​ဘ​ရစ်​တ​နီ​စ​ပီး​ယား​ ​အယ်​ဘမ်​သစ်​ ​မ​ကြာ​မီ​​ ထွက်​မည်

alt

Popအဆိုတော် ဘရစ်တနီစပီးယား၏ အယ်ဘမ်သစ် မကြာမီ ထွက်ပေါ်လာနိုင်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ယခင်က အသက် ၂၈ နှစ်အရွယ် ဘရစ်တနီ​ အနေနှင့် ယခုနှစ် နွေရာသီတွင် အယ်ဘမ်သစ် ဖြန့်ချီ​ မည်ဟု

ကောလဟာလများ ထွက်ပေါ်​ နေခဲ့သော်လည်း သူမနှင့် လက်တွဲ​ လုပ်ဆောင်နေသည့် ပရိုဂျူဆာ ရော့ဒနီဂျာကင်းက ဘရစ်တနီ၏ ပရိသတ်များ ကျေနပ်​ ပျော်ရွှင်ရဖွယ် ရှိနေကြောင်း AceShowbiz.com​ သို့ ပြောကြား​ ခဲ့ပြီးနောက် အယ်ဘမ်သစ်နှင့် ပတ်သက်သော ခန့်မှန်း​ သတင်းများ ထွက်ပေါ်​ လာခြင်း​ ဖြစ်သည်။

ဘရစ်တနီနှင့် အလုပ်​ တွဲလုပ်​ နေသည့် ဂီမီမောကလည်း ဘရစ်တနီသည် မကြာမီအတွင်း အယ်ဘမ်သစ်ကို ထုတ်ဝေ​ သွားနိုင်ကြောင်း အရိပ်အမြွက် ပြောဆိုသွားသည်။

ဘရစ်တနီသည် သူမ၏ နောက်ဆုံး​ အယ်ဘမ်ကို ၂၀၀၈ ခုနှစ်က ထုတ်ဝေ​ ခဲ့ခြင်း​ ဖြစ်ပြီး အဆိုပါ Circus​ အယ်ဘမ်တွင် သူမ၏ နာမည်ကျော် သီချင်းများဖြစ်သည့် Womanizer၊ If U Seek Amy​ နှင့် ခေါင်းစဥ်သီချင်း Cirus​ တို့ ပါဝင်​ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here