အောက်​တို​ဘာ​ ​၁၀​ ​ရက်​နေ့​မှာ​ ​မင်္ဂလာ​ဆောင်​ရေး​ ​စင်​ကာ​ပူ​စုံ​တွဲများ​စိတ်​ကူး

alt

စင်္ကာပူနိုင်ငံရှိ စုံတွဲပေါင်း များစွာ တို့သည် ယခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့တွင် မင်္ဂလာဆောင်ရန် ကြံစည် နေကြောင်း သိရသည်။

​ ၁၀.၁၀.၁၀​ ရက်နေ့ အဖြစ် ကျရောက်မည့် အဆိုပါ အမှတ်တရနေ့တွင် မင်္ဂလာဆောင်ရန် အဆိုပြု ထားသည့် စုံတွဲပေါင်း ၃၄၈ တွဲထိ ရှိနေပြီး နောက်ထပ်လည်း တိုးပွား လာမည်ဟု ခန့်မှန်း​ ထားကြောင်း လက်ထပ်​ ထိမ်းမြားမှု စာရင်း​ ပြုစုသည့် တာဝန်ရှိ​ သူများက ပြောကြား​ ခဲ့သည်။ တရုတ်​ ရိုးရာ အယူအရ ၁၀ ဂဏန်းသည် ရှီဟု အသံထွက်ပြီး ရှီကွမ်​ ရှီမီ​ ဟူသော အသုံးအနှုန်း၏ အဓိပ္ပါယ်မှာ အရာရာ ပြည့်စုံ​ ချမ်းသာပါစေဟု အဓိပ္ပါယ် ရသောကြောင့် အဆိုပါ​ နေ့တွင် လက်ထပ်​ လိုသူ တိုးပွား​ လာခြင်းဟု သိရသည်။ သို့သော်လည်း ပေါ်ပြူလာ​ ဖြစ်သည့် နေ့များတွင် လက်ထပ်ရန် စီစဥ်​ ရခြင်းသည် ပိုမို​ အလုပ်ရှုပ်​ လေ့ရှိပြီး အကုန်အကျလည်း များလေ့ရှိသည်။ ထိုသို့သော နေ့များနီးကပ်လာပါက သတို့သမီးဝတ်စုံ အရောင်းဆိုင်များ၊ အလှပြင်ဆိုင်များသည် ဈေးနှုန်းကို နှစ်ဆထိ မြှင့်တင်ထားလေ့ရှိသည်။

ယခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့ပြီးနောက် ဒုတိယ ပေါ်ပြူလာ အဖြစ်ဆုံး လက်ထပ်ထိမ်းမြားမည့်နေ့မှာ အောက်တိုဘာ ၂၀ ရက်နေ့ဟုလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here