ပြည်ထောင်စုဒီမိုကရေစီပါတီ ဥက္ကဋ္ဌ စစ်​အ​စိုး​ရ​၏​ ​​ရွေး​​ကောက်​ပွဲ​​ကို ​ဝင်​ရောက်​​မည်​ ​မ​ဟုတ်

alt

၂၀၀၈ ဖွဲစည်းပုံ​ အခြေခံ ဥပဒေ​ အရ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲသည်​ ဒီမိုကရေစီ ပန်းတိုင်သို့​ ချီတက်ရာတွင် သမိုင်း စာမျက်နှာသစ် ဖွှင့်လှစ်၍ တဖြေးဖြေး ပိုမို ကောင်းမွန်သော

ဒီမိုကရေစီ နိုင်ငံတော်ကြီး တည်ဆောက်​ နိုင်လိမ့်မည်ဟု မျှော်လင့်ချက်ဖြင့် ၂၀၁၀ ရွေးကောက်ပွဲ နိုင်ငံရေး အခင်းအကျင်းတွင်​ ပါဝင်ရန်​ ရည်​ရွယ်ခဲ့​​ သော်​လည်း​​ ယခုအခါ ရွေးကောက်ပွဲ ကော်မရှင် ဆောင်ရွက်မှုများ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွ့ံဖြိုးရေး ပါတီ ​၏​ ရွေးကောက်ပွဲ အောင်နိုင်ရေး ကြိုးပမ်း​နေမှုများ၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ၏ ရွေးကောက်ပွဲ အကြိုကာလ လိုလားချက်များ​ ဖြစ်သော ပြည်သူလူထု တစ်ရပ်လုံး နိုင်ငံရေးတွင် ပါဝင်ခွင့်​ ရရှိရေး၊ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးနှင့်​ မြန်မာ့ နိုင်ငံရေးတွင် ပါဝင်ခွင့်​ ရရှိရေး၊ နိုင်ငံရေး အင်အားစုများကို လွတ်လပ်စွာ စည်းရုံး လှုပ်ရှား​ ခွင့်ပြုရေး၊ သတင်း​ မီဒီယာ လွတ်လပ်ခွင့်​ ရရှိရေး၊ လွတ်လပ် တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်ပေါ်ရေး စသည့် အချက်များ ပေါ်ထွန်းလာမှု တစ်စုံ​ တစ်ရာ မရှိခဲ့​သော​ကြောင့်​​ ၂၀၁၀ တွင် ကျင်းပမည့်​ ရွေးကောက်ပွဲ​ နိုင်ငံရေး​ အခင်းအကျင်းတွင် ဆက်လက် ပါဝင်​မည် မဟုတ်​ ပါကြောင်း​ ပြည်ထောင်စု ဒီမိုကရေစီပါတီ က​ ဒီ​က​နေ့​​ ​ဩ​ဂုတ်​လ​ ​၅​ ရက်​နေ့​စွဲ​ဖြင့်​​ ​ကြေညာ​ချက်​ထုတ်​​ ​ပြန်​လိုက်​ကြောင်း​သိ​ရ​သည်​။​​

အ​ဆို​ပါ​ ​ကြေ​ညာ​ချက်​တွင်​ ပြည်ထောင်စု ဒီမိုကရေစီပါတီ၏ ဥက္ကဋ္ဌ​ တာဝန်ကို​ ​ယူ​ထား​သ​ည့်​​ ဦး​ဖြိုးမင်းသိန်းသည်​လည်း​​ ​သူ​၏​ တာ​ဝန်​များ​ကို​ ဆက်လက် ဆောင်ရွက်မည်​ ​မ​ဟုတ်​ကြောင်း​​ လည်း​​ ရေး​သား​ပ​ါရှိ​သည်​။​ ပြည်ထောင်စု ဒီမိုကရေစီပါတီကို​ ​ရှမ်း​တိုင်း​ရင်း​သား​ ​နိုင်ငံ​ရေး​သ​မား​​ ​တဦး​​ဖြစ်​သည့်​​ ဦး​​ရွှေ​အုန်း​က​ ​န​ယ​က​၊​​ ဥ​က္ကဋ္ဌ​အ​ဖြစ်​ ဦး​​ဖြိုး​မင်း​သိန်း​က​ ​ဆောင်​ရွ​က်​လျှက်​ရှ​ိသည်​။​

​န​အ​ဖ​ ​အ​စိုး​ရ​ကျင်း​ပ​မည့်​​ ​ရွေး​​ကောက်​ပွဲ​ ဥ​ပ​ဒေ​များ​၊​​ ​ကြံ​ခိုင်​ရေး​နှင့်​ဖွံ​ဖြိုး​​ရေး​ပါ​တီ​ ​၏​ ​လုပ်​ကိုင်ဆောင်​ရွက်​ချက်များ​​ အ​ပါ​အ​ဝင်​ ​ပြည်​တွင်း​​ မှတ်​ပုံ​တင်​ထား​သည့်​​ ​နိုင်ငံ​ရေး​ပါ​တီ​များ​​၏​ ​အ​ခြေ​​ အ​နေ​များ​​​​၊​​​​ ရပ်​တည်​ချက်​များ​​ အ​ခက်​အ​ခဲ​များ​ကို​​​ ပ​ထ​မ​ဆုံး​​ မီ​ဒီ​ယာ​များ​ကို​ ​ဝေ​ဖန်​ပြော​ဆို​ ​ထောက်​ပြ​ခဲ့​သည့်​​​​ ပါ​တီ​များ​တွင်​ ​ပါ​ဝင်​ခဲ့​​ပြီး​​ ​၂၀၁၀​ ​တွင်​ ​ကျင်း​​ပ​မည့်​​ ​စစ်​အ​စိုး​၏​​ ရွေး​​ကောက်​ပွဲ​အား​ ​​​​ပါ​ဝင်​​ ယှဥ်​ပြိုင်​တော့​မည့်​​​​ မ​ဟုတ်​ဟု​​​ဆို​ကာ ပ​ထ​ဆုံး​​ ဥက္ကဋ္ဌ​ နုတ်ထွက်​ခဲ့​သည့်​​​​ နိုင်ငံ​ရေး​ပါ​တီ​​ အ​ဖြစ်​လည်း​ ​မှတ်​တမ်း​ဝင်​ခဲ​ပြီ​ ​ဖြစ်​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here