Holographic​ ​ဘော​လုံး​ကွင်း​များ​ ​တည်​ဆောက်​မည့်​​ ​ဂျ​ပန်

alt

ဂျ​ပန်​နိုင်ငံ​က​ ​၂၀၂၂​ ​ခု​နှစ်​ ​က​မ္ဘာ့​ဖ​လား​ ​ဘော​လုံး​ပြိုင်​ပွဲ​တွင်​ Holographic​ ​ဘော​လုံး​ကွင်း​များ​ ​တည်​ဆောက်​ နိုင်​ရန်​ ​စီ​စဥ်​လျက်​ရှိ​သည်​။​ ​အ​နာ​ဂတ်​ ​သိ​ပ္ပံ​စိတ်​ကူး​ယဥ်​ ​ဇာတ်​ကား​တစ်​ခု​သ​ဖွယ်​

​ဖြစ်​နေ​သည့်​တိုင်​ ​ယင်း​နည်း​ပ​ညာ​သည်​ ​က​မ္ဘာ​အ​နှံ့​တွင်​ ​ဘော​လုံး​ ကွင်း​များ​မှ​ တ​ဆင့်​ ​တ​ကယ့်​ ဘော​လုံး​ပွဲ​အား​ ​တိုက်​ရိုက်​ကြည့်​ရှု​ သည့်​နှယ်​ ​ခံ​စား​ရ​မည်​ဟု​ ဆို​သ​ည်​။​​

​က​မ္ဘာ့​ ဘော​လုံး​အ​ဖွဲ့​ချုပ် (FIFA​)သို့​ ​ဂျ​ပန်​နိုင်ငံ​က​ ​တင်​ပြ​ထား​သည့်​ ​နည်း​ပ​ညာ​အ​ရ​ ​က​မ္ဘာ​အ​ရပ်​ရပ်​ရှိ​ ​အား​က​စား​ ကွင်း​များ​သို့​ ​ပ​ရိ​သတ်​များ​က​ ​လာ​ရောက်​ပြီး​ ​အ​ဆို​ပါ​ ​နည်း​ပ​ညာ​ဖြင့်​ ​ကွင်း​အ​တွင်း​ ​ဘော​လုံး​သ​မား​များ​ ​အ​ကြိတ်​အ​နယ်​ ​ယှဥ်​ပြိုင်​နေ​မှု​ကို​ ​အ​ချိန်​နှင့်​ ​တ​ပြေး​ညီ​ ​ကြည့်​ရှု​နိုင်​မည်​ဟု​ဆို​သည်​။​ ​ဂျ​ပန်​သိ​ပ္ပံ​ပ​ညာ​ရှင်​များ​က​ ​အ​ဆို​ပါ​ ​ဘော​လုံး​ကွင်း​များ​ကို​ ​3D​နှင့်​ Hologram​ ​နည်း​ပ​ညာ​များ​ ​ပေါင်း​စပ်​ကာ​ ​အ​မှန်​တ​ကယ်​ ​ဘော​လုံး​ပွဲ​တစ်​ခု​ကို​ ​ကြည့်​ရှု​နေ​ရ​သည့်​နှယ်​ ​ခံ​စား​ခွင့်​ရ​အောင်​ ​ဖန်​တီး​ပေး​ရန်​ ​ရည်​ရွယ်​ထား​သည်​။​ ​ထို့​အ​ပြင်​ ​အလို​အ​လျောက်​ ​ဘာ​သာ​ပြန်​ ​စ​နစ်​က​လည်း​ ​တိုက်​ရိုက်​ကြည့်​ရှု​မှု​ကို​ ​အ​ကောင်း​ဆုံး​ ​တင်​ဆက်​ပေး​သွား​နိုင်​မည်​ဖြစ်​သည်​။​

FIFA​သည်​ နည်း​ပ​ညာ​များ​ ​သုံး​စွဲ​မှု​ကို​ ​မုန်း​တီး​ကြောင်း​ ​ဝေ​ဖန်​မှု​များ​ ​ခံ​နေ​ရ​ပြီး​ ​ဂျ​ပန်​၏​ ​အ​စီ​အ​စဥ်​ကို​ ​တ​စုံ​တ​ရာ​ ​ထင်​မြင်​ချက်​ ​မ​ပေး​သေး​ချေ​။​ ​၂၀၂၂​ ​က​မ္ဘာ့​ဖ​လား​ကို​ ​အိမ်​ရှင်​အ​ဖြစ်​ ​လက်​ခံ​ခွင့်​ရ​လို​သည့်​ ​နိုင်ငံ​ပေါင်း​ ​အ​များ​အ​ပြား​ ​ရှိ​နေ​ပြီး​ ​အ​မေ​ရိ​ကန်​၊​ ​အ​င်္ဂလန်​၊​ ​စ​ပိန်​၊​ ​ပေါ်​တူ​ဂီ​၊​ ဩ​စ​တြေး​လျ​နှင့်​ ​၂၀၀၂​ ​ခု​နှစ်​အိမ်​ရှင်​ ​ဂျ​ပန်​တို့​ပါ​ ​ပါဝင်​လျက်​ရှိ​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here