​က​လေး​များ​အား​ ​လိင်​ဆက်​ဆံ​မှု​ဖြင့်​ က​နေ​ဒါ​နိုင်ငံ​သား​ ထောင်​ဒဏ်​ ၁၁ ​နှစ်​ကျ

alt

လူ​မ​မယ်​ ​က​လေး​များ​အား​ လိင်​ဆက်​ဆံ​ခဲ့​သည့်​ ​က​မ္ဘာ​လှည့်​ ​လိင်​ခ​ရီး​သည်​အ​ဖြစ်​ ​နာ​မည်​ဆိုး​ဖြင့်​ ​ကျော်​ကြား​သူ​ ​က​နေ​ဒါ​ ​နိုင်ငံ​သား​အား​ ​က​နေ​ဒါ​ ​တ​ရား​ရုံး​ ​တစ်​ခု​က​ ​ထောင်​ဒဏ်​ ​၁၁​ ​နှစ်​ ​ချ​မှတ်​လိုက်​ပြီ​ဖြစ်​သည်​။

​ ​ဇူ​လိုင်​လ​ ​၂၈​ ​ရက်​နေ့​က​ ​ဗြိ​တိ​သျှ​ ​ကို​လံ​ဘီ​ယာ​ ​တ​ရား​သူ​ကြီး​ ​အော်​စ​တင်​ ​ကူ​လန်​က​ ​အ​သက်​ ​၅၉​ ​နှစ်​ရှိ​ ​ကင်း​နက်​က​လာ​ဆန်​သည်​ ​ကို​လံ​ဘီယာ​နှင့်​ ​က​မ္ဘော​ဒီး​ယား​ ​နိုင်ငံ​များ​တွင်​ ​၈​ ​နှစ်​မျှ​သာ​ရှိ​သည့်​ ​က​လေး​များ​နှင့်​ ​လိင်​ဆက်​ဆံ​ခဲ့​သည့်​ ​စွဲ​ချက်​ပေါင်း​ ​၁၄​ ​ခု​အ​တွက်​ ​ထောင်​ဒဏ်​ ​၁၀​ ​နှစ်​၊​ ​က​လေး​တစ်ဦး​အား​ လိင်​မှု​ဆိုင်​ရာ​ ​ဗီ​ဒီ​ယို​တစ်​ခု​ ​ရိုက်​ကူး​ခဲ့​မှု​အ​တွက်​ ​ထောင်​ဒဏ်​ ​၁​ ​နှစ်​ ​သီး​ခြား​စီ​ ​ချ​မှတ်​ခဲ့​သည်​။​ ​အော်​စ​တင်​သည်​ ​တ​ရား​ရုံး​တွင်​ ၎င်း​၏​ ​လုပ်​ရပ်​များ​အ​တွက်​ ​နောင်​တ​ရ​ကြောင်း​ ​ဝန်​ခံ​ပြော​ကြား​ခဲ့​သည်​။​ ၎င်း​၏​ ​ရှေ့​နေ​များ​က​ ​အော်​စ​တင်​သည်​ ​လို​လို​လား​လား​ရှိ​သူ​များ​အား​ ​အ​ခ​ကြေး​ငွေ​ပေး​ကာ​ ​ဆက်​ဆံ​ခဲ့​ခြင်း​သာ​ဖြစ်​ကြောင်း​ ​လျှောက်​လှဲ​ခဲ့​သေး​သည်​။​ ​က​လေး​ ​၃​ ဦး​၏​ ​ဖ​ခင်​ဖြစ်​သူ​ ​အော်​စ​တင်​သည်​ ​က​နေ​ဒါ​သို့​ ​လာ​ရောက်​မ​နေ​ထိုင်​မီ​ ​ကို​လံ​ဘီ​ယာ​နိုင်ငံ​အ​တွင်း​ ​နှစ်​ပေါင်း​ ​၂၀​ ​မျှ​ ​နေ​ထိုင်​ခဲ့​သေး​သည်​။​

​အော်​စ​တင်​၏​ ​ရှေ့​နေ​များ​က​ သည်​ ​အ​ခင်း​ဖြစ်​ရာ​ ​နိုင်ငံ​များ​သို့​ ​လိင်​ကိ​စ္စ​အ​တွက်​ ​သွား​ရောက်​ခဲ့​ခြင်း​ ​မ​ဟုတ်​ကြောင်း​နှင့်​ ​အ​ဆို​ပါ​ ​ဒေ​သ​များ​တွင်​ ဥ​ပ​ဒေ​စည်း​မျဥ်း​များ​အ​ရ​ ​အော်​စတင်​အ​နေ​နှင့်​ ​ပြစ်​မှု​မ​မြောက်​ကြောင်း​ ​ပြော​ကြား​ခဲ့​သေး​သည်​။​ သို့​သော်​လည်း​ ​၁၉၉၈​ ​ခု​နှစ်​မှ​ ​၂၀၀၂​ ​ခု​နှစ်​အ​တွင်း​ ​အော်​စ​တင်​ ​ကျူး​လွန်​ခဲ့​သည့်​ ​အ​မှု​များ​အ​တွက်​ ​တ​ရား​ရုံး​က​ ​အ​သက်​မ​ပြည့်​သေး​သည့်​ ​က​လေး​များ​အား​ ​လိင်​ဆက်​ဆံ​မှု​ဖြင့်​ ​ယ​ခု​လို​ ​ထောင်​ဒဏ်​ချ​မှတ်​ခဲ့​ခြင်း​ဖြစ်​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here