Wireless​ ​သုံး​ ​ကျန်း​မာ​ရေး​ ​အ​နီး​ကပ်​စောင့်​ကြ​ည့်​မည့်​ ​ကိ​ရိ​ယာ

alt

သု​တေ​သီ​များ​သည်​ Wireless​ ​သုံး​ ​ကျန်း​မာ​ရေး​ ​အ​နီး​ကပ်​ ​စောင့်​ကြည့်​မည့်​ ​အာ​ရုံ​ခံ​ ​ကိ​ရိ​ယာ​ ​တစ်​ မျိုး​ကို​ ​တီ​ထွင်​နေ​ကြောင်း​ ​သိ​ရ​သည်​။​

​ယင်း​ကိ​ရိ​ယာ​သည်​ ​လူ​တစ်ဦး​၏​ ​ခ​န္ဓာ​ကိုယ်​အ​တွင်း​ ​သ​ကြား​ဓာတ်​ ​ပါ​ဝင်​နေ​မှု​ကို​ ​ ခြေ​ရာ​ခံ​ ​ထောက်​လှမ်း​​နေ​မည်​ဖြစ်​သည်​။ ​အ​ပြင်​ ​ဆီး​ချို​ဖြစ်​နိုင်​သည့်​ ​အ​ခြေ​အ​နေ​များ​အ​တွက်​လည်း​ Wireless​ ​စ​နစ်​ဖြင့်​ သ​တင်း​ပေး​ပို့​နိုင်​မည်​ဟု​ဆို​သည်​။​ ထို့​ကြောင့်​လည်း​ ​လူ​အ​များ​အား​ Type​ 2​ ​ဆီး​ချို​ ​မ​ဖြစ်​ခင်​ ​ကြို​တင်​ကာ​ကွယ်​ရေး​အ​တွက်​ ​များ​စွာ​အ​ထောက်​အ​ကူ​ ​ဖြစ်​နိုင်​လိမ့်​မည်​ဟု​ ​ကိ​ရိ​ယာ​အား​ ​တီ​ထွင်​နေ​သည့်​ ​အ​မေ​ရိ​ကန်​နိုင်ငံ​၊​ ​ဆန်​ဒီ​ယေ​ဂို​ရှိ​ ​ကယ်​လီ​ဖိုး​နီး​ ယား​ ​တ​က္က​သိုလ်​မှ​ ​ပ​ညာ​ရှင်​များ​က​ ​ပြော​ကြား​ခဲ့​သည်​။​ ​

ယင်း​ကိ​ရ​ယာ​ကို​ ​တီ​ထွင်​နေ​သည့်​ ​ပ​ရော်​ဖက်​ဆာ​ ​ဒေး​ဗစ်​ဂေါ​က​ ​ကိ​ရိ​ယာ​ကို​ ​တစ်​နှစ်​ပတ်​လုံး​ Run​​ ထား​နိုင်​ကြောင်း​၊​ ​ယင်း​သည်​ ​သွေး​အ​တွင်း​ ​သ​ကြား​ပါဝင်​မှု​ကို​ ​အ​ချိန်​နှင့်​တ​ပြေး​ညီ​ ​သ​တင်း​ ပေး​ပို့​နေ​ပြီး​ ​လူ​တစ်ဦး​စီ​ကို​ ​ကျန်း​မာ​ရေး​ ​စောင့်​ရှောက်​ထား​မည်​ဖြ​စ်​ကြောင်း​ ​ရှင်း​ပြ​သွား​သည်​။​ ယင်း​ကိ​ရိ​ယာ​ကို​ ​လူ​သား​ များ​တွင်​ ​လာ​မည့်​လ​အ​နည်းငယ်​အ​တွင်း​ ​စ​တင်​အ​သုံး​ပြု​နိုင်ရန်​ ​မျှော်​လင့်​ထား​ကြောင်း​ ​ပ​ရော်​ဖက်​ဆာ​ ​ဒေး​ဗစ်​က​ ​ပြော​ ကြား​သွား​သည်​။​

​ကိ​ရိ​ယာ​သည်​ ​သွေး​နှင့်တစ်​သျှူး​များ​အ​တွင်း​ ​အောက်​စ​ဟီ​ဂျင်​ဓာတ်​နှင့်​ ​ဂ​လူး​ကို့စ်​ ​ပ​မာ​ဏ​တို့​ကို​ ​တိုင်း​ တာ​တွက်​ချက်​ပေး​နိုင်​သည်​။​ ​အ​ဆို​ပါ​ ​ကိ​ရိ​ယာ​ကို​ ​လူ​နှင့်​ ​၁၀​ ​ပေ​မှ​ ​၁၂​ ​ပေ​အ​ကွာ​ထိ​ ​ထား​ရှိ​ကာ​ ​ကျန်း​မာ​ရေး​ ​စီ​စစ်​ ထောက်​လှမ်း​ပေး​မှု​ ​ပြု​လုပ်​စေ​နိုင်​မည်​ဟု​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here