ပြိုင်​ဘက်​ကို​ ဓား​ဖြင့်​ထိုး​မည်​ဟု​ ​ခြိမ်း​ခြောက်​သည့်​ Rugby​ ​က​စား​သ​မား

alt

Rugby​ ကစားသမား တစ်ဦးသည် ပြိုင်ဖက်အား ဓားဖြင့်​ ထိုးမည်ဟု ခြိမ်းခြောက်​ ခဲ့ကြောင်း သိရသည်။ ဩစတြေးလျ​ နိုင်ငံ၊ ဗစ်တိုးရီးယားရှိ ရှုံးထွက် Rugby​ ပွဲစဥ် တစ်ခုတွင် ယင်း​ ကစားသမားက ဓားကို​ ထုတ်ယူ​ ခဲ့ခြင်းဟု သိရသည်။

Chaffey Titans​ အသင်းမှ အသက် ၂၆ နှစ်အရွယ် အဆိုပါ ကစားသမားအား အသင်းဖော်များက ဝိုင်းဝန်းဖြောင့်ဖြခဲ့ပြီး နည်းပြက ဓားကို​ သိမ်းလိုက်​ ရကြောင်း သိရသည်။ ဇူလိုင်လ ၃၁ ရက်နေ့က Sunraysia Rugby​ ပြိုင်ပွဲ အကြိုဗိုလ်လုပွဲတွင် ယခုလို လက်နက်ကိုင် ရမ်းကားခဲ့သည့် ကစားသမားမှာ တစ်သက်တာ​ ပွဲပယ် ပြစ်ဒဏ်နှင့် ရင်ဆိုင်နေရသည်။

ယင်းကစားသမားသည် ပြိုင်ဖက်အား မကျေမနပ်ဖြစ်ကာ ကွင်းထဲမှ ထွက်ခွာပြီး ကားထဲမှဓားကို သွားယူလာခြင်းဟု သိရသည်။ ယင်းဖြစ်စဥ်ကြောင့် ဒိုင်က ပွဲကိုရပ်နားက ပြိုင်ဖက်အသင်းဖြစ်သည့် Mildura Tigers​ ကို အနိုင်ပေးလိုက်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here