အယ်​ကို​ဟော​ဓာတ်​က​ ​အ​ဆစ်​အ​မြစ်​ကိုက်​ခဲ​နာ​ကျင်​မှုကို​ ​တား​ဆီး​ပေး​နိုင်

alt

အ​ရက်​သည်​ ​ကျန်း​မာ​ရေး​အ​တွက်​ ​ဆိုး​ကျိုး​များ​ ​ဖြစ်​စေ​ နိုင်​သည့်​တိုင်​ ​တစ်​ဖက်​တစ်​လမ်း​မှ​လည်း​ ​အ​ထောက်​ အ​ကူ​ပြု​မှု​ အ​ချို့​ ​ရှိ​နေ​ကြောင်း​ ​သိ​ရ​သည်​။​ ​အယ်​ကို​ဟော​ဓာတ်​သည်​ ​အ​ဆစ်​အမြစ်​ ​ကိုက်​ခဲ​နာ​ကျင်​မှု​ ​ဝေ​ဒ​နာ​ကို​ ​တား​ဆီး​ပေး​နိုင်​ပြီး

​တစ်​ပါတ်​လျင်​ ​သုံး​ရက်​နှင့်​အ​ထက်​ ​တစ်​နေ့​အ​ရက်​တစ်​ခွက်​ ​သောက်​သူ​များ​သည်​ ​အ​ဆစ်​အ​မြစ်​ ​ကိုက်​ခဲ​မှု​ရော​ဂါ​ ​ဖြစ်​နိုင်​ခြေ​ ​သာ​မန်​ထက်​ ​လေး​ဆ​မျှ​ ​လျော့​ကျ​နေ​ကြောင်း​ ​သု​တေ​သီ​များ​က​ ​ပြော​ကြား​ခဲ့​သည်​။​

Rheumatology​ ​ဆေး​ပ​ညာ​ဂျာ​နယ်​တွင်​ ​အ​ဆို​ပါ​ ​တွေ့​ရှိ​မှု​ကို​ ​ဖော်​ပြ​ခဲ့​ပြီး​ CNN​ ​သ​တင်း​ဌာ​န​က​ ​ယင်း​ကို​ ​ကိုး​ကား​ရေး​သား​ထား​ခြင်း​ဖြစ်​သည်​။​ CNN​က​ ​တစ်​လ​တွင်​ ​ဆယ်​ရက်​မျှ​ ​အ​ရက်​တစ်​ခွက်​စီ​ ​ပုံ​မှန်​သောက်​ထား​သူ​များ​သည်​ ​အ​ဆစ်​အ​မြစ်​ ​ဝေ​ဒ​နာ​ ​ဖြစ်​နိုင်​ခြေ​ ​သိ​သိ​သာ​သာ​ ​လျော့​နည်း​နေ​သည်​ဟု​ ​ဖော်​ပြ​ခဲ့​သည်​။​ ​ထို့​အ​ပြင်​ ​ကိုက်​ခဲ​နာ​ကျင်​မှု​ ​ဝေ​ဒ​နာ​ ​ရှိ​နေ​သူ​များ​ပင်​လျင်​ ​ထို​ပ​မာ​ဏ​မျှ​ ​အ​ရက်​သောက်​ခြင်း​ဖြင့်​ ​သက်​သာ​မှု​ကို​ ​ရ​ရှိ​စေ​ကြောင်း​ ​သိ​ရ​သည်​။​ သို့​သော်​လည်း​ CNN​က​ ​အ​ရက်​နှင့်​ ​ပတ်​သက်​သည့်​ ​ကောင်း​ကျိုး​ ​ဆိုး​ပြစ်​များ​သည်​ ရှုပ်​ထွေး​နေ​ဆဲ​ဖြစ်​ပြီး​ ​တ​ရား​လွန်​ ​သောက်​သုံး​မှု​မျိုး​ကို​ ​ရှောင်​ကြဥ်​သင့်​ကြောင်း​ ​သ​တိ​ပေး​ထား​သည်​။​ ​

သု​တေ​သီ​များ​သည်​ ​ယ​ခု​စမ်း​သပ်​မှု​အ​တွက်​ ​ပုံ​မှန်​အ​ရက်​သောက်​သူ​ ​မည်​မျှ​ကို​ ​လေ့​လာ​ခဲ့​ကြောင်း​ ​ဖော်​ပြ​ထား​ခြင်း​ ​မ​ရှိ​ဟု​လည်း​ ​သိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here