​အ​ပြေး​ချန်​ပီ​ယံ ​အူ​စိန်​ဘော့​ ​နောက်​ထပ်​​ က​မ္ဘာ့​​ စံ​ချိန်​တင်​နိုင်​မည်​ဟု​ ​မိ​ခင်​ဖြစ်​သူ​ပြော​

alt

သူမ၏ သားသည် နောက်ထပ် ကမ္ဘာ့ စံချိန်သစ်များ တင်နိုင် လိမ့်မည်ဟု အူစိန်ဘော့၏ မိခင်က မော်ကြွား ပြောဆို လိုက်သည်။

အသက် ၂၃ နှစ် အရွယ် ကမ္ဘာကျော် အပြေး ချန်ပီယံ ဂျမေကာသား၏ မိခင်ဖြစ်သူ ဂျင်နီဖာဘော့က သူမ၏ သားသည် အလွန် အလုပ်ကြိုးစားပြီး စိတ်ဓာတ် ပြင်းထန်သူဟု ချီးကျူး ခဲ့သည်။ ဘော့သည် ၂၀၀၉ ခုနှစ် ဘာလင် ကမ္ဘာ့ချန်ပီယံ အပြေး ပြိုင်ပွဲ နောက်ပိုင်း နိုင်ငံတူ အပြေးသမား အဆာဖာ ပိုဝဲနှင့် ယှဥ်ပြိုင်ရန် ရှိနေသည်။ ဘော့သည် ဘာလင်တွင် မီတာ တစ်ရာကို ၉.၅၈ စက္ကန့်၊ မီတာ နှစ်ရာကို ၁၉.၁၉ စက္ကန့်တို့ဖြင့် ပြေးကာ ကမ္ဘာ့စံချိန် တင်နိုင် ခဲ့သလို ကမ္ဘာ့ အမြန်ဆုံး လူသား အဖြစ်လည်း ချီးကျူး ခံနေရသည်။

၂၀၀၈ ဘေဂျင်း အိလံပစ်တွင် ရွှေတံဆိပ် ဆုရရှိခဲ့သည့် ဘော့နှင့် ပတ်သက်ပြီး ဂျင်နီဖာက ၎င်းသည် လေ့ကျင့်ခန်း ဆင်းရာတွင် အလွန် ပြင်းပြင်းထန်ထန် လုပ်ကိုင်လေ့ရှိပြီး ယခုထက် ပိုမြန် လာဦးမည်ဟု မှတ်ချက်ပြုခဲ့သည်။ ကိုယ်တိုင်လည်း အပြေးမယ်ဟောင်း တစ်ဦး ဖြစ်သည့် ဂျင်နီဖာက ငယ်ငယ် ကတည်းက ဘော့ကို အပြေးသမား တစ်ဦး ဖြစ်အောင် လေ့ကျင့် ပေးခဲ့သော်လည်း အစပိုင်းတွင် ဘော့သည် သူမ ညွှန်ကြား သမျှကို လုံးဝ မလိုက်နာခဲ့ဟု ရယ်ရယ်မောမော ပြောကြားခဲ့သည်။

ဘော့သည် ၂၀၀၂ ခုနှစ် ကင်းစတန်းပြိုင်ပွဲတွင် ရွှေတံဆိပ် ဆုရခဲ့ပြီးနောက် ပြိုင်ပွဲ၏ အသက်အငယ်ဆုံး ချန်ပီယံ ဖြစ်ခဲ့ပြီး ထိုမှတဆင့် ကမ္ဘာကျော် အပြေးသမားတစ်ဦး ဖြစ်လာခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here