​က​မ္ဘာ့​အ​သက်​အ​ကြီး​ဆုံး​ ​ကြင်​စဦး​​ ဇ​နီး​မောင်​နှံ

alt

ဗြိတိန်နိုင်ငံမှ လက်ထပ်ပြီးစ လင်မယား​ နှစ်ဦးသည် ကမ္ဘာပေါ်တွင် အသက်​ အကြီးဆုံး ကြင်စဦး ဇနီး​ မောင်နှံ ဖြစ်လာခဲ့ကြောင်း သိရသည်။ လန်ဒန်​ မြို့ရှိ အသက်ကြီးသူများ ထိန်းသိမ်း​ စောင့်ရှောက်ရေး

ဂေဟာ​ တစ်ခုမှ အသက် ၉၇ နှစ်​ အရွယ် ဟင်နရီကားနှင့် ၎င်းထက် ၁၀ နှစ်​ ငယ်သူ သတို့သမီး ဗယ်လာရီ ဘာကိုဝစ်တို့ ပြီးခဲ့သည့် သီတင်းပါတ်က လက်ထပ်ပွဲ ဆင်နွှဲစဥ် ၎င်းတို့​ နှစ်ဦးပေါင်း အသက်မှာ ၁၈၄ နှစ်ပင် ရှိနေပြီ​ ဖြစ်သည်။ ယင်းတို့​ နှစ်ဦးသည် တောင်အာဖရိကတွင် သိကျွမ်းခဲ့သည့် မိတ်ဆွေဟောင်းများ ဖြစ်ကြသည်။

ဇူလိုင်လ ၂၄ ရက်နေ့ မင်္ဂလာ အခမ်းအနားကို ၎င်းတို့လက်ရှိ နေထိုင်သည့် Golders Green သက်ကြီးစောင့်ရှောက်ရေး ဂေဟာမှ ဝန်ထမ်းများက စီစဥ်​ ကျင်းပ​ ပေးခဲ့ခြင်းဖြစ်သည်။ ယင်းတို့နှစ်ဦးလုံးသည် ယခင်က အိမ်ထောင်များ ရှိခဲ့ဖူးပြီး နှစ်ဦးလုံး၏ ကလေးများမှာ လက်ရှိတွင် အမေရိကန်သို့ ပြောင်းရွှေ့​ နေထိုင်လျက်ရှိသည်။ ဟင်နရီက ၎င်းသည် ဗယ်လာရီအား လက်ထပ်ခွင့် တောင်းခံစဥ်က စိတ်ပူ​ နေခဲ့သော်လည်း အမျိုးသမီးကြီးက ခေါင်းညှိတ်​ ခဲ့ကြောင်း ရှက်ကိုး​ ရှက်ကမ်း ပြောကြား​ သွားသည်။

ယင်းတို့နေထိုင်ရာ ဂေဟာမှ အုပ်ချုပ်ရေး တာဝန်ခံ ပင်မလာဒါးရော့စ်က မင်္ဂလပွဲ​ အတွက် စိတ်ချမ်းသာမိကြောင်း ပြောကြားခဲ့ပြီး အဖိုးအို အဖွားအို နှစ်ဦးတို့သည် ပျော်ရွှင်မှုကို မျှဝေ​ ခံစားနိုင်ရန် ဆုမွန်ကောင်း တောင်းပေးကြောင်း ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here