ဘ​ရာ​ဇီး​နာ​မည်​ကြီး​ အမျိုး​သား​စူ​ပါ​မော်​ဒယ်​ ​လိင်​ပြောင်းရန်​ စီ​စဥ်​နေ

alt

ဘ​ရာ​ဇီး​နိုင်ငံ​၏​ ​နာ​မည်​ကြီး​ ​အ​မျိုး​သား​ ​စူ​ပါ​မော်​ဒယ်​ ​တစ်ဦး​သည်​ ​လိင်​ပြောင်း​လဲ​ရန်​ ​စီ​စဥ်​နေ​ကြောင်း​ ​သိ​ရှိ​ရ​သည်​။​

​လီ​တီ​ဟု​ခေါ်​သော​ ​အ​ဆို​ပါ​ ​မော်​ဒယ်​သည်​ Givenchy​ ​၏​ ​ကြော်​ငြာ​သစ်​တွင်​ ​အ​ထူး​အောင်​မြင်​မှု​ ​ရ​ရှိ​ထား​သူ​ဖြစ်​ပြီး​ ​ယ​ခု​အ​ခါ​ ​အ​မျိုး​သ​မီး​ ​ဘ​ဝ​သို့​ ​ပြောင်း​လဲ​ခံ​ယူ​ရန်​ ​ပြင်​ဆင်​လျက်​ရှိ​ကြောင်း​ ABC​ ​သ​တင်း​ဌာ​န​က​ ​ဖော်​ပြ​ခဲ့​သည်​။​ အ​မည်​ရင်း​ ​လီ​ယန်​ဒ​ရို​ ​ကာ​ရီ​ဇို​ဖြစ်​သည့်​ ​အ​သက်​ ​၂၈​ ​နှစ်​အ​ရွယ်​ ​လီ​တီ​သည်​ ​နာ​မည်​ကျော်​ ​ဘော​လုံး​သ​မား​ဟောင်း​ ​တို​နင်​ဟို​ ​ကာ​ရီ​ဇို​၏​ ​သား​လည်း​ဖြစ်​သည်​။​ ​ယ​ခု​အ​ခါ​ ​လီ​တီ​သ​ည်​ ​ဟို​မုန်း​ဖြည့်​သွင်း​မှု​၊​ ​ခွဲ​စိတ်​ပြောင်း​လဲ​မှု​များ​ဖြင့်​ ​အ​မျိုး​သ​မီး​ဘ​ဝ ​ပြောင်း​လဲ​တော့​မည်​ဟု​ Givenchy​​ ၏​ ​ဖန်​တီး​မှု​ဌာ​န​ ​ဒါ​ရိုက်​တာ​ ​ရီ​ကာ​ဒို​ ​တစ်​ဆီ​က​ ​ပြော​ကြား​ခဲ့​သည်​။​

​တစ်​ဆီ​က​ ​လီ​တီ​သည်​ ​ယ​ခင်​က​တည်း​က​ ​မိန်း​က​လေး​ဆန်​ဆန်​ ​နေ​ထိုင်​လေ့​ရှိ​ပြီး​ ​အ​ဆင့်​အတန်း​ရှိ​သူ​ ​တစ်ဦး​ဟု​ဆို​သည်​။​ ABC​​ က​ ​ဘ​ရာ​ဇီး​၏​ ​ဖက်​ရှင်​ပြ​ယုဂ်​ ​တစ်ဦး​သ​ဖွယ်​ ​ဖြစ်​နေ​သည့်​ ​လီ​တီ​တစ်​ယောက်​ ​မည်​သည့်​နေ့​တွင်​ ​ခွဲ​စိတ်​မှု​ ​ခံ​ယူ​မည်​ကို​မူ​ ​တိ​တိ​ကျ​ကျ​ ​ဖော်​ပြ​မ​ထား​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here