လမ်း​ပိတ်​ဆို့​မှု​ ​လျော့​ချ​ ပေး​နိုင်​မည့်​ ​အ​ဆင့်​မြင့်​ နည်း​ပ​ညာ​သုံး​ ​ဘတ်စ်​ကား​​ 3D​ ပုံ​ရိပ်​ ​ဖော်​ထုတ်​ပြ​သ

alt

လမ်းပိတ်ဆို့မှုများကို လျှော့ချ ပေးမည့် အဆင့်မြင့် နည်းပညာသုံး ဘတ်စ်ကား တစ်စင်း၏ 3D ပုံရိပ်ကို တရုတ် နိုင်ငံမှ အင်ဂျင်နီယာ ဌာန တစ်ခုက ဖော်ထုတ် ပြသ လိုက်သည်။

ရှန်ဇန်းဟွာရှီ အင်ဂျင်နီယာ ဌာနက လမ်းပေါ် မောင်းနှင်နေစဥ် ဘတ်စ်ကား၏ အောက်ဖက်မှ အခြားကားများ ဖြတ်သန်း သွားနိုင်မည့် ပုံစံ တစ်မျိုး ကို တီထွင် ပြထားသည်။ အဆိုပါ မော်တော်ကားသည် ၁၅ ပေမြင့်ပြီး နေရောင်ခြည်ကို စွမ်းအင်အဖြစ် အသုံးပြုရန် ရည်ရွယ်ထားသည်။ တစ်နာရီ ၃၇ မိုင်နှုန်းထိ မောင်းနှင်နိုင်မည့် အဆိုပါကားသည် တစ်ကြိမ်လျင် ခရီးသည် (၁၄၀၀)ထိ တင်ဆောင်နိုင်မည်ဟုဆိုသည်။ ယင်းအား ၁၃ ကြိမ်မြောက် ဘေဂျင်းနိုင်ငံတကာ အဆင့်မြင့် နည်းပညာ ပြပွဲတွင် ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်သည်။ ယင်းကားကို တည်ဆောက်ပါက ဒေါ်လာ ၄.၆ သန်းမျှ ကုန်ကျမည် ဖြစ်သော်လည်း မော်တော်ကားများ ဖြတ်သန်း သွားလာမည့် မြေအောက်လမ်းမျိုး ဆောက်လုပ်ခြင်း၏ တန်ဖိုး ၁၀ ရာခိုင်နှုန်းသာ ကျသင့်မည်ဖြစ်ကြောင်း အဆိုပါ အင်ဂျင်နီယာအဖွဲ့က ပြောကြားခဲ့သည်။

ရှန်ဇန်းဟွာရှိ၏ ဥက္ကဌဖြစ်သူ ဆွန်ယူဇိုက ဘတ်စ်ကားနားသို့ နီးနီးကပ်ကပ် ချဥ်းကပ်လာသည့် ယာဥ်များကို အချက်ပေးသံ ထုတ်လွှင့်ကာ သတိပေးသည့် စနစ်လည်း တပ်ဆင် ပေးထားမည်ဟုဆိုသည်။ ယင်းကားပေါ်တက်မည့် ခရီးသည်များအနေနှင့်မူ လေယာဥ်ပေါ်တက်ရာတွင် အသုံးပြုသည့် လှေခါးမျိုး လိုအပ်မည် ဖြစ်ကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here