​မွေး​ကင်း​စ​သား​သ​မီး​များ​ကို​ ​သတ်​ပစ်​ခဲ့​သည့်​ ​ပြင်​သစ်​အ​မျိုး​သ​မီး

alt

ပြင်​သစ်​နိုင်ငံ​မှ​ ​အ​မျိုး​သ​မီး​ ​တစ်ဦး​သည်​ ​သူ​မ​၏​ ​မွေး​ကင်း​စ​ ​က​လေး​များ​ကို​ ​၈​ ​ယောက်​အ​ထိ​ ​အ​စဥ်​တ​စိုက်​ ​သတ်​ဖြတ်​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။​ ​အ​သက်​ ​၄၆​ ​နှစ်​အ​ရွယ်​ ​ဒေါ​မ​နစ်​ကော​ထ​ရက်​သည်​ ၁၉၈၉​ ​ခု​နှစ်​မှ​ ​၂၀၀၆​ ​ခု​နှစ်​ထိ​ ​သူ​မ​မွေး​ဖွား​လာ​သ​မျှ​ ​ရင်​သွေး​တိုင်း​ကို​

​သတ်​ဖြတ်​ကာ​ ​အ​လောင်း​ကို​ ​ဖျောက်​ဖျက်​ခဲ့​ကြောင်း​ ​ရဲ​များ​ထံ​ ဝန်​ခံ​ခဲ့​သည်​။

​ ​သူ​မ​သည်​ ​အ​ရွယ်​ရောက်​ပြီး​ ​သ​မီး​နှစ်ဦး​ ​ရှိ​နေ​ပြီး​ ​နောက်​ထပ်​က​လေး​ ​မ​လို​ချင်​တော့​သ​ဖြင့်​ ​မွေး​လာ​သ​မျှ​ကို​ ​အ​သက်​ရှူ​မွန်း​ကြပ်​အောင်​ ​ဖိ​သတ်​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​ဒေါ​မ​နစ်​သည်​ ​က​လေး​အ​သေ​များ​ကို​ ​ပ​လပ်​စ​တစ်​ ​အိတ်​များ​တွင်​ထည့်​ကာ​ ​ယ​ခင်​နေ​ထိုင်​ခဲ့​သော​ ​နေ​အိမ်​ရှိ​ ဥ​ယျ​ာဥ်​နှင့်​ ​လက်​ရှိ​နေ​ထိုင်​သော​ ​နေ​အိမ်​မှ​ ​ကား​ဂို​ဒေါင်​အ​တွင်း​တို့​တွင်​ ​ဖျောက်​ဖျက်​ခဲ့​ကြောင်း​ ​ထွက်​ဆို​ခဲ့​သည်​။​ ​ရဲ​များ​သည်​ ​​ ​ဒေါ​မ​နစ်​တို့​ ​နေ​ထိုင်​ရာ​ ဇူ​လိုင်​လ​ ​၂၈​ ​ရက်​နေ့​က​ ဗဲ​လား​အူ​တာ​ထ​ရေး​ရွာ​တွင်​ ​က​လေး​အ​လောင်း​များ​ ​တွေ့​ရှိ​မှု​အ​တွက်​ ​ဒေါ​မ​နစ်​နှင့်​ ​သူ​မ​၏​ ​ခင်​ပွန်း​သည်​တို့​ကို​ ​ဖမ်း​ဆီး​ခဲ့​သည်​။​ ​သို့​သော်​လည်း​ ​သူ​မ​၏​ ​ခင်​ပွန်း​မှာ​ ​ဒေါ​မ​နစ်​ ​ကိုယ်​ဝန်​ရှိ​ခဲ့​သည့်​ ​အ​ကြိမ်​များ​ကို​ ​သ​တိ​ပင်​ ​မ​ထား​ခဲ့​မိ​ဘဲ​ ​ယ​ခု​ကျူး​လွန်​သော​ ​ကိ​စ္စ​နှင့်​လည်း​ ​မည်​သို့​မျှ​ ​မ​ပတ်​သက်​ကြောင်း​ ​ဖော်​ထုတ်​တွေ့​ရှိ​ပြီး​နောက်​ ​ပြန်​လွတ်​လာ​သည်​။​ ​လက်​သ​မား​ ​တစ်ဦး​ဖြစ်​သည့်​ ပီ​ရေး​မာ​ရီ​ဝီ​က​ ၎င်း​၏​ဇ​နီး​သည်​ ​လုပ်​ကိုင်​ခဲ့​သ​မျှ​ ​ကိ​စ္စ​တိုင်း​အ​တွက်​ ​ကြား​သိ​ရ​ချိန်​တွင်​ ​အ​လွန်​ခြောက်​ခြား​မိ​ကြောင်း​ ​ဝန်​ခံ​ခဲ့​သည်​။​

​ဒေါ​မ​နစ်​၏​ ​သ​မီး​ကြီး​သည်​ ​အ​သက်​ ​၂၂​ ​နှစ်​ ​ရှိ​နေ​ပြီ​ဖြစ်​သည်​။​ ​ဒေါ​မ​နစ်​က​ ​သူ​မ​သည်​ ​သ​မီး​ကြီး​အား​ ​ဖွား​မြင်​ပြီး​နောက်​ပိုင်း​ ​သား​ဖွား​ဆ​ရာ​ဝန်​များ​ထံ​ ​လုံး​ဝ​မ​ဆက်​သွယ်​တော့​ဟု​ဆို​သည်​။​ ​မွေး​ကင်း​စ​ ​က​လေး​များ​ကို​ ​သတ်​ဖြတ်​မှု​သည်​ ​ပြင်​သစ်​လူ့​အ​ဖွဲ့​အ​စည်း​တွင်​ ​အ​ကျည်း​တန်​လှ​သည့်​ ​ကိ​စ္စ​တစ်​ခု​ဖြစ်​လာ​ခဲ့​ပြီး​ ​ဒေါ​မ​နစ်​၏​ ​လုပ်​ရပ်​မှာ​မူ​ ​အ​ဆိုး​ရွား​ဆုံး​ဖြစ်​သည်​။​ ​သူ​မ​အား​ ​ရဲ​တပ်​ဖွဲ့​က​ ​ထောင်​ဒဏ်​ ​တစ်​သက်​ထိ​ ​ချ​မှတ်​နိုင်​သည့်​ ​၁၅​ ​နှစ်​အောက်​ ​က​လေးငယ်​များ​အား​ ​သတ်​ဖြတ်​မှု​ဖြင့်​ ​စွဲ​ချက်​တင်​ထား​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here