Gerogia​ Armani​ ​အ​လှ​ကုန်​ ​ကြော်​ငြာ​မော်​ဒယ်​ အ​ဖြစ်​ ​မီဂန်​ဖော့စ်​ကို​ ​မြင်​တွေ့​ရ​မည်

alt

Gerogia Armain၏ အလှကုန် ပစ္စည်းများ အတွက် ကြော်ငြာမယ် အဖြစ် ဆောင်ရွက် ပေးရန် မီဂန်ဖော့စ်က သဘော တူညီ လိုက်ပြီ ဖြစ်သည်။

အသက် ၂၅ နှစ် အရွယ် Transformers မင်းသမီးဟောင်းသည် ယခင် ကတည်းက Armani ၏ အတွင်းခံ အဝတ်အထည် မော်ဒယ် အဖြစ် ဆောင်ရွက် ပေးခဲ့ သော်လည်း ယခုအခါ ဈေးကွက် အတွင်း အရှိန်အဝါ အတန်ငယ် ကျဆင်း လာသည့် Armani အလှကုန် ပစ္စည်းများ အတွက်ပါ ကြော်ငြာ ပေးရန် စာချုပ် လိုက်ခြင်း ဖြစ်သည်။

Jennifer’s Body မင်းသမီးက သူမသည် ဖက်ရှင် icon တစ်ဦး အဖြစ် ထင်ရှားသည့် မစ္စတာ Armain ကို လေးစားပြီး ဖြစ်ကြောင်း၊ Armani နှင့် အလုပ် တွဲလုပ်ရသည့် အတွက် ဂုဏ်ယူ ကျေနပ်ကြောင်း ပြောကြားခဲ့သည်။ Armani မှ ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ် တစ်ဦးကလည်း ဟောလီးဝုဒ် ရပ်ဝန်းတွင် အောင်မြင်မှုများ ရရှိနေပြီး ကမ္ဘာပေါ်တွင် ဆွဲဆောင်အား အကောင်းဆုံး အမျိုးသမီး တစ်ဦး အဖြစ် သတ်မှတ်ခံရသူ ဖော့စ်နှင့် လက်တွဲ လုပ်ဆောင် ရခြင်းကြောင့် Armani အနေနှင့် အောင်မြင်မှုများ ရရှိ နိုင်မည်ဟု ပြောဆို သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here