​ထောင်​မှ​လွတ်​ကာ​ ​ပြန်​လည်​ထူ​ထောင်​ရေး​စ​ခန်း​တွင်​ ​နေ​ထိုင်​ရ​မည့်​ ​လင်​ဆေး​လို​ဟန်

alt

လင်း​ဆေး​လို​ဟန်​တစ်​ယောက်​ ဩ​ဂုတ်​လ​ ​၂​ ​ရက်​နေ့​တွင်​ ​ထောင်​မှ​လွတ်​လာ​ပြီ​ဟု​ ​သိ​ရ​သည်​။​ ​ဇူ​လိုင်​လ​ ​၂၀​ ​ရက်​နေ့​က​ ​ထောင်​ဒဏ်​ရက်​ပေါင်း​ ​၉၀​ ​ကြာ​ ​ပြစ်​ဒဏ်​ကို​ ​စ​တင်​ကျ​ခံ​နေ​သည့်​

လို​ဟန်​သည်​ ​လော့စ်​အိန်​ဂျယ်​လိစ်​ ​အ​ကျဥ်း​ထောင်​မှ​ ​လွတ်​မြောက်​ပြီး​နောက်​ ​ကျန်​ရှိ​သော​ ​ပြစ်​ဒဏ်​ကို​ ​မြို့​ပြင်​ရှိ​ Morningside​ ​ပြန်​လည်​ထူ​ထောင်​ရေး​ ​စခန်း​တွင်​ ​သွား​ရောက်​နေ​ထိုင​်​ရ​မည်​ဖြစ်​သည်​။​

​လော့စ်​အိန်​ဂျယ်​လိစ်​ ​ရဲ​တပ်​ဖွဲ့​ ​ပြော​ရေး​ဆို​ခွင့်​ရ​ပု​ဂ္ဂိုလ်​ ​စ​တိ​ဝှိုက်​မိုး​က​ Mean​ Girls​စ​တား​ ​အ​သက်​ ​၂၄​ ​နှစ်​ရှိ​ ​မင်း​သ​မီး​မှာ​ ​ထောင်​မှ​ထွက်​ခွာ​ခွင့်​ ရ​ရှိ​ခဲ့​ပြီ​ဟု​ ​အ​တည်​ပြု​ ​ပြော​ကြား​ခဲ့​သည်​။​ ​လို​ဟန်​၏​ ​ရှေ့​နေ​ဖြစ်​သူ​ ​ရှောင်​ချပ်​မင်း​ဟို​လီ​က​ ​သူ​မ​၏​ ​အ​မှု​သည်​မှာ​ ​ထောင်​မှ​တ​ဆင့်​ ​ပြန်​လည်​ထူ​ထောင်​ရေး​ ​စ​ခန်း​သို့​ ​ပြောင်း​ရွှေ့​ရန်​ ​သ​တင်း​ကို​ ​ပြီး​ခဲ့​သည့်​ ​သီ​တင်း​ပါတ်​က​တည်း​က​ ​ထုတ်​ဖော်​ပြော​ဆို​ထား​ပြီး​ ​ထို​ကာ​လ​အ​တွင်း​ ​လို​ဟန်​အား​ ​မိ​သား​စု​နှင့်​ ​နေ​ထိုင်​ချိန်​အ​ချို့​ ​ရ​ရှိ​ရန်​လည်း​ ​ကြိုး​ပမ်းသွား​မည်​ဟု​ ​ပြော​ကြား​ထား​သည်​။​

​လို​ဟန်​သည်​ ​၂၀၀၇​ ​ခု​နှစ်​အ​တွင်း​က​ ​အ​ရက်​မူး​ပြီး​ ​မ​ဆင်​မ​ခြင်​ ​ကား​မောင်း​မှု​၊​ ​ယာဥ်​တိုက်​မှု​များ​ဖြင့်​ ​ထောင်​ဒဏ်​ရက်​ ​၉၀​ ​ချ​မှတ်​ခံ​ထား​ရ​ခြင်းဖြစ်​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here