​တစ်​ပါတ်​လျင်​ ​နှစ်​ကြိမ်​မျှ​ ​လိင်​ဆက်​ဆံ​ခြင်း​က​ ​ကျန်း​မာ​ရေး​ကောင်း

alt

တစ်ပါတ်လျင် နှစ်ကြိမ်မျှ လိင်ဆက်ဆံခြင်းသည် အမျိုးသားများအား ကျန်းမာရေး ကောင်းမွန်စေကြောင်း သုတေသီများက ပြောကြားလိုက်သည်။

သုတေသန ရလဒ်အသစ်တစ်ခုက တစ်ပါတ်လျင် နှစ်ကြိမ်မျှ သံဝါသ ပြုလုပ်ခြင်းသည် အသက်အန္တရာယ် ခြိမ်းခြောက်နိုင်လောက်အောင် ပြင်းထန်သည့် နှလုံးရောဂါမျိုးကို သာမန်ထက် ၄၅ ရာခိုင်နှုန်းမျှ လျော့ပါးသွားစေမည်ဟု သိရသည်။ အမျိုးသား ၁၀၀၀ ကျော်၏ နေ့စဥ်လူနေမှု အကျင့်စရိုက်များကို လေ့လာပြီးနောက် လိင်ဆက်ဆံခြင်းသည် အမျိုးသားများ၏ နှလုံးကျန်းမာရေးကို အထောက်အကူ ပြုနိုင်ကြောင်း အမေရိကန် သုတေသီများက တွေ့ရှိခဲ့သည်။ ယင်းကောင်းကျိုးမျိုး အမျိုးသမီးများတွင် သက်ရောက်မှု မတွေ့ရပေ။

မက်ဆာချူးဆက်ရှိ နယူးအင်္ဂလန် သုတေသနဌာနက အသက် ၄၀ မှ ရ၀ ကြား အမျိုးသားများ၏ လိင်မှုအလေ့အထများကို လေ့လာမှု ပြုလုပ်ခဲ့ပြီး သင့်တင့်မျှတသော ပမာဏမျှ ပုံမှန်လိင်ဆက်ဆံမှုသည် အမျိုးသားများကို စိတ်ပိုင်းရော၊ ရုပ်ပိုင်းပါ ကောင်းကျိုးဖြစ်ထွန်းစေကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။ ထို့အပြင် အလွန်အကျွံ ပမာဏမဟုတ်သော လိင်ဆက်ဆံမှု အကြိမ်များများ ပြုလုပ်ခြင်းသည်လည်း အမျိုးသားများအတွက် စိတ်ဖိစီးမှုကို လျော့ကျစေကာ ပေါင်းသင်းဆက်ဆံရေး နယ်ပယ်တွင် အထောက်အပံ့ ဖြစ်စေကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here