​ဝီ​စ​မစ်​၏​သ​မီးငယ်​ ဖက်​ရှင်​လော​က​ကို​ ​ဝင်​ရောက်​ရန်​ပြင်​ဆင်​နေ

alt

ဟော​လီး​ဝုဒ်မင်း​သား​ ​ဝီ​စ​မစ်​၏​ ​သ​မီးငယ်​ ဝီ​လိုမှာ​ ​ဖက်​ရှင်​လော​က​ထဲ​ဝင်​ရန်​ ​ပြင်​ဆင်​နေ​ကြောင်း​ ​သိ​ရ​သည်​။​ ​အ​သက်​ ​၉​ ​နှစ်​သာ​ ​ရှိ​သေး​သည့်​ ​ဝီ​လို​သည်​ ​ဖက်​ရှင်​ဒီ​ဇိုင်​နာ​အ​ဖြစ်​ ​အောင်​မြင်​မှု​ရ​ရန်​ ​အ​သက်​ ​၁၃​ ​နှစ်​က​တည်း​က​ ​ကြိုး​ပမ်း​နေ​သည့်​ ​

မက်​ဒေါ​နား​၏​ ​သ​မီးငယ်​ ​လော​ဒက်​လီ​ယွန်​ကဲ့​သို့​ ​ဖက်​ရှင်​အ​မြင်​ ​ရင့်​သန်​သူ​တစ်ဦး​ဟု​ ​ရီ​ဟာ​နာ​အား​ ​ဖက်​ရှင်​တာ​ဝန်​ယူ​နေ​သည့်​ ​မာ​ရီ​ရယ်​ဟန်း​က​ ​ချီး​ကျူး​ခဲ့​သည်​။​

​ဝီ​လို​၏​ ​ဖက်​ရှင်​သုံး​သပ်​မှု​များ​သည်​ Pop​အ​ဆို​တော်​မ​လေး​ ​ရီ​ဟာ​နာ​၏​ ​လွှမ်း​မိုး​မှု​တစ်​ခု​ ​ရှိ​နေ​သည့်​တိုင်​ ​ပို​မို​တောက်​ပြောင်​ ​ကောင်း​မွန်​လာမည်​ဟု​ ​ဟန်း​က​ ​သုံး​သပ်​ခဲ့​သည်​။​ ​ဝီ​လို​၏​ဖ​ခင်​ ​ဝီ​နှင့်​ ​မိ​ခင်​ဖြစ်​သူ​ ​ဂျာ​ဒါ​ပင်း​ကက်​တို့​က​ ​သူ​မ​၏​ ​ဖက်​ရှင်​ဒီ​ဇိုင်​နာ​တစ်ဦး​ ​ဖြစ်​ချင်​သည့်​ ​မျှော်​လင့်​ချက်​ကို​ ​အား​ပေး​ကြ​ကြောင်း​လည်း​ ​သိ​ရ​သည်​။​ ​ဝီ​၏​ ​သားငယ်​ ​ဂျေ​ဒန်​မှာ​မူ​ ​ဖ​ခင်​ကဲ့​သို့​ ​သ​ရုပ်​ဆောင်​ပိုင်းတွင်​ ​အား​သန်​ပြီး​ ​ဟောင်​ကောင်​မင်း​သား​ ​ဂျက်​ကီ​ချန်း​နှင့်​အ​တူ​ Karate​ Kid​ ​ဇာတ်​ကား​တွင်​ ​ဝင်​ရောက်​သ​ရုပ်​ဆောင်​ပြီး​ ​အောင်​မြင်​မှု​များ​ ​ရ​ရှိ​ထား​သည်​။​

​အ​သက်​ ​၁၂​ ​နှစ်​အ​ရွယ်​ ​ဂျေ​ဒန်​အ​တွက်​ရော​၊​ ​သ​မီးငယ်​ ​ဝီ​လို​အ​တွက်ပါ​ ​မိ​မိ​အ​နေ​နှင့်​ ​ဂုဏ်​ယူ​ကြောင်း​ ​ဝီ​က​ဆို​သည်​။​ ​ဝီ​လို​နှင့်​ ​ပတ်​သက်​ပြီး​ ​နာ​မည်​ကျော်​ ​ဒီ​ဇိုင်​နာ​ ​တစ်ဦး​ဖြစ်​သည့်​ ​ဟန်း​က​ ​အ​ကောင်း​မြင်​ ​မျှော်​လင့်​နေ​ပြီး​ ​ဝီ​လို​ရော​၊​ ​လော​ဒက်​ပါ​ ​အ​တော်​ဆုံး​ ​ဒီ​ဇိုင်​နာ​များ​အ​ဖြစ်​ ​ထွန်း​တောက်​လာ​ဖွယ်​ရှိ​ကြောင်း​ ​မှတ်​ချက်​ပြု​​ ​ပြော​ဆို​ထား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here