​က​လေး​များ​ကို​ ​မု​ဒိမ်း​ကျင့်​ခဲ့​သည့်​ ​ဘတ်စ်​ကား​ဒ​ရိုင်​ဗာ

alt

မ​လေး​ရှား​ ရဲ​များ​က​ ​လူ​မ​မယ်​ ​မိန်း​က​လေး​ ​ကျောင်း​သူ​တစ်ဦး​အား​ ​ကျောင်း​ကား​ပေါ်​ရှိ​ ​အ​ခြား​သော​ ​က​လေး​များ​ ​ရှေ့​တွင်​ပင်​ ​မု​ဒိမ်း​ကျင့်​ခဲ့​သူ​ ​ဘတ်စ်​ကား​ ​ဒ​ရိုင်​ဗာ​၏​ ​အ​ခြား​သော​ ​သား​ကောင်​ဖြစ်​ခဲ့​သူ​များ​ကို​ ​ရှာ​ဖွေ​ဖော်​ထုတ်​ခဲ့​သည်​။​

ရဲ​တပ်​ဖွဲ့​၏​ ​အ​ဆို​အ​ရ​ ​အ​သက်​ ​၅၁​ ​နှစ်​အ​ရွယ်​ ​ဒ​ရိုင်​ဗာ​သည်​ ​ယ​ခု​သီ​တင်း​ပါတ်​အ​တွင်း​ ​ကျူး​လွန်​ခဲ့​သည့်​ ​ပြစ်​မှု​အ​ပါ​အ​၀င်​ ​အ​ခြား​သော​ ​က​လေး​ ​၂​ ဦး​ကို​လည်း​ ​လိင်​စော်​ကား​မှုများ​ ​ပြု​လုပ်​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။​ ​ယင်း​တို့​အ​နက်​ ​က​လေး​တစ်ဦး​သည်​ ​ဒ​ရိုင်​ဗာ​၏​ ​မွေး​စား​သ​မီး​ဖြစ်​ပြီး​ ​ကျန်​တစ်ဦး​ကို​မူ​ ​ရဲ​တပ်​ဖွဲ့​က​ ​ဖော်​ထုတ်​ပြော​ဆို​ခြင်း​ ​မ​ရှိ​သေး​ပေ​။​ ​ဒ​ရိုင်​ဗာ​၏​ ​သ​မီး​မှာ​ ​လွန်​ခဲ့​သော​ ​၆​ ​နှစ်​က​ ​သူ​မ​အ​သက်​ ​၄​ ​နှစ်​အ​ရွယ်​တွင်​ ​မွေး​စား​ခံ​ခဲ့​ရ​ခြင်း​ဖြစ်​သည်​။​ ​က​လေးငယ်​သည်​ ​ကာ​မ​ဘီ​လူး​ ​ဒ​ရိုင်​ဗာ​၏​ ​အ​ကြိမ်​ကြိမ်​ ​လိင်​ဆက်​ဆံ​ ​စော်​ကား​မှု​ကို​ ​ခံ​ခဲ့​ရ​ဟန်​ရှိ​ကြောင်း​ ​ရဲ​တပ်​ဖွဲ့​မှ​ ​ပြော​ရေး​ဆို​ခွင့်​ရ​ပု​ဂ္ဂိုလ်​ ​အာ​ဂျန်​နိုင်​ဒီ​ ​မို​ဟာ​မက်​က​ ​ပြော​ကြား​ခဲ့​သည်​။​

​အ​ခြား​က​လေး​ ​တစ်ဦး​၏​ ​မိ​ဘ​များ​သည်​ ​ယ​ခင်​က​ ရဲ​များ​ထံ​သို့​ ​တ​စုံ​တ​ရာ​ ​တိုင်​ကြား​မှု​ ​မ​ရှိ​ခဲ့​သော်​လည်း​ ​ယ​ခု​အ​ခါ​ ​၈​ ​နှစ်​မှ​ ​အ​သက်​ ​၂၀​ ​ကြား​ က​လေး​ ​၃​ ဦး​လုံး​ကို​ ကျန်း​မာ​ရေး​ ​စစ်​ဆေး​မှု​များ​ ​ပြု​လုပ်​နေ​ကြောင်း​ ​သိ​ရ​သည်​။​ ရဲ​များ​က​ ​အ​မည်​ဖော်​ပြ​ခြင်း​ ​မ​ရှိ​သည့်​ ​အ​ဆို​ပါ​ ​ဒ​ရိုင်​ဗာ​သည်​ ​ပြီး​ခဲ့​သည့်​ ​လ​ပိုင်း​အ​တွင်း​ ၎င်း​၏​ကား​ပေါ်​ ​လိုက်​ပါ​လာ​သည့်​ က​လေးငယ်​များ​ကို​ ​ပစ်​မှတ်​ထား​ ​မု​ဒိမ်း​ကျင့်​နေ​ခဲ့​ဖွယ်​ရှိ​ကြောင်း​ ​ပြော​ကြား​ထား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here