ခင်​ပွန်း​သည်​ ​ပန်း​သေ​ ပန်း​ညှိုး​ ဖြစ်​နေ​ကြောင်း​ ​ထုတ်​ဖော်​ ပြော​ဆို​သည့်​ ​အိ​န္ဒိ​ယ​ အ​မျိုး​သ​မီး​ ဒဏ်​ငွေ​ ချ​မှတ်​ ခံ​ရ

alt

အိ​န္ဒိ​ယ​နိုင်ငံ​မှ​ ​အ​မျိုး​သ​မီး​ ​တစ်ဦး​သည်​ ​သူ​မ​၏​ ​ခင်​ပွန်း​ဟောင်း​မှာ​ ​ပန်း​သေ​ပန်း​ညှိုး​ ​ဖြစ်​နေ​ကြောင်း​ ​ထုတ်​ဖော်​ပြော​ဆို​မှု​ဖြင့်​ ​ဒဏ်​ငွေ​ချ​မှတ်​ ​ခံ​လိုက်​ရ​ကြောင်း​ ​သိ​ရ​သည်​။

​ ​ဇူ​လိုင်​လ​ ​၂၆​ ​ရက်​နေ့​က​ ​အ​လယ်​ပိုင်း​ ​မက်​ဟာ​ပ​ရာ​ဒက်​မှ​ ​တ​ရား​သူ​ကြီး​ ​ဂျက်​ဒစ်​ပ​ရ​ဆက်​ ​ပါ​ရာ​ရှာ​က​ ​ဗန်​ဒါ​နာ​ဂါ​ဂျာ​အား​ ​ခင်​ပွန်း​ဟောင်း​ ​ဟီ​မန်​ချာ​လော့​ထ​ရီ​အား​ ​အ​သ​ရေ​ဖျက်​မှု​အ​တွက်​ ​ရူ​ပီး​ငွေ​ ​၂၀၀၀၀၀​ ​ပေး​ဆောင်​ရန်​ ​အ​မိန့်​ချ​မှတ်​လိုက်​သည်​။​ ​ဗန်​ဒါ​နာ​သည်​ ​ဟီ​မန်​နှင့်​ ​လွန်​ခဲ့​သည့်​ ​၉​ ​နှစ်​က​ ​လက်​ထပ်​ခဲ့​ပြီး​ ​၃​ ​လ​အ​တွင်း​ပင်​ ​ခင်​ပွန်း​အား​ စွန့်​ပစ်​ခဲ့​သည်​။​ ​ဗန်​ဒါ​နာ​သည်​ ​သူ​မ​၏​ ​ခင်​ပွန်း​နှင့်​ ​ယော​က္ခ​မ​များ​က​ ​သူ​မ​ကို​ ​အ​နိုင်​ကျင့်​ကြောင်း​ ​တ​ရား​စွဲ​ခဲ့​သေး​သော်​လည်း​ ​၂၀၀၄​ ​ခု​နှစ်​တွင်​ ​ဒေ​သ​ခံ​ ​တ​ရား​ရုံး​က​ ​စွဲချက်​အား​လုံး​ကို​ ​ပယ်​ချ​ခဲ့​သည်​။​

ယင်း​တို့​နှစ်ဦး​သည်​ ​နောက်​ပိုင်း​တွင်​ ​ကွာ​ရှင်း​ခဲ့​ကြ​ပြီး​ ​၂၀၀၆​ ​တွင်​မူ​ ​ဟီ​မန်​က​ ၎င်း​အား​ ​ပန်း​သေ​နေ​သည်​ဟု​ ​အ​ပုပ်​ချ​သည့်​ ​ဗန်​ဒါ​နာ​အား​ ​တ​ရား​စွဲ​ခဲ့​သည်​။​ ၎င်း​က​ ​ထို​စွပ်​စွဲ​ချက်​ကြောင့်​ ​လက်​ထပ်​နိုင်​မည့်​ ​ဇ​နီး​လောင်း​ ​ထပ်​မံ​ရှာ​မ​တွေ့​တော့​သ​လို​ ​ဂုဏ်​သ​ရေ​လည်း​ ​ညစ်​နွမ်း​စေ​ကြောင်း​ ​တ​ရား​ရုံး​သို့​ ဦး​တိုက်​လျှောက်​ထား​ခဲ့​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here