​အ​ဖော်​အ​ချွတ်​စ​တား​၏​ ​လည်​ပင်း​ကို​ ​ဓား​ဖြင့်​လှီး​သ​ည့်​ ​ဗြိ​တိန်​သား

alt

ဗြိတိန် နိုင်ငံမှ အမျိုးသား တစ်ဦးသည် အဖော် အချွတ်စတား အမျိုးသမီး တစ်ဦးအား လည်ပင်းကို ဓားဖြင့် လှီးမှုဖြင့် ထောင်ဒဏ် ၈ နှစ် ချမှတ် ခံလိုက် ရကြောင်း သိရသည်။

ရင်သား ကြီးကြီးနှင့် ညစ်ညမ်း ရုပ်ရှင် သရုပ်ဆောင် မင်းသမီး၏ အော်သံကြောင့် လန်ဒန် တောင်ပိုင်းရှိ သူမ၏ နေအိမ်သို့ အိမ်နီးချင်းများ လာရောက်ချိန်တွင် ဆာဗာနားဂိုးမှာ ဝတ်လစ် စလစ်ဖြင့် သွေးအိုင်ထဲ လဲကျ နေသည်ကို မြင်ခဲ့ရသည်။ သူမအား တိုက်ခိုက် ခဲ့သူမှာ အသက် ၂၆ နှစ် ရှိ ရှိုဟီဒူ အစ္စလာမ် ဆိုသူ ဖြစ်ပြီး ဆာဗာနားကို လည်ပင်းညှစ်ကာ ဓားဖြင့်ပါ လှီးသွားခြင်း ဖြစ်သည်။ ၎င်းသည် ယခင်ကလည်း လောင်းကစားဒိုင် နှစ်ခုကို သေနတ် အတုဖြင့် ဓားပြ တိုက်ခဲ့ဖူးသည်။ ရဲများက ရှိုဟီဒူသည် ဓားပြ တိုက်ရန် အတွက် ဆာဗာနား၏ အိမ်သို့ ရောက်ရှိ လာပြီးနောက် အမျိုးသမီးကို ကြိုးတုပ်ကာ ပန်းအိုး ဖြင့်လည်း ရိုက်ခဲ့ကြောင်း၊ ထို့နောက်တွင် လည်မျိုကိုပါ လှီးခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားသွားသည်။

နာတာလီဟက်ဟု လူသိများသည့် ဆာဗာနားသည် အမေရိကန် ညစ်ညမ်း ရုပ်ရှင် လောကတွင် လူသိများသည့် စတား တစ်ဦးလည်း ဖြစ်ပြီး သူမသည် ယခုအခါ မွေးရပ်မြေ ဗြိတိန်သို့ ပြန်ရောက်နေခြင်း ဖြစ်သည်။ အရှေ့လန်ဒန်တွင် နေထိုင်သည့် ရှိုဟီဒူသည် ဆာဗာနားအား တိုက်ခိုက်ခဲ့မှုကို ဝန်ခံပြီးနောက် လန်ဒန် တရားရုံးတစ်ခုက ဇူလိုင်လ ၂၆ ရက်နေ့တွင် ၎င်းအား တစ်ဖက်သားကို ရည်ရွယ်ချက်ရှိရှိ နာကျင်စေမှု၊ ဓားပြမှုများဖြင့် စွဲချက်တင်ကာ ထောင် ၈ နှစ် ကျခံစေရန် ပြစ်ဒဏ် ချမှတ် လိုက်ခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here