တ​ပ​ည့်​ဖြစ်​သူ​နှင့်​ ​လိင်​မှု​ဗီ​ဒီ​ယို​ရိုက်​ခဲ့​သည့်​ ​ဆ​ရာ​တစ်ဦး​ ​ဝိုင်း​ဝန်း​ရိုက်​နှက်​ ​သတ်​ဖြတ်​ခံ​ရ

alt

အိ​န္ဒိ​ယ​နိုင်ငံ​မှ​ ​ဆ​ရာ​​တစ်ဦး​အား​ ​၎င်း၏​ ​တ​ပည့်​တစ်ဦး​နှင့်​ ​လိင်​မှု​ဗီ​ဒီ​ယို​ ​ရိုက်​ခဲ့​ခြင်း​ကြောင့်​ ​ဒေါ​သ​ထွက်​နေ​သည့်​ ​လူ​အုပ်​ကြီး​က​ ​ဝိုင်း​ဝန်း​ရိုက်​နှက်​ ​သတ်​ဖြတ်​လိုက်​ကြောင်း​ ​သိ​ရ​သည်​။​

​အ​နောက်​ဘ​င်္ဂလား​ရှိ​ ​ဘူ​ဒ​ဝမ်​တွင်​ ​အ​ဆို​ပါ​ ​ဆ​ရာ​ ​ပ​ရာ​လွိုင်​ ​ဘာ​တန်​ချ​ရာ​ဂျီသည်​ ​​ကျောင်း​သူ​တစ်ဦး​နှင့်​ အိမ်​တွင်း​ချစ်​ရည်​လူး​သည့်​ ​ဗီ​ဒီ​ယို​အား​ ​ရောင်း​ချ​ခဲ့​ပြီး​နောက်​ ​လူ​အ​များ​က​ ​သတ်​ဖြတ်​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​အ​သက်​ ​၄၀​ ​အ​ရွယ်​ ​အ​လွတ်​တန်း​ ​ဆ​ရာ​၏​ ​အ​ခွေ​ကာ​ဘာ​မှ​ ​မိန်း​က​လေး​၏​ ဓာတ်​ပုံ​ကို​ ​လူ​အ​များ​က​ ​မှတ်​မိ​သ​တိ​ပြု​ခဲ့​မိ​ပြီး​နောက်​ ​ပ​ရာ​လွိုင်​၏​ ​အိမ်​ရှေ့​တွင်​ ​စိတ်​ဆိုး​မန်​ဆိုး​ ​လာ​ရောက်​စု​ရုံး​ကာ​ ၎င်း​အား​ ​အ​ဆောက်​အ​အုံ​ ​တစ်​ခု​အ​တွင်း​ ​အ​တင်း​ဆွဲ​သွင်း​ပြီး​ ​ရိုက်​နှက်​ကန်​ကျောက်​ခဲ့​ကြ​သည်​။​

​လူ​အ​များ​၏​ ​နာ​ရီဝက်​ကြာ​မျှ​ ​အ​တင်း​အ​ကြပ်​ ​တိုက်​ခိုက်​မှု​ကြောင့်​ ​ကျောင်း​ဆ​ရာ​သည်​ ​ပြင်း​ပြင်း​ထန်​ထန်​ ​ဒဏ်​ရာ​များ​ ​ရ​ခဲ့​သည်​။​ ​ရဲ​များ​က​ ​ယင်း​ကို​ ​ကယ်​တင်​ရန်​ ​ကြိုး​ပမ်း​ခဲ့​သော်​လည်း​ ​ဒဏ်​ရာ​များ​ကြောင့်​ ​ဆေး​ရုံ​တွင်​ပင်​ ​ကွယ်​လွန်​ခဲ့​သည်​။​ ​ရဲ​များ​က​ ​ယ​ခု​ကိ​စ္စ​အ​တွက်​ ​ဆင်း​ရဲ​သော​ ​မိန်း​က​လေး​များ​ကို​ ​အ​ခ​ကြေး​ငွေ​ပေး​ကာ​ ​စည်း​ရုံး​ပြီး​ ​ညစ်​ညမ်း​ဗီ​ဒီ​ယို​များ​ ​ရိုက်​ကူးသည့်​ ​ဒေ​သ​ခံ​ ​ဗီ​ဒီ​ယို​ ​ထုတ်​လုပ်​ရေး​သ​မား​များ​နှင့်​ ​ယ​ခု​ကျောင်း​ဆ​ရာ​မှာ​ ​ဆက်​စပ်​မှု​ရှိ​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။

​ ပ​ရာ​လွိုက်​သည်​ ​အ​သက်​ ​၁၀​ ​နှစ်​မှ​ ​၁၅​ ​နှစ်​ကြား​ ​ကျောင်း​သူ​ကျောင်း​သား​များ​ကို​ ​အ​လွတ်​တန်း​ ​ပ​ညာ​သင်​ကြား​ပေး​သူ​ဖြစ်​ပြီး​ ၎င်း​နှင့်​ယှက်​နွယ်​သည့်​ ​နောက်​ထပ်​ဗီ​ဒီ​ယို​များ​ကို​ ​ရဲတပ်​ဖွဲ့​က​ ​ရှာ​ဖွေ​လျက်​ရှိ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here