ကယ်​ဆီ​ယမ်​ပါ​သည့်​ ​ဆေး​ဝါး​များ​ ​ပုံ​မှန်​ မှီ​ဝဲ​သည့်​ ​အ​မျိုး​သ​မီး​များ​ ​နှ​လုံး​ ရော​ဂါ ​ဖြစ်​နိုင်​ခြေ​များ

alt

အ​ရိုး​များ​ ​ကြံ့​ခိုင်​သန်​မာ​စေ​ရန်​ ​ကယ်​ဆီ​ယမ်​ပါ​သည့်​ ​ဆေး​ဝါး​များ​ကို​ ​ပုံ​မှန်​မှီ​ဝဲ​နေ​သည့်​ ​အ​မျိုး​သ​မီး​များ​သည်​ ​နှ​လုံး​ဖောက်​ပြန်​မှု​ ​ဝေ​ဒ​နာ​နှင့်​ ​ကြံု​တွေ့​ရန်​ ​သာ​မန်​ထ​က်​ ​၃၀​ ​ရာ​ခိုင်​နှုန်း​မျှ​ ​ပို​မို​နီး​စပ်​ကြောင်း​ ​သု​တေ​သီ​များ​က​ ​သ​တိ​ပေး​ ​ပြော​ကြား​လိုက်​သည်​။​

​လေ့​လာ​မှု​ ​သု​တေ​သ​န​လုပ်ငန်း​ ​၁၁​ ​ခု​ကို​ ​သုံး​သပ်​ထား​သည့်​ ​ဖော်​ပြ​ချက်​အ​ရ​ ​ကယ်​ဆီ​ယမ်​ဓာတ်​ ​အ​လွန်​အ​ကျွံ​ ​သုံး​စွဲ​နေ​ခြင်းသည်​ ​ကောင်း​ကျိုး​ထက်​ ​ဆိုး​ကျိုး​ကို​ ​ဖြစ်​စေ​နိုင်​ကြောင်း​ ​သိ​ရ​သည်​။​ ​ကယ်​ဆီ​ယမ်​ ​ချို့​တဲ့​ခြင်း​ကြောင့်​ ​အ​ရိုး​ပွ​ ​ကြွတ်​ဆတ်​ရာ​မှ​ ​အ​ရိုး​ကျိုးပြီး​ နှစ်စဥ်​လူ​ပေါင်း​ထောင်​နှင့်​ချီ​ ​သေ​ဆုံး​နေ​သော်​လည်း​ ​အ​လွန်​အ​ကျွံ​ ​မ​ဖြစ်​စေ​ရန်​မူ​ ​ဂ​ရု​ပြု​သင့်​ကြောင်း​ ​သု​တေ​သီ​များ​က​ဆို​သည်​။​ ​လူ​ပေါင်း​ ​၁၂၀၀၀​ ​မျှ​ကို​ ​လေ့​လာ​ခဲ့​သည့်​ ​စစ်​တမ်း​များ​က​ ​ကယ်​ဆီ​ယမ်​ ​ဆေး​ဝါး​များ​ကို​ ​အ​လွန်​အ​ကျွံ​ ​သုံး​စွဲ​ပါ​က​ ​နှ​လုံး​တိုက်​ခိုက်​မှု​ ​ဖြစ်​ပေါ်​လာ​နိုင်​ခြေ​ ​မြင့်​တက်​လာ​နိုင်​ကြောင်း​ ​စစ်​ဆေး​တွေ့​ရှိ​ခဲ့​သည်​။​ ​ကယ်​ဆီ​ယမ်​ ​ဆေး​ဝါး​များ​ကို​ ​၅​ ​နှစ်​ကြာ​ ​စွဲ​မြဲ​စွာ​ ​မှီ​ဝဲ​ခဲ့​သူ​ ​၁၀၀၀​ ​အ​နက်​ ​နှ​လုံး​တိုက်​ခိုက်​မှု​ ​၁၄​ ​ခု​၊​ ​လေ​ဖြတ်​မှု​ ​၁၀​ ​ခု​နှင့်​ ​သေ​ဆုံး​မှု​ ​၁၃​ ​ခု​ရှိ​ခဲ့​ပြီး​ အ​ရိုး​ကျိုး​မှု​ကို​ ​ကာ​ကွယ်​နိုင်​သည့်​ ​အ​ခြေ​အ​နေ​မှာ​ ​၂၆​ ​ခု​ထိ​ ​ရှိ​နေ​ကြောင်း​ ​န​ယူး​ဇီ​လန်​နိုင်ငံ​ရှိ​ ​အ​ဘာ​ဒင်း​နှင့်​ ​အုက်​က​လန်​ ​တ​က္က​သိုလ်​များ​မှ​ ​ပူး​ပေါင်း​လေ့​လာ​သည့်​ ​စစ်​တမ်း​က​ ​ဖော်​ပြ​ခဲ့​သည်​။​

သု​တေ​သီ​များ​က​ ​ကယ်​ဆီ​ယမ်​သည်​ ​နှ​လုံး​ရုတ်​တ​ရက်​ ​ဖောက်​ပြန်​မှု​ကို​ ​ဖြစ်​ပေါ်​စေ​သည့်​ ​အ​ကြောင်း​အ​ရင်း​တစ်​ရပ်​ဖြစ်​သော​ ​သွေး​ကြော​များ​အ​တွင်း​ ​သွေး​ဖိ​အား​ ​မြင့်​တက်​လာ​ခြင်း​ကို​ ​ဖြစ်​ပေါ်​စေ​သည်​ဟု​ ​ယူ​ဆ​လျက်​ရှိ​သည်​။​ ​သု​တေ​သီ​များ​က​ ​ကယ်​ဆီ​ယမ်​ ​ဆေး​ဝါး​များ​ကို​ ​မှီ​ဝဲ​နေ​သူ​များ​သည်​ ​ဗီ​တာ​မင်​ D​ ​ဓာတ်​ကို​လည်း​ ​ဖြည့်​တင်း​ပေး​သင့်​ကြောင်း​ ​အ​ကြံ​ပြု​ခဲ့​သည်​။​ ဗီ​တာ​မင်​ D​ ​သည်​ ​သွေး​အ​တွင်း​ရှိ​ ​ကယ်​ဆီ​ယမ်​ ​ပ​မာ​ဏ​ကို​ ​ထိန်း​ညှိ​ပေး​နိုင်​သည့်​ ​စွမ်း​ရည်​သ​တ္တိ​မျိုး​ရှိ​နေ​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here