​Facebook ​မှ​ Personal​ Data များ​ ​အ​လွယ်​တ​ကူ​ ​ရ​ယူ​နိုင်​ကြောင်း​ ​လက်​တွေ့​ပြ​သ

alt

Facebook​၏​ Privacy​ ​နှင့်​ပတ်​သက်​ပြီး​ ​စိုး​ရိမ်​ဖွယ်​ ​ဝေ​ဖန်​မှု​များ​ကို​ ​ပို​မို​ဆိုး​ရွား​စေ​မည့်​ ​အ​ခြေ​အ​နေ​တစ်​ခု​ ​ထွက်​ပေါ်​လာ​ခဲ့​သည်​။​

Online​ ​လုံ​ခြံု​ရေး​ ​အ​မှု​ဆောင်​ ​တစ်ဦး​က​ ​က​မ္ဘာ​ကျော်​ Social​ Networking​ ​ဝက်​ဆိုက်​ကြီး​မှ​ ​အ​သုံး​ပြု​သူ​ ​သန်း​ ​၁၀၀​ ​၏​ Personal​ Data ​များ​ကို​ ​ရ​ယူ​ကာ​ ​အ​လွယ်​တ​ကူ​ Download​လုပ်​နိုင်​ရန်​ ​ပြ​သ​ခဲ့​သည်​။​ ​ယင်း​သည်​ Facebook​ မှ​ ​အ​ဆို​ပါ​ Data​​ များ​ကို​ Code​ ​တစ်​ခု​ဖြင့်​ ​ရ​ယူ​ခဲ့​ခြင်း​ဟု​ ​သိ​ရ​သည်​။​ ​ရွန်​ဘို​ဝဲ​က​ Facebook​ Profile​များ​ကို​ Scan​လုပ်​နိုင်​သည့်​ Code​ ​တစ်​ခု​ကို​ ​အ​သုံး​ပြု​ကာ​ Hidden​ ​မ​လုပ်​ထား​သည့်​ User​ Data​ ​အ​မြောက်​အ​မြား​ကို​ ​အ​လွယ်​တ​ကူ​ ​ရ​ယူ​နိုင်​ခဲ့​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​ ​ယင်းList​ကို​ Download​ ​ပြု​လုပ်​နိုင်​သည့်​ File​ တစ်​ခု​အ​နေ​နှင့်​ Share​ ပေး​ထား​ပြီး​နောက်​ ​က​မ္ဘာ​ပေါ်​ရှိ​ Facebook​ ​အ​သုံး​ပြု​သူ​ ​သန်း​ပေါင်း​များ​စွာ​တို့​အ​တွက်​ ​ဒေါ​သ​ထွက်​စ​ရာ​ ​ဖြစ်​ခဲ့​ရ​သည်​။​ ​က​မ္ဘာ့​အ​ကြီး​ဆုံး​ File​ Sharing​ ​ဝက်​ဆိုက်​ကြီး​ဖြစ်​သည့်​ Pirate​ Bay​ တွင်​ လွှင့်​တင်​သည့်​ ​နေ့​တွင်​ပင်​ ​လူ​ ​၁၀၀၀​ ​ကျော်​မျှ​ ​အ​ဆို​ပါ​ File​ ကို​ Download​ ရ​ယူ​ခဲ့​ပြီး​ ​နောက်​ထပ်​ရက်​ပိုင်း​အ​တွင်း​ ​ထောင်​နှင့်​သောင်း​နှင့်​ချီ​ Download​ ​လုပ်​ကြ​ကြောင်း​ ​သိ​ရ​သည်​။​ ​ယင်း​အ​ခြေ​အ​နေ​က​ Facebook​၏​ Privacy​ ​အ​ခြေ​အ​နေ​ကို​ အ​ချက်​ပေး​ခေါင်း​လောင်း​ ​ထိုး​လိုက်​ခြင်း​ဖြစ်​ကြောင်း​ ​အင်​တာ​နက်​ Privacy​ ​စောင့်​ကြည့်​ရေး​ ​ပ​ညာ​ရှင်​ ​ဆို​င်မွန်​ဒေး​ဗီး​က​ BBC​ ​သို့​ပြော​ကြား​ခဲ့​သည်​။​

Facebook ​မှ​ Hide​ မ​လုပ်​ထား​သော​ Data ​များ​ကို​ အ​လွယ်​တ​ကူ​ ​ရ​ယူ​နိုင်​ခြင်း​သည်​ ယ​ခု​အ​ခါ​ ​သုံး​စွဲ​သူ​ ​သန်း​ ​၅၀၀​ ​ကျော်​သွား​ပြီ​ဖြစ်​သည့်​ ​ဝက်​ဆိုက်​ကြီး​အ​တွက်​ ​စိုး​ရိမ်​စ​ရာ​ ​ဖြစ်​လာ​နိုင်​ကြောင်း​ ဆိုင်​မွန်​က​ ​ထောက်​ပြ​ခဲ့​သည်​။​ အ​ဆို​ပါ​ ​ကိ​စ္စ​နှင့်​ ​ပတ်​သက်​ပြီး​ Facebook​ က​ ​တ​စုံ​တ​ရာ​ ​ထင်​မြင်​ချက်​ ​မ​ပေး​သေး​ချေ​။

LEAVE A REPLY

Please enter your comment!
Please enter your name here