က​မ္ဘာ့​ဖ​လား​ အ​ဓိ​က ​ဇာတ်​ကောင်​ ဖြစ်​ခဲ့​သည့်​ ​ရေ​ဘ​ဝဲ​ ပေါ်လ်​ အ​ကြောင်း​ ​ရုပ်​ရှင်​ရိုက်​

alt

တရုတ်နိုင်ငံမှ ဒါရိုက်တာ တစ်ဦးသည် ကမ္ဘာ့ဖလား ဘောလုံးပွဲ ကာလ အတွင်း အဓိက ဇာတ်ကောင် တစ်ကောင် ဖြစ်ခဲ့သည့် ဂျာမနီ နိုင်ငံမှ ရေဘဝဲလေး ပေါလ် အကြောင်းကို ဇာတ်လမ်းဆင် ရုပ်ရှင် ရိုက်ကူးခဲ့ရာ ယခုအခါ ရုံတင်တော့မည်ဟု သိရသည်။

The Murder of Paul The Octopusဇာတ်ကားသည် ပုရောဟိတ် ရေဘဝဲအဖြစ် နာမည်ကျော်ခဲ့သည့် ပေါလ်အား ကမ္ဘာ့ဖလား ဘောလုံးပွဲအပြီး Documentaryအဖြစ် သွားရောက်မှတ်တမ်းတင် ရိုက်ကူးထားခြင်းဖြစ်သည်။ ပေါလ်သည် ဂျာမနီအသင်း၏ ကမ္ဘာ့ဖလား ပွဲစဥ်အားလုံးတို့အပြင် စပိန်နှင့် ဟော်လန်တို့ တွေ့ဆုံခဲ့သည့် ဗိုလ်လုပွဲစဥ်ကိုပါ အမှားအယွင်းမရှိ ဟောကိန်းထုတ်ခဲ့ပြီးနောက် ၈ ပွဲအတွက် ခန့်မှန်းရာ ၈ ပွဲလုံး ရာနှုန်းပြည့် မှန်ကန်ခဲ့သည်။ ပေါလ်မှာ ယခုအခါ စပိန်ပရိသတ်များအတွက် အချစ်တော် ဖြစ်နေသော်လည်း ဆီမီးဖိုင်နယ်တွင် စပိန်ကို အရေးနိမ့်ခဲ့သည့် ဂျာမန်ပရိသတ်များအတွက်မူ ရန်သူတော် တစ်ဦးသဖွယ် ရှုမြင်ခြင်း ခံနေရပြီး ၎င်းအား မီးကင်စားလိုသူ အမြောက်အမြား ရှိနေသည်။

ယခုအခါ ပေါလ်အကြောင်းကို ဘေဂျင်း Flimblog မီဒီယာ ကော်ပိုရေးရှင်နှင့် တရုတ်ရုပ်ရှင်လုပ်ငန်းတို့ ပူးပေါင်းရိုက်ကူးကာ ရုပ်ရှင်အဖြစ် ဖန်တီးခဲ့ပြီးနောက် ဩဂုတ်လဆန်းတွင် ရုံတင်ပြသသွားမည်ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here