ်ပြည့်တဲ့​ အချိန်မှာ မေးခွန်းထုတ်​ စရာဖြစ်လာပါပြီ။ အရင်က ဒီမိုကရေစီရေး​ လုပ်ခဲ့​ သူတွေကကော မြန်မာ့​ ဒီမိုကရေစီ​ တိုက်ပွဲဟာ ၂၂ နှစ်​ ကြာမြင့််မယ်​ လို့ကော တွေးထင်ခဲ့ပါ​ သလား၊ အခု​ လက်ရှိ​ လုပ်နေတဲ့​ သူတွေကကော ဘယ်လောက်ကြာ​ ဦးမယ်လို့ ထင်ကြသေးလဲ။ ပြည်တွင်းက ၂ဝ၁ဝ ရွေးကောက်ပွဲဝင်ပြီး ဒီမိုကရေစီ​ တိုက်ပွဲ​ ​ဆက်​ ဝင်မယ််ဆိုတဲ့ ပါတီတွေကကော ဘယ်​ အချိန်မှာ ပြည်သူလိုချင် တဲ့ ဒီမိုကရေစီ​ စနစ်ကို ဖော်ဆောင်​ နိုင်လို့ မျှော်လင့်ထားပါသလဲ။ ၂​၀၁​၀ ကို စိတ်မဝင်စားဘူး၊ ၂​၀၁၅ ကျမှသာ အဓိကကျပြီး လုပ်နိုင်​ မယ်ဆိုတဲ့​ လမ်းစဉ် ကကော တကယ့်စစ်မှန်တဲ့၊ ပြည်သူ​ လိုလားတဲ့ ဒီမိုကရေစီကို ဖော်ဆောင်​ ပေးမှာလား။

ဒါတွေ​ အားလုံးဟာ ပြည်သူတိုင်းက မေးနေကြတဲ့ မေးခွန်းပါ။ ပြည်သူတိုင်းက အားကိုးပြီး မဲထည့် ပေးခဲ့ကြတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ကလည်း အောင်မြင်​ ခဲ့ပေမယ့် စစ်မှန်တဲ့​ ဒီမိုကရေစီ​ ရောက်ဖို့​ အတွက် မထမ်းဆောင်နိုင်ခဲ့ဘူး။ ပြည်ပ​ ကနေပြီး လက်နက်ကိုင်​ တိုက်ခိုက်ပြီး ဒီမိုကရေစီ​ ဖော်ဆောင်ပေမယ့်​ အဖွဲ့တွေ ကလည်း ခပ်တည်းတည်း​ ရယ်သာ။ ဒီမိုကရေစီရဖို့ ပြည်တွင်း​ ပြည်ပ ပူးပေါင်းမှ​ ဆိုပြီး အမြဲတမ်း​ ပြောဆိုနေတဲ့ ပြည်ပ​ အခြေစိုက်အဖွဲ့တွေကကော တကယ်တမ်း ပေါင်းစည်းဖို့ အတွက် လုပ်ဆောင် နိုင်ကြပြီလား။​ ​ပူး​​ပေါင်း​ဖို့​ထက်​ ​အ​ချင်း​ချင်း​​ ​နေ​ရာ​လု​၊​​ ​ပ​ရော​ဂျက်​ ​လု​နေ​တာ​နဲ့​တင်​ ​အ​ချိန်​က​ ​ကုန်​မှန်​း​မ​သိ​ ​ကုန်​နေ​တုန်း​ဘဲ​လား​​။​

အခုတော့ အချိန်က ၂၂ နှစ်တောင် ကြာနေပါပြီ။

မေးခွန်းတွေ​ ပေါင်းစုံ​ ကတော့ ရှိနေပါပြီ။

ဒါပေမဲ့့ တိကျ​ ရေရာပြီး ပြည်သူကို အာမခံ​ နိုင်တဲ့အချက်ကတော့ ခုချိန်ထိ တွေ့မမြင် နိုင်သေးဘူးလို့ ပြောနိုင်ပါတယ်။ မြန်မာပြည်ရဲ့ ဒီမိုကရေစီဆိုတာ လက်တစ်ဆုပ်စာ စစ်ဗိုလ်ချုပ်တွေက ပေးမှရတော့မယ့်အ နေအထားလား ဆိုတာကတော့ စဉ်းစားရတော့မယ့် အနေအထားပါ။ ဘာလို့ ဒီ်လိုပြောတာလဲဆိုရင် အခုလုပ် မယ့် ၂ဝ၁ဝ ရွေးကောက်ပွဲက သက်သေပြနေလို့ပါ။ ဒီရွေးကောက်ပွဲက တစ်ဖက်သက်​ ဖြစ်နေ ပေမယ့်လည်း ဒီမိုကရေစီရေး​ အတွက် ရွေးကောက်ပွဲက အရေးကြီးတယ်​ ဆိုတာ ငြင်းဆိုလို့​ မရနိုင်တဲ့​ အနေအထားမို့ပါ။

ပြည်သူ့​ အစိုးရတက်ပြီး ပါလီမန်ခေါ်ဆိုမှ စစ်မှန်တဲ့​ ဒီမိုကရေစီ ဆိုတာ ဖော်ဆောင်နိုင်မယ် ဆိုတာက မြေကြီး​ လက်ခက်​ မလွဲပါဘူး။

ဒါပေမဲ့လည်း လက်ရှိ​ အနေအထားက စစ်​ ဗိုလ်ချုပ်တွေက လူဝတ်လဲပြီး ဝင်ပြိုင်မှာ ဆိုပြန်တော့ အခု စစ်တပ်က ဦးဆောင်ပြီး ဖော်ဆောင်မယ့် ဒီမိုကရေစီ ကလည်း ပြည်သူ လိုလားတဲ့ ဒီမိုကရေစီ​ မဟုတ်တာက တော့ သေချာနေပြန်ပြီ။

ဒါတင်ပါဘဲလား။

ပြည်ပ​ အခြေစိုက်ပြီး လှုပ်ရှားနေရတဲ့့ စစ်​အစိုးရ​ အတိုက်အခံ ဒီမိုကရေစီ​ အင်အားစု တွေကကော ပြည်သူလိုလားတဲ့​ ဒီမိုကရေစီ​ အတွက် ဘယ်လောက်တောင် လုပ်နေကြသလဲ၊ လုပ်နိုင်​ ကြသလဲ​ ဆိုတာက မေးခွန်း​ ထုတ်နေကြပြန်ပါပြီ။ မိမိ​ ပြည်သူတွေနဲ့ ဝေးပြီး ပြည်ပမှာ အခြေစိုက်​ နေရတဲ့​အတွက် ပြည်သူနဲ့​ ကင်းကွာနေခြင်းက တစ်ဖက်က အားနည်းချက်​ ဖြစ်နေသလို တိုင်းတပါးမှာ မှီခိုနေရတဲ့​ အတွက် ရပ်တည်ရေး​ ဆိုတဲ့​ အချက်​ ကလည်း ဖိအားတွေ ပေးနေပါတယ်။

ဒီကြားထဲကမှာ ဆိုးဝါးတဲ့​ တချက်​ ကတော့ အယူအဆ၊ အမြင်​ သဘောထားတွေ မတူညီကြပြန် တော့ ပေါင်းစည်းရေး​ ဆိုကလည်း ခက်ခဲ​ နေပြန်​ ပါသေးတယ်။ လူထုက အားထားရတဲ့ တပ်ပေါင်းစုကြီး​ ဖြစ်ဖို့ မျှော်လင့်​ မရနိုင်သေးပါဘူး။ လူထုက အားထားရတဲ့ တပ်ပေါင်းစုကြီး​ ဖြစ်ဖို့ ​နေ​နေ​သာ​သာ​ ​ပြည်​ပ​မှာ​ ​ရှိ​တဲ့​အ​ဖွဲ့​အ​စည်း​​ အ​ချင်း​ချင်း​ ​လူ​အ​ချင်း​ချင်း​​တောင်​ ​ညီ​ညွတ်​မှု​ကို​ ​မ​ဖေါ်​ဆောင်​ ​နိုင်​သေး​တာ​က​ ​ပြည်​သူ​တွေ့​​ ​အ​ကျိုး​​ကို ​ဘယ်​လောက်​ထိ​ ​တာဝန်​ကျေ​နေ​တယ်​​ ဆို​တာ​ကို​ ​ထောက်​ပြ​နေ​သ​လို​ပါ​ဘဲ​။​ ​​ (ဒါကတော့ ကျနော်အမြင် သက်သက်ပါ။)

၁၉၈၈ အရေးတော်ပုံဟာ တပါတီ​ အာဏာရှင်​ စံနစ်ကို ဖြုတ်ချ နိုင်ခဲ့ပြီးပါပြီ။ ဒါပေမဲ့လည်း ဒီမိုကရေစီ ကိုတော့ ပိုင်ဆိုင်​ နိုင်ခြင်း မရှိခဲ့ပါဘူး။ ၂​၀၀၇ ရွှေဝါရောင် တော်လှန်ရေး ကလည်း စစ်အစိုးရရဲ့ ဘာသာ၊ သာသနာ​ စော်ကားမှုတွေကို နိုင်ငံတကာ သိအောင် လုပ်ဆောင်​ ပေးခဲ့ပါတယ်။ ဘုန်းဘုန်းတို့​ သွေး မြေသို့​ ခ​ ခဲ့​ရပေမယ့်လည်း ဒီမိုကရေစီ​ ကတော့ မျှော်တိုင်းဝေးနေဆဲပါ။ ၂ဝဝ၈ နာဂစ်​ ကလည်း စစ်အာဏာရှင်ရဲ့ ယုတ်မာမှုကို နိုင်ငံတကာ​ သိအောင် လုပ် ဆောင်ပေးခဲ့ပေမယ့်လည်း ဒီမိုကရေစီ ဆိုတာ ခပ်ဝေးဝေးမှာ မြင်နေရတဲ့ မှုန်ဝါးဝါး​ အရာတခု​ အဖြစ် ပြသ​ ခဲ့ပါတယ်။

အချိန်တွေလည်း ပြောင်းခဲ့ပါပြီ။ ပြောင်းဆိုတာက နှစ်ကို ဆယ်နဲ့ချီနေပါပြီ။ ၁၉၈၈ ဒီမိုကရေစီလှုပ် ရှားမှုမှာလည်း ရဟန်းရှင်လူ ကျောင်းသားကျောင်းသူ ​ထောင်​နဲ့​ချီ​ အသက်ပေးခဲ့ပြီးပါပြီ။ ဒီပဲယင်းမှာလည်း အန်အယ်လ်ဒီ လူငယ်တွေ ကျဆုံးခဲ့​ ပြီးပါပြီ။ စက်တင်ဘာ ရွှေဝါရောင်​ တော်လှန်ရေးမှာလည်း ဘုန်းဘုန်းတို့ သွေး မြေသို့ကျခဲ့ရပြီး သာသနာတော်လည်း ပွန်းပဲ့ခဲ့ရပါပြီ။ နာဂစ်​ မွှေလိုက်တာကလည်း သိန်းနဲ့ သန်းနဲ့ချီ ပြည်သူတွေ သေကျေ​ ဒုက္ခ​ ရောက်ခဲ့ရ ပြီးပါပြီ။

ဒါတွေကို ခံစားခဲ့၊ သိမြင်ခ​ဲ့​ ရပေမယ့် ပြည်သူ့​တွေ​ စိတ်ထဲမှာကတော့ ဒီမိုကရေစီကို မျှော်လင့်တုန်းပါဘဲ။ ၁၉၉​၀တုန်းက အမျိုးသား​ ဒီမိုကရေစီ အဖွဲ့ချုပ်ကို အားကိုး ခဲ့ကြရပါတယ်။​ ​အ​ပြောင်း​အ​လဲ​ကြီး​ တ​ခု​ကို​ ​ဖန်​တီး​​ပေး​​နိုင်​မယ့်​ ဆို​တဲ့​​ အ​ထင်​တွေ​ ​မျှော်​လင့်​ချက်​တွေ​ ​နဲ့​​ပေါ့​​။​​ စစ်အစိုးရ ကသာ ဖြောင့်မတ်​ခဲ့မယ်​ ဆိုရင်ဖြင့် ဒီအချိန်မှာ ပြည်သူ​ လိုလားတဲ့​ ဒီမိုကရေစီကို ဖော်ဆောင်​ နိုင်ခဲ့လောက်ပါပြီ။ အာ​ရှ​မှာ​ ​မြန်​မာ​ဟေ့​ ဆို​ပြီး​​ ​မော်​ကြွား​​နိုင်​တဲ့​​ ​အ​ဆင့်​ကို​​ တတ်​လှမ်း​နိုင်​လောက်​ ​နေ​ပါ​ပြီ​။​​ ဒါပေမဲ့လည်း အခု ချိန်ထိ မြန်​မာ​နိုင်ငံ​ဟာ​ စစ်​ အာဏာရှင်​ လက်အောက်မှာပါဘဲ။

အခု နောက်တကြိမ်​ ပြန်လည်​ လာပြန်ပါပြီ။ ၂၂ နှစ်တာကြာမှ ပြန်ပေါ် လာပြန်ပါပြီ။​ ​၁၉၈၈​ ​တုန်း​က​လည်း​​ ​ကျောင်း​သား​​ ​ပြည်​သူ​တွေ​ကို​ ရက်ရက်​စက်​စက်​ ​ပြစ်​ခတ်​ ​သတ်​ဖြတ်​ခဲ့​ပြီး​​ ​စစ်​ ​အာ​ဏာ​ရှင်​ လက်​အောက်​ကို​ ​တွန်း​အား​​ပေး​ခဲ့​တာ​က​လည်း​ ​တပ်​မ​ ​၂၂​ ​။​​ ​ယ​ခု​တ​ဖန်​ ​မြန်​မာ​ပြည်​သူ​တွေ​ကို​ ​ဆွေး​စဥ်​မျိုး​ဆက်​ ​စစ်​ကျွန်​ဘ​ဝ​ ​အ​ရောက်​ပို့​မယ့်​​ ၁၉၈၈​ ​ရဲ့​​ ​၂၂​ ​နှစ်​မြောက်​ ​အ​ချိန်​ နဲ့​အ​တူ​ ရောက်​လာ​မယ့်​​ အ​ကြောင်း​အ​ရာ​ က​လည်း​​ ​​ရောက်​လာ​ခဲ့​ပါ​ပြီ​။​​ ​ဒါ​က​တော့​​ …​

၂ဝ၁​၀ ရွေးကောက်ပွဲတဲ့။

၁၉၉၀ ပွဲလောက် တရား​မျှတမှု​ မရှိပေမယ့်လည်း ဒီမိုကရေစီရေး​ ဖော်ဆောင်​မယ်လို့ စစ်အစိုးရကတော့ ပြောနေ​ ​အာ​မ​ခံ​ ​နေလေရဲ့။ ဒါကိုလည်း ပြည်တွင်း​ ပြည်ပ ဒီမိုကရေစီ​ အင်အားစုတွေက ဆန့်ကျင်ကြသလို ရတဲ့​ နေရာကို ဝင်ယူပြီး ဝင်ပြိုင်မယ့် ဒီမိုကရေစီ​ အင်အားစုတွေလည်း ရှိနေ​ ကြပါတယ်။

ဘာတွေဘဲ​ ပြောပြောပါ။ ပြည်သူ့​ အတွက် ဒီမိုကရေစီ​ ဖော်ဆောင်ပေးမယ်​ ဆိုတဲ့ စစ်အစိုးရ၊ စစ်မှန်တဲ့ ဒီမိုကရေစီကိုမှ လိုလားတယ်​ ဆိုပြီး ပြည်ပ​ ရောက်နေတဲ့ ဒီမိုကရေစီ​ အင်အားစုတွေ၊ ရတဲ့​ နေရာကနေ​ ဝင်ပြီး​ ​ရ​တဲ့​အ​ခွင့်​အ​ရေး​ကို​ ​အ​သုံး​မယ့်​ဆို​တဲ့​ ဒီမိုကရေစီ​ လိုလားတဲ့ ပါတီတွေ​ ဘဲဖြစ်ဖြစ် သတိချပ်သင့်​ တာကတော့ အခု ၂၂ နှစ်တိုင်ပြီ​ ဆိုတာပါဘဲ။

မြေကြီးပေါ်မှာ ရဲရဲနီခဲ့တဲ့ ရဟန်းရှင်လူ ပြည်သူ၊ ကျောင်းသားကျောင်းသူတွေရဲ့ သွေးတွေက မျက်စိ​ အမြင်မှာ ပျောက်သွား​ ပေမယ့် စိတ်​ အတွေးထဲမှာတော့ ရှိနေတုန်းပါဘဲ။​

အခု ၂၂ နှစ်​ တိုင်ပေမယ့်လည်း “ကမ္ဘာမကြေဘူး”​ ဆိုတာကို လိုက်​ဆို​နေကြတုန်း ပါဘဲ။

ဒါပေမဲ့ ၂၂ နှစ်တိုင်​ ခဲ့ပါပြီ။

၂၂ နှစ်တိုင်ခဲ့ပါပြီ။

၂၂ နှစ်တိုင်။

၂၂ နှစ်။

၂၂။

ထွန်းတောက်နေ

LEAVE A REPLY

Please enter your comment!
Please enter your name here