က​မ္ဘာ​ကျော်​ဖော်​မြူ​လာဝမ်း​ ကား​မောင်း​ ချန်​ပီ​ယံ​ ​မိုက်​ကယ်​ ရှူ​မေ​ကာ​​​ ​ပြစ်​ဒဏ်​ချ​မှတ်​ခံ ​ခဲ့​ရ

alt

ပြိုင်​ဖက်​အ​ပေါ်​ ​မ​ရိုး​မ​သား​ ​ပြု​လုပ်​မှု​ကြောင့်​ ​က​မ္ဘာ​ကျော်​ ​ဖော်​မြူ​လာ​ဝမ်း​ ​ကား​မောင်း​ချန်​ပီ​ယံ​ဟောင်း​ ​မိုက်​ကယ်​ရှူ​မေ​ကာ​မှာ​ ​ပြစ်​ဒဏ်​ချ​မှတ်​ခံ​ခဲ့​ရ​ကြောင်း​ ​သိ​ရ​သည်​။

​ ပြီး​ခဲ့​သည့်​လ​က​ ​ဟန်​ဂေ​ရီ​ ​ကား​မောင်း​ပြိုင်​ပွဲ​တွင်​ ​ရူ​ဘင်​ဘာ​ရီ​ခယ်​လို​ ​မောင်း​နှင်​သည့်​ကား​အား​ ​ရည်​ရွယ်​ချက်​ရှိ​ရှိ​ ​ပိတ်​ဆို့​မောင်း​နှင်​ခဲ့​သည့်​ ​ဂျာ​မန်​ကား​မောင်း​သ​မား​ ​ရှူ​မေ​ကာ​သည်​ ဩ​ဂုတ်​လ​ ​၁​ ​ရက်​နေ့​ ​ဘယ်​ဂျီ​ယမ်​ ​ဂ​ရင်း​ပ​ရီ​တွင်​ ​၁၀​ ​နေ​ရာ​ ​နောက်​ဆုတ်​ပြီး​ ​တာ​ထွက်​ခဲ့​ရ​သည်​။ ​အ​နား​ယူ​နေ​ရာ​မှ​ ​မာ​စီ​ဒီး​အ​သင်း​၏​ ​ကမ်း​လှမ်း​မှု​ကြောင့်​ ​ပြေး​လမ်း​ပေါ်​ ​ပြန်​လည်​ရောက်​ရှိ​လာ​သည့်​ ​က​မ္ဘာ့​ချန်​ပီ​ယံ​ ​၇​ ​ကြိမ်​ရ​ဖူး​သူ​ ​ရှူ​မေ​ကာ​၏​ ​လုပ်​ရပ်​သည်​ ​ပြိုင်​ပွဲဥ​ပ​ဒေ​နှင့်​ ​ဆန့်​ကျင်​နေ​ကြောင်း​ ​ဖော်​မြူ​လာ​ဝမ်း​ ​စုံ​စမ်း​စစ်​ဆေး​ရေး​ ​ကော်​မ​တီ​က​ ​ဆုံး​ဖြတ်​ခဲ့​သည်​။​ ​ဟန်​ဂေ​ရီ​ ​ဂ​ရင်း​ပ​ရီ​တွင်​ ​ဘာ​ရီ​ခယ်​လို​နှင့်​ ​ရှူ​မေ​ကာ​တို့​မှာ​ ​နံ​ပါတ်​ ​၁၀​ ​နေ​ရာ​ကို​ ​အ​သည်း​အ​သန် ယှဥ်​လု​ရင်း​ ​ရှူ​မေ​ကာ​က​ ​ဘာ​ရီ​ခယ်​လို​၏​ ​ပြိုင်​ကား​အား​ ​ကွန်​က​ရိ​နံ​ရံ​ ​တစ်​ခု​သို့​ ဝင်​တိုက်​မိ​အောင်​ ​ရည်​ရွယ်​ချက်​ရှိ​ရှိ​ ​လှည့်​စား​ခဲ့​ကြောင်း​ ​စွပ်​စွဲ​ခံ​ခဲ့​ရ​သည်​။​ ဘာ​ရီ​ခယ်​လို​က​ ​မိ​မိ​အ​နေ​နှင့်​ ​ပြိုင်​ပွဲ​တွင်​ ​ရိုး​ရိုး​သား​သား​ ​ယှဥ်​ပြိုင်​ခဲ့​ကြောင်း​၊​ ​ယ​ခု​လို​ ​အ​ခြေ​အ​နေ​မျိုး​ကို​ ​မ​မျှော်​လင့်​မိ​ခဲ့​ကြောင်း​ ​ပြော​ကြား​သွား​သည်​။​

​မာ​စီ​ဒီး​အ​သင်း​ပိုင်​ရှင်​ ​ရော့စ်​ဘ​ရွန်း​က​ ​ပြစ်​ဒဏ်​ကို​ ​လက်​ခံ​ကြောင်း​နှင့်​ ​တ​စုံ​တ​ရာ​ ​စော​ဒ​က​တက်​ရန်​ ​မ​ရှိ​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​ ​ရှူ​မေ​ကာ​သည်​ ​ဟန်​ဂေ​ရီ​ပြိုင်​ပွဲ​တွင်​ ​နံ​ပါ​တ်​ ​၁၄​ ​နေ​ရာ​မှ​ ​တာ​ထွက်​ခဲ့​ရ​ပြီး​ ၎င်း​၏​ ​ပြိုင်​ကား​မောင်း​ ​သက်​တမ်း​တ​လျှောက်​ ​ဒု​တိ​ယ​အ​ဆိုး​ဆုံး​ ​တာ​ထွက်​နေ​ရာ​လည်း​ဖြစ်​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here