က​မ္ဘာကြီး​ပူ​နွေး​လာ​မှု​ ​လွန်​ခဲ့​သည့်​ ​နှစ်​ပေါင်း ​၃၀​ က​တည်း​က​ ​စ​တင်​ခဲ့

alt

က​မ္ဘာ​ကြီး​သည်​ ​ညီ​ညွတ်​မျှ​တ​သည့်​ ​အ​ခြေ​အ​နေ​ ​ပျက်​ပြား​သည်​အ​ထိ​ ​ပူ​နွေး​လာ​မှု​သည်​ ​လွန်​ခဲ့​သော ​နှစ်​ပေါင်း​ ​၃၀​ ​က​တည်း​က​ ​စ​တင်​ခဲ့​ကြောင်း​ ​သု​တေ​သီ​များ​က​ ​ပြော​ကြား​ခဲ့​သည်​။​

​ပညာ​ရှင်​များ​က​ ​စို​ထိုင်း​စ​ ​များ​ပြား​လာ​မှု​၊​ ​ရေ​ခဲ​မြစ်​များ​လျော့​နည်း​လာ​မှု​၊​ ​လေ​ထု​အ​ပူ​ချိန်​ ​မြင့်​မား​လာ​မှု​၊​ ​ပင်​လယ်​ရေ​မျက်​နှာ​ပြင်​အ​မြင့်​ ​စ​သည်​တို့​ကို​ ​လွတ်​လပ်​စွာ​ ​သု​တေ​သ​န​ပြု​ထား​သည့်​ ​အ​ချက်​အ​လက်​များ​အ​ပေါ်​ ​ခြေ​ရာ​ခံ​ကာ​ ​က​မ္ဘာ​ကြီး​ ​သိ​သိ​သာ​သာ​ ​ပူ​နွေး​မှု​သည်​ ​၁၉၈၀​ ​ပြည့်​နှစ်​ဝန်း​ကျင်​က​ ​စ​တင်​ခဲ့​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​ ​အ​ရှေ့​အိန်​ဂျ​လီ​ရာ​ ​ရာ​သီဥ​တု​ ​သု​တေ​သ​န​ဌာ​န​မှ​ ​သု​တေ​သီ​များ​သည်​ ​အာ​ကာ​သ​မှ​ ​ရိုက်​ကူး​ထား​သော​ ​ပုံ​ရိပ်​များ​၊​ ​အ​ခြား​သော​ ​သု​တေ​သ​န​ ​ရလဒ်​များ​ကို​ ​စ​နစ်​တ​ကျ​ ​မှတ်​တမ်း​ပြု​စု​ကာ​ ​လေ့​လာ​မှု​များ​ ​ပြု​လုပ်​ခဲ့​ခြင်း​ဖြစ်​သည်​။​ Met​ Office​ သု​တေ​သ​န​ ​အ​ဖွဲ့​က​ Greenhouse​ ​ဓာတ်​ငွေ့​များ​ ​စံ​ချိန်​တင်​ ​မြင့်​တက်​လာ​ခြင်း​၊​ ​သ​မု​ဒ္ဒ​ရာ​အ​ပူ​ချိန်​ ​ထိုး​တက်​လာ​ခြင်း​နှင့်​ ​စို​ထိုင်း​စ​ ​အ​ခြေ​အ​နေ​များ​က​ ​ရာ​သီဥ​တု​ ​ပူ​နွေး​လာ​စေ​ရန်​ ​သက်​ရောက်​မှု​များ​ ​ရှိ​ခဲ့​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​

Met​ Office​ ​မှ​ ​ဒေါက်​တာ​နာ​သန်​စ​တုတ်​က​ ​က​မ္ဘာ့​ရေ​ခဲ​မြစ်​များ​ ​သိ​သိ​သာ​သာ​ ​လျော့​ကျ​လာ​ခြင်း​နှင့်​အ​တူ​ ​နှစ်​ပေါင်း​ ​၃၀​ ​အ​တွင်း​ ​အာ​တိတ်​စက်​ဝိုင်း​ရှိ​ ​ရေ​ခဲဧ​ရိ​ယာ​သည်​ ​ကြီး​ကြီး​မား​မား​ ​ယုတ်​လျေ့ာ​သွား​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​ ​ထို့​အ​ပြင်​ ​လေ​ထု​အ​ပူ​ချိန်​၏​ ​အ​နိမ့်​အ​မြင့်​ ​ပြောင်း​လဲ​ချက်​က​လည်း​ ​ရေ​ရှည်​တွင်​ ​ရာ​သီဥ​တု​ ​ဖောက်​ပြန်​ပြောင်း​လဲ​မှု​ကို​ ​သက်​ရောက်​စေ​ကြောင်း​ ​ဒေါက်​တာ​စ​တုတ်​က​ဆို​သည်​။​​ ​စ​တုတ်​က​ ​ရာ​သီဥ​တု​ ​ပြောင်း​လဲ​မှု​များ​ ​ဖြစ်​ပေါ်​ရန်​ ​ရှည်​လျား​သော​ ​အ​ချိန်​ကာ​လ​တစ်​ခု​ ​လို​အပ်​သည်​ကို​ ​မိ​မိ​တို့​ ​သ​ဘော​ပေါက်​ကြောင်း​၊​ ​က​မ္ဘာ​ကြီး​ ​တ​စ​ထက်​တ​စ​ ​ပူ​နွေး​မှု​သည်​ ​လွန်​ခဲ့​သော​ ​နှစ်​ပေါင်း​ ​၃၀​ ​မှ​စ​ကာ​ ​စိုး​ရိမ်​သင့်​သည့်​ ​အ​တိုင်း​အ​တာ​ထိ​ ​မြင့်​တက်​ခဲ့​ကြောင်း​ ​ပြော​ဆို​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here