ဂေါက်​ကွင်း​အ​တွင်း​ ဝက်​ဝံ ဝင်​ရောက်​ သွား​လာ​နေ​ သ​ဖြင့်​ ​န​ယူး​ဂျာ​စီ​ ​ရဲ​တပ်​ဖွဲ့​အ​လုပ်​များ

alt

အမေရိကန်နိုင်ငံ၊ နယူးဂျာစီမှ ရဲတပ်ဖွဲ့များသည် ဒေသတွင်း ဂေါက်ကွင်း တစ်ခု အနီးမှ ဝက်ဝံ တစ်ကောင်ကို လိုက်လံ ရှာဖွေ နေရကြောင်း သိရသည်။

နစ်ကာဘော့ကာ ဂေါက် ကလပ် အနီး ငယ်ရွယ် သန်မာသည့် ဝက်ဝံနက် တစ်ကောင် လှည့်လည် သွားလာ နေကြောင်း မျက်မြင်များက တွေ့ရှိ ခဲ့ပြီးနောက် ရဲများမှာ ယခုလို အလုပ်များ နေခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့မှ ဗိုလ်ကြီး သောမတ် ယွန်ကီက ဩဂုတ်လ ၁ ရက်နေ့က ဂေါက်ကွင်းများ အနီး နယ်နိမိတ် အဖြစ် ပြုလုပ် ထားသည့် စမ်းချောင်းတုလေး အနီး လမ်းလျှောက် သွားလာ နေသည့် ဝက်ဝံ အထီးအား တွေ့ရှိခဲ့ကြောင်း ပြောကြား သွားသည်။ ရဲများသည် အဆိုပါ နေရာတွင် လုံခြံုရေးကို တိုးမြှင့် ထားပြီး ဝက်ဝံက တိုက်ခိုက်မှုများ ပြုလုပ် လာနိုင်ခြင်း အတွက် ကြိုတင် ပြင်ဆင် ထားသည်။ သို့သော်လည်း တောနက်ထဲမှ မျက်စိလည်ကာ ဂေါက်ကွင်းသို့ ရောက်လာသည့် ဝက်ဝံသည် လာရာလမ်းအတိုင်း ပြန်သွားမည်ဟု မျှော်လင့်မိကြောင်း ယွန်ကီကဆိုသည်။

သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးဌာနမှ ဝန်ထမ်းများက ယင်းဝက်ဝံသည် ဒေသ၏ အနောက်မြောက်ပိုင်း တောနက်များမှ လမ်းမှားပြီး ရောက်လာခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့သည်။ ထိုနေရာတွင် အလားတူ ဝက်ဝံနက် အများအပြားတွေ့ရလေ့ရှိသည်။ ဝက်ဝံအား နေ့လယ်ပိုင်းတွင် တွေ့ရှိခဲ့ပြီးနောက် ဩဂုတ်လ ၁ ရက်နေ့တွင် လုံခြံုရေး အကြောင်းပြချက်ဖြင့် ဂေါက်ကွင်းအား ညပိုင်းစောစောပိတ်လိုက်ရကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here