မိ​မိ​ထက်​အ​သက်​​ ရ၀​ ငယ်​သော​ ​ခင်​ပွန်း​ကို​ ​ထိန်း​သိမ်း​ထား​ရန်​ ​လျှို့​ဝှက်​ဆန်း​ကြယ်​ ​အ​နှိပ်​ပ​ညာ​သုံး​သည့်​ ​အ​ဖွား​အို

alt

မိ​မိ​ထက်​ ​အ​သက်​ ​၇၀​ ငယ်​သော​ ​ခင်​ပွန်း​ကို​ ​ထိန်း​သိမ်း​ထား​ရန်​အ​တွက်​ ​လျှို့​ဝှက်​ဆန်း​ကြယ်​သော​ ​ရှေး​ဟောင်း​အ​နှိပ်​ပ​ညာ​ ​တစ်​မျိုး​ကို​ ​အ​သုံး​ပြု​နေ​ကြောင်း​ ​မ​လေး​ရှား​မှ​ ​အ​သက်​ရာ​ကျော်​ ​အ​ဖွား​အို​တစ်ဦး​က​ ​ဝန်​ခံ​ပြော​ကြား​ခဲ့​သည်​။​

​အ​သက်​ ​၁၀၈​ ​နှစ်​ ​ရှိ​နေ​ပြီ​ဖြစ်​သည့်​ ​အ​ဖွား​အို​ ​ဝု​ကွန်​ဒေါ်​သည်​ ​သူ​မ​၏​ ​၂၃​ ​ယောက်​မြောက်​ ​ခင်​ပွန်း​ဖြစ်​သူ​ ​၃၈​ ​နှစ်​အ​ရွယ်​ ​မွန်​နော်​ချီ​မူ​ဆာ​အား​ ​ယင်း​အ​နှိပ်​ပ​ညာ​ဖြင့်​ ​ဖမ်း​စား​ထား​ခြင်း​ဖြစ်​သည်​။​ ​သူ​မ​က​ ​မူ​ဆာ​သည်​ ​အ​ခြား​သော​ ​မိန်း​က​လေး​များ​အ​ကြောင်း​ ​ပြော​ဆို​သည်​နှင့်​ ​ယင်း​နှိပ်​နည်း​ဖြင့်​ ​နှိပ်​နယ်​ပေး​လိုက်​ရာ​ ​သူ​မ​ထံ​တွင်​သာ​ ​ကော်​နှင့်​ကပ်​ထား​သ​လို​ ​မြဲ​မြံ​နေ​စေ​ခဲ့​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။

​ ​မူ​ဆာ​မ​တိုင်​မီ​ ​ခင်​ပွန်း​သည်​ ​၂၂​ ဦး​စ​လုံး​သည်​လည်း​ ​ထို​အ​နှိပ်​ပ​ညာ​ကြောင့်​ပင်​ ​ကွန်​ဒေါ်​အား​ ၎င်း​တို့​သေ​ဆုံးသည်​အ​ထိ​ ​သ​စ္စာ​ရှိ​ရှိ​ ​ပေါင်း​ဖော်​သွား​ကြောင်း​ ​အ​ဖွား​အို​က​ဆို​သည်​။​ ​ယင်း​နှိပ်​နည်း​အ​တွက်​ ​တစ်​နာ​ရီ​မျှ​ ​အ​ချိန်​ယူ​ရ​ကြောင်း​၊​ ​ထို​သို့အ​နှိပ်​ခံ​ရ​ခြင်း​က​ ​လင်​နှင့်​မ​ယား​ကြား​ ​သံ​ယော​ဇဥ်​ ​ယှက်​နွယ်​မှု​ကို​ ​အား​ကောင်း​ခိုင်​မာ​သွား​စေ​ကြောင်း​ ​ကွန်​ဒေါ်​က​ ​ရှင်း​ပြ​ခဲ့​သည်​။​ ​သူ​မ​က​ ​အ​ဖိုး​တန်​ ​နှိပ်​နည်း​အား​ ​ဖြန့်​ဝေ​သင်​ကြား​ပေး​ရန်​ ​ငြင်း​ဆန်​ခဲ့​သော်​လည်း​ ​ထို​နှိပ်​နည်း​သည်​ လူ​တစ်ဦး​၏​ ​ခ​န္ဓာ​ကိုယ်​ရှိ​ ​အာ​ရုံ​ခံ​ရာ​တွင်​ ​အား​ကောင်း​သော​ ​အ​စိတ်​အ​ပိုင်း​များ​ကို​ ​အ​ဓိ​က​ ​ပစ်​မှတ်​ထား​ ​နှိုး​ဆွ​ကိုင်​တွယ်​ရ​ကြောင်း​ ​အ​ရိပ်​အ​မြွက်​ ​ပြော​ကြား​ခဲ့​သည်​။​ အ​သက်​အ​ရွယ်​ ​အို​မင်း​လာ​ချိန်​တွင်​ ​အိမ်​ထောင်​ရေး​ ​အ​ဆင်​မ​ပြေ​သည့်​ ​အိမ်​နီး​ချင်း​များ​ကို​ ​သူ​မ​အ​နေ​နှင့်​ ​အ​တော်​များ​များ​ ​တွေ့​ခဲ့​ဖူး​ကြောင်း​၊​ ​ထို​သို့​သော​ ​ကိ​စ္စ​မျိုး​ကို​ ​လုံး​ဝ​စိတ်​မ​ပူ​မိ​ကြောင်း​ ​ကွန်​ဒေါ်​က​ဆို​သည်​။​

​ကွာ​လာ​ဘာ​ရမ်​တွင်​ ​ခင်​ပွန်း​နှင့်​အ​တူ​ ​နေ​ထိုင်​သည့်​ ​ ကွန်​ဒေါ်​က​ ​သူ​မ​သည်​ ​မိ​မိ​ကိုယ်​ကိုယ်​ ​သန့်​ရှင်း​အောင်​ ​အ​မြဲ​ဂ​ရု​စိုက်​ပြီး​ ​နေ့​စဥ်​ပြု​မြဲ​ဖြစ်​သည့်​ ​ဝတ်​ပြု​ဆု​တောင်း​မှု​များ​ကို​ ​မ​ပြတ်​မ​ကွက်​ ​ဆောင်​ရွက်​ခြင်း​က​လည်း​ ​အိမ်​ထောင်​ရေး​တွင်​ ​ကံ​ကောင်း​စေ​ရန်​ ​အ​ထောက်​အ​ကူ​ပြု​သည်​ဟု​ ​ယုံ​ကြည်​မိ​ကြောင်း​ ​ပြော​ကြား​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here