​အဝတ်​မ​ပါ​သည့်​ ​အ​မျိုး​သ​မီး​ပုံ​ အီး​မေးလ်​ပို့​မှု​ဖြင့်​ ​အ​မေ​ရိ​ကန်​မှ​ ​မြို့​တော်ဝန်​ ​ရာ​ထူး​မှ ​နှုတ်​ထွက်​ရ

alt

အ​မေ​ရိ​ကန်​နိုင်ငံ​မှ​ ​မြို့​တော်​ဝန်​ ​တစ်ဦး​သည်​ ​အ​ဝတ်​မဲ့​ ​အ​မျိုး​သ​မီး​တစ်ဦး​၏​ပုံ​ကို​ email​ ​ပေး​ပို့​မှု​ကြောင့်​ ​ရာ​ထူး​မှ​ ​နှုတ်​ထွက်​လိုက်​ရ​ကြောင်း​ ​သိ​ရ​သည်​။​

​ကန်း​ဆက်​စီး​တီး​မှ​ ​အ​နောက်​ဖက်​ ​မိုင်​ ​၃၀​ ​အ​ကွာ​တွင်​ရှိ​သော​ ​လူဦး​ရေ​ ​၂၈၀၀​ ​မျှ​သာ​ ​နေ​ထိုင်​သည့်​ ​တွန်​ဂါ​နို​ဆီ​မှ​ ​မြို့​တော်​ဝန်​ ​မိုက်​ဗက်​စ​တယ်​သည်​ ​မြို့​တော်​ပိုင်​ ​ကွန်​ပျူ​တာ​ ​တစ်​လုံး​ကို​ ​အ​သုံး​ပြု​ကာ​ ​အ​မျိုး​သ​မီး​ ​တစ်ဦး​၏​ ​မ​ဖွယ်​မ​ရာ​ ​ပုံ​များ​ကို​ ​ပေး​ပို့​နေ​မှု​အား​ ​ဒု​တိ​ယ​မြောက်​ ​တွေ့​ရှိ​ခဲ့​ရ​သည်​။​ ​မိုက်​က​ ​ရာ​ထူး​မှ​ ​နှုတ်​ထွက်​ခဲ့​သော်​လည်း​ ​စီး​ပွား​ရေး​ ​ဖွံ့​ဖြိုး​မှု​ ​ကော်​မ​တီ​တွင်​ ​ဆက်​လက်​တာ​ဝန်​ယူ​ခွင့်​ရ​ရန်​ ​မျှော်​လင့်​လျက်​ရှိ​သည်​။​ ၎င်း​အ​နေ​နှင့်​ ​အ​ဆို​ပါ​ ​အ​ပြု​အ​မူ​မျိုး​ ​နောက်​တစ်​ကြိမ်​ ​ထပ်​မ​လုပ်​တော့​ရန်​ ​ဆုံး​ဖြ​တ်​ထား​ကြောင်း​၊​ ​သို့​သော်​လည်း​ ​မြို့​သူ​မြို့​သား​များ​ ​ယုံ​ကြည်​ခြင်း​ ​ရှိ​မ​ရှိ​ကို​မူ​ ​မ​ပြော​တတ်​ကြောင်း​ ​ဝန်​ခံ​ခဲ့​သည်​။​

​ဇူ​လိုင်​လ​ ​၁၄​ ​ရက်​နေ့​က​ ​မိုက်​သည်​ အ​ဆို​ပါ​ email​​ ကို​ ​အစ်​ကို​ဖြစ်​သူ​ ​ရဲ​အ​ရာ​ရှိ​ ​ပေါ်​လာက​ရွတ်​ထံ​ ​ပေး​ပို့​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​မိုက်​သည်​ ​မြို့​ပိုင်​ကွန်​ပျူ​တာ​ ​စ​နစ်​ကို​ ​အ​သုံး​ပြု​ခဲ့​ပြီး​ ​အ​မျိုး​သ​မီး​ ​ဓာတ်​ပုံ​ပေါင်း​ ​၁၄​ ​ခု​ကို​ ​ဖော်​ထုတ်​တွေ့​ရှိ​ခဲ့​သည်​။​ ​တွ​န်​ဂါ​နို​ဆီ​ ​မြို့​တော်​ကောင်​စီ​ ဥ​က္က​ဌ​ ​ဂျေ​ဆန်​ဝပ်​က​ ​မိုက်​၏​ ​မြို့​တော်​ဝန်​ ​ရာ​ထူး​ကို​ ​ဆက်​လက်​ရ​ယူ​ခဲ့​သည်​။​

​မိုက်​သည်​ ​အ​ရေး​ပေါ်​ ​မ​ဟုတ်​သည့်​ ​ဖုန်း​ခေါ်​ဆို​မှု​များ​နှင့်​ ​သက်​ဆိုင်​ရာ​ ​အုပ်​ချုပ်​ရေး​ ​အ​ဖွဲ့​များ​ထံ​မှ​ ​ဖုန်း​ခေါ်​ဆို​မှု​များ​ကို​ ​လက်​ခံ​ရ​ယူ​ရ​လေ့​ရှိ​ပြီး​ ​ထို့အ​တွက်​ ​တစ်​လ​လျင်​ ​ဒေါ်​လာ​ ​၁၂၀၀​ ​ရ​ရှိ​ကြောင်း​လည်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here