၂၀၁၀​ က​မ္ဘာ့​ဖ​လား​စ​တား​ ​ပါ​ရာ​ဂွေး​အ​လှ​မယ်​ လု​ယက်​ တိုက်​ခိုက်​ခံ​ရ​

alt

ပါရာဂွေး အလှမယ် လာရီဆာ ရီကွယ်မီးတစ်ယောက် လုယက်တိုက်ခိုက်မှု တစ်ခုနှင့် ကြံုလိုက်ရကြောင်း သိရသည်။

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ကာလအတွင်း မီဒီယာများကြား လူသိများ ထင်ရှားလာသည့် အလှမယ်သည် ဘရာဇီးနိုင်ငံ ရီယိုဒီ ဂျနေရိုးတွင် လုယက်​ ခံလိုက်​ ရခြင်း​ ဖြစ်ပြီး မိုဘိုင်းဖုန်း၊ ဒီဂျစ်တယ်​ ကင်မရာ နှစ်လုံးနှင့် ပတ်စပို့တို့ ပါသွားကြောင်း Rede Globo သတင်းဌာနက ဖော်ပြခဲ့သည်။ အလုခံရသည့်​ ဖုန်းမှာ ဘောလုံးပွဲများ အားပေးချိန်တွင် သူမ၏ ရင်သားများကြား ညှပ်ထားသဖြင့် လူ​ သိများလှသည့် ဖုန်းလည်း​ ဖြစ်သည်။ ထိုစဥ်က ရီကွယ်မီးသည် အစ်မ၊ ချစ်သူနှင့် သူမ၏​ အေးဂျင့် နီနိုမန်းဒက်တို့နှင့်အတူ ရှိနေပြီး Avenida​ တွင် လမ်းလျှောက်​ နေစဥ် လုယက်​ တိုက်ခိုက်မှုနှင့် ကြံုခဲ့ခြင်း​ ဖြစ်သည်။ ဒေသခံ ရဲများက ယခု​ ကိစ္စကို စုံစမ်း​ နေဆဲဖြစ်သည်။ လာရီဆာက ဇူလိုင်လ ၂၅ ရက်နေ့က လုယက်​ ခံရမှုကို Twitterမှတဆင့် ဖော်ပြခဲ့ပြီး သူမ​ အနေနှင့် မည်သည့်​ ထိခိုက်မှုမှ မရှိခဲ့ကြောင်း၊ စိုးရိမ်သည့် ပရိသတ်အတွက် ကျေးဇူးတင်ကြောင်း ရေးသားထားသည်။

ရီကွယ်မီးသည် ပါရာဂွေးအသင်း၏ ပွဲစဥ်တိုင်း အူလှိုက်သည်းလှိုက် အားပေးမှုနှင့် သူမ၏ နိုင်ငံအသင်း ဗိုလ်စွဲပါက တစ်ကိုယ်လုံးချွတ်ကာ ပါရာဂွေးအလံအရောင်များ ဆေးခြယ်ပြီး လူအများရှေ့ ပြေးပြမည်ဆိုသော ကတိပြုမှုများကြောင့် ကမ္ဘာ့ဘောလုံး ပရိသတ်များ မှတ်မှတ်ထင်ထင် ဖြစ်ခဲ့သလို နေ့ချင်းညချင်း ကမ္ဘာသိ Celebrityတစ်ဦးအဖြစ်သို့ ရောက်ရှိလာခဲ့သူဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here