Mozilla​ ​၏​ ​ေ​ဈး​ကွက်​ဝေ​စု​ ​သိ​သိ​သာ​သာ​ ​ကျ​ဆင်း

alt

ပြီးခဲ့သည့်နှစ်က အင်တာနက် Browser​ လောကတွင် ကျဆင်းမှုများ ကြံုခဲ့သည့် Microsoft​ ၏ Internet Explorer၏ ကံကြမ္မာမျိုး Firefox​ လည်း ကြံုတွေ့နေရသည်။

Mozilla​ မှ ထုတ်လုပ်သည့် Browser​ သည် ဈေးကွက်​ ဝေစု သိသိသာသာ ကျဆင်းသွားကြောင်း သိရသည်။ Internet Explorer​ သည် ဇွန်လ​ အတွင်း ဈေးကွက်​ ဝေစု ၅၉.၇၅ ရာခိုင်နှုန်းသာ ရှိခဲ့သော်လည်း ဇွန်လတွင်မူ ၆၀.၃၂ ရာခိုင်နှုန်းထိ ပြန်တက်​ လာခဲ့သည်။ Browser​ ဈေးကွက်တွင် Internet Explorer​ နောက် ဒုတိယ လူသုံး​ အများဆုံး​ အဖြစ် ရပ်တည်နေသည့် Firefox​ မှာမူ အစဥ်သဖြင့် ဈေးကွက်ဝေစု ၂၄ ရာခိုင်နှုန်း​ အထက် ရှိနေသော်လည်း ဇွန်လ​ ကုန်တွင် ၂၃.၈၁ ရာခိုင်နှုန်းထိ ကျဆင်း​ ခဲ့သည်။ ဇူလိုင်လတွင်မူ ၂၂.၉၁ ရာခိုင်နှုန်းသာ ရှိတော့သည်။ ယင်းသို့​ ဖြစ်ရခြင်း၏ အကြောင်းရင်းကို ရှင်းရှင်း​ လင်းလင်း မသိရသေးချေ။

Internet Explorer​ သည် Privacy​ နှင့် လုံခြံုရေး ယိုပေါက်များ ရှိနေကြောင်း သတင်းများက ဖော်ပြ​ နေသည့်တိုင် သုံးစွဲသူ အရေအတွက် တိုးပွားလာပြီး Firefox​ ကမူ ကျရိပ်ပြ​ လာခဲ့ခြင်း​ ဖြစ်သည်။ သို့သော်လည်း ပျမ်းမျှ အနေအထားနှင့် ယှဥ်ပါက Internet Explorer​ သည် ဈေးကွက်​ ဝေစု ၅ ရာခိုင်နှုန်းကို လက်လွှတ်​ ဆုံးရှံုး​ ခဲ့ရခြင်း​ ဖြစ်ပြီး Mozilla​ ၏ ရာခိုင်နှုန်း ကျဆင်းမှုမှာ ၀.၈၄ သာ ရှိနေသည်။ အားရစရာ အကောင်းဆုံး အခြေအနေကို ပိုင်ဆိုင်​ ထားသည်မှာ Google​ ၏ Chrome​ ဖြစ်ပြီး ၂၀၀၉ ခုနှစ် စက်တင်ဘာလက စတင်​ ဖြန့်ချီ​ ချိန်တွင် သုံးစွဲသူ ၃.၁၆ ရာခိုင်နှုန်းသာ ရှိခဲ့သော်လည်း ယခုအခါ ရ.၁၆ ရာခိုင်နှုန်းဖြင့် Browser​ ဈေးကွက်တွင် တတိယ​ လိုက်နေသည်။

လေ့လာသူ အများစုက စနစ်နှင့် တည်ဆောက်ပုံ​ အရ Firefox​ သည် Internet Explorer​ ထက် သာလွန်သော်လည်း Microsoft​ က ၎င်း၏ လူသုံး​ အများဆုံး Operating System​ ဖြစ်သည့် Windows 7​ တွင် Internet Explorer​ အား Built-in ထည့်သွင်း​ ပေးထား​ နိုင်ခြင်းက လူသုံး​ အများဆုံး Browser​ အဖြစ် ဆက်လက်​ ရပ်တည်နိုင်သည့် အကြောင်းရင်း​ တစ်ခု ဖြစ်နိုင်ကြောင်း သုံးသပ်​ ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here