​ပါက​စ္စ​တန်​ရေ​ကြီး​မှု​ ကယ်​ဆယ်​ရေး​လုပ်ငန်း​များ​ ​လုပ်​ကိုင်​ရန်​ခက်​ခဲ​နေ

alt

ပါ​က​စ္စ​တန်​ရှိ​ ​ကယ်​ဆယ်​ရေး​ ​တပ်​ဖွဲ့​များ​က​ ​နိုင်ငံ​အ​နောက်​မြောက်​ပိုင်း​ ​ဒေ​သ​များ​တွင်​ ​သ​မိုင်း​တ​လျှောက်​ ​နှစ်​ပေါင်း​ ​၈၀​ ​ကျော်​အ​တွင်း​ ​အ​ဆိုး​ရွား​ဆုံး​ ​ဖြစ်​ပေါ်​နေ​သည့်​ ​ရေကြီး​မှု​များ​အ​တွင်း​ ​လုပ်ငန်း​များ​ ​ဆောင်​ရွက်​ရန်​ ​ခက်​ခဲ​နေ​ကြောင်း​ ​၀န်​ခံ​ပြော​ကြား​ခဲ့​သည်​။​

​ရေ​ကြီး​မှု​များ​အ​တွင်း​ ​လူ​ပေါင်း​ ​၁၁၀၀​ ​ကျော်​မျှ​ ​သေ​ဆုံး​ခဲ့​ပြီး​ဖြစ်​ကာ​ ​၂၇၀၀၀​ ​ကျော်​မှာ​ ​ရေ​လွှမ်း​မိုး​ရာ​ ​ဒေ​သ​များ​တွင်​ ​ပိတ်​မိ​နေ​သည်​။​ ​လူ​ပေါင်း​ ​၁.​၅​ ​သန်း​ကျော်​သည်​ ​ဆိုး​ရွား​လှ​သည့်​ ​သ​ဘာ​ဝ ​ဘေး​ဆိုး​ကြီး​ကြောင့်​ ​အ​ကူ​အ​ညီ​များ​ ​လို​အပ်​လျက်​ရှိ​သည်​။​

​အာ​ဖ​ဂန်​န​စ္စ​တန်​နှင့်​ ​နယ်​နိ​မိတ်​ချင်း​ ​ထိ​စပ်​နေ​ပြီး​ ​တာ​လီ​ဘန်​နှင့်​ ​အယ်​ကိုင်​ဒါ​ ​အ​ကြမ်း​ဖက်​သ​မား​များ​၏​ ​ခြိမ်း​ခြောက်​မှု​များ​ကို​ ​ခံ​နေ​ရ​သည့်​ ​ဆွက်​တောင်​ကြား​နှင့်​ ​ပတ်​ဝန်း​ကျင်​ ​ဒေ​သ​များ​တွင်​ ​ဖြစ်​ပေါ်​နေ​သည့်​ ​ရေ​ကြီး​မှု​များ​အ​တွက်​ ​ကု​လ​သ​မ​ဂ္ဂ​၊​ ​တ​ရုတ်​နှင့်​ ​အ​မေ​ရိကန်​တို့​သည်​ ​ထောက်​ပံ့​ရေး​ ​ပ​စ္စည်း​များ​၊​ ​ကယ်​ဆယ်​ရေး​ ​ဝန်​ဆောင်​မှု​များ​ကို​ ​ပို့​ဆောင်​ပေး​ခဲ့​သည်​။​ ​ပါ​က​စ္စ​တန်​ ​အ​စိုး​ရ​က​ ​စစ်​သုံး​ရ​ဟတ်​ယာဥ်​ ၄၀​ ​ကျော်​နှင့်​ ​တပ်​သား​ ​၃၀၀၀၀​ ​ကျော်​တို့​ကို​ ​ကယ်​ဆယ်​ရေး​ ​ကဏ္ဍ​တွင်​ ​ပူး​ပေါင်း​ဆောင်​ရွက်​စေ​ခဲ့​ကြောင်း​ ​ပြော​ဆို​ထား​သည်​။​ ယ​ခု​အခါ​ ​နိုင်ငံ​၏​ ​တောင်​မြောက်​ကို​ ​ဆက်​သွယ်​ပေး​ထား​သည့်​ ​အ​ဓိ​က​ ​လမ်း​မ​ကြီး​ ​၏​ ​အ​စိတ်​အ​ပိုင်း​ ​အ​တော်​များ​များ​ကို​ ​ပြန်​လည်​ဖွင့်​လှစ်​ပေး​နိုင်​ခဲ့​ပြီ​ ​ဖြစ်​သော​ကြောင့်​ ​ကယ်​ဆယ်​ရေး​ ​လုပ်ငန်း​များ​ ​ပို​မို​မြန်​ဆန်​စွာ​ ​ဆောင်​ရွက်​လာ​နိုင်ရန်​ ​မျှော်​လင့်​လျက်​ရှိ​သည်​။​

​ယ​ခု​အ​ခါ​ ​သေ​ဆုံး​သူ​များ​နှင့်​ ​ပျောက်​ဆုံး​နေ​သူ​များ​၏​ ​သ​တင်း​အ​ချက်​အ​လက်​များ​ကို​ ​စု​ဆောင်း​နေ​ကြောင်း​ ​ကယ်​ဆယ်​ရေး​တပ်​ဖွဲ့ဝင်​ ​မီ​ယန်​အစ်​ဖ​ခါ​ဟူ​စိန်​က​ ​ပြော​ကြား​ခဲ့​သည်​။​ ​အ​သက်​ ​၅၃​ ​နှစ်​အ​ရွယ်​ ​ရေ​ဘေး​ဒု​က္ခ​သည်​ ​အီ​ဂျက်ခန်း​က​ ​အ​စိုး​ရ​ထံ​မှ​ ​တ​စုံ​တ​ရာ​ ​အ​ကူအ​ညီ​မ​ရ​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​ ​ပီ​ဆာ​ဝါ​မြို့​တွင်​လည်း​ ​အ​စိုး​ရ​၏​ ​လုပ်​ဆောင်​ချက်​များ​အ​ပေါ်​ ​မ​ကျေ​နပ်​သည့်​ ​ရာ​နှင့်​ချီ​သော​ ​ဒု​က္ခ​သည်​များ​က​ ဆ​န္ဒ​ပြ​ခဲ့​သေး​​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here