ခ​ရု​ကောင်​များ​၏​ ​တံ​တွေး​မှ​ ​အာ​နိ​သင်​ထက်​ ​အ​ကို​အ​ခဲ​ပျောက်​ဆေး​ ​ထုတ်​လုပ်ရန်​​ စီ​စဥ်

alt

သိ​ပ္ပံ​ပ​ညာ​ရှင်​များ​သည်​ ​အာ​နိ​သင်​ ​ထက်​မြက်​သည့်​ ​အ​ကိုက်​အ​ခဲ​ ​ပျောက်​ဆေး​တစ်​မျိုး​ကို​ ​ခ​ရု​၏​ ​တံ​ တွေး​မှ​ ​ထုတ်​လုပ်​ရန်​ ​စီ​စဥ်​နေ​ကြောင်း​ ​သိ​ရ​သည်​။​

​ပင်​လယ်​နေ​ ​ခ​ရု​တစ်​မျိုး​သည်​ ၎င်း​၏​သား​ကောင်​များ​ကို​ ​ဖမ်း​ယူ​ရာ​တွင်​ ​ ဓာ​တု​ပ​စ္စည်း​ ​တစ်​မျိုး​ပါဝင်​သည့်​ ​တံ​တွေး​ကို​ ​အ​သုံး​ချ​လေ့​ရှိ​ပြီး​ ​ယင်း​ဓာ​တု​ပ​စ္စည်း​သည်​ ​မော်​ဖင်း​ကဲ့​သို့​ ​ကိုက်​ခဲ​နာ​ကျင်​မှု​ကို​ ​ လျော့​ကျ​စေ​သည့်​ ​စွမ်း​ရည်​ထူး​ရှိ​ကြောင်း​ ​သု​တေ​သီ​များ​က​ ​တွေ့​ရှိ​ခဲ့​သည်​။​ ​ထို့​အ​ပြင်​ ​လူ​သား​များ​ကို​ ​ဘေး​ဖြစ်​စေ​မည့်​ ​ဆိုး​ ကျိုး​အာ​နိ​သင်​မျိုး​လည်း​ ​မ​တွေ့​ရ​ဟု​ဆို​သည်​။​ ​

သု​တေ​သီ​များ​သည်​ ​ယ​ခင်​က​ ​ဓာ​တု​ပ​စ္စည်း​တစ်​မျိုး​ကို​ ​အ​ကိုက်​အ​ခဲ​ ​လျော့​ နည်း​သက်​သာ​စေ​သည့်​ ​ထူး​ခြား​သော​ ​ဆေး​စွမ်း​ကောင်း​တစ်​ခု​အ​ဖြစ်​ ​စမ်း​သပ်​ထား​သော်​လည်း​ ​ယင်း​ကို​ ​ကျော​ရိုး​ထဲ​ ​တိုက်​ ရိုက်​ထိုး​ထည့်​ရ​ပြီး​ ​ပ​မာ​ဏ​ ​အ​ကန့်​အ​သတ်​များ​ ​ရှိ​နေ​ခြင်း​အ​တွက်​ ​တွင်​တွင်​ကျယ်​ကျယ်​ ​အ​သုံး​မ​ချ​နိုင်​ခဲ့​ပေ​။​ ​သို့​သော်​လည်း​ ဩ​စ​တြေး​လျ​နိုင်ငံ​၊​ ​ကွင်း​စ​လန်​ ​တ​က္က​သိုလ်​မှ​ ​သု​တေ​သီ​ ​ဒေး​ဗစ်​က​ရိတ်​ ဦး​ဆောင်​သော​ ​ပ​ညာ​ရှင်​များ​သည်​ ​သောက်​ဆေး​အ​ ဖြစ်​ ​သုံး​စွဲ​နိုင်​မည့်​ ​ကိုက်​ခဲ​နာ​ကျင်​မှု​ ​ပျောက်​ဆေး​တစ်​မျိုး​ကို​ ​ပင်​လယ်​ခ​ရု​ ​တံ​တွေး​ဖြင့်​ ​ဖော်​ထုတ်​ရန်​ ​စီ​စဥ်​နေ​ပြီ​ဖြစ်သည်​။​

ယင်း​ဆေး​သည်​ ​အ​ကိုက်​အ​ခဲ​ ​ပျောက်​ဆေး​များ​၏​ ​ကန့်​သတ်​မှု​ ​စည်း​ဘောင်​ကို​ ​ပယ်​ဖျက်​ပစ်​နိုင်​မည်​ဟု​ ​ဒေါက်​တာ​ဒေး​ဗစ်​က​ ​မျှော်​လင့်​လျက်​ရှိ​သည်​။​ ​စမ်း​သပ်​မှု​ ​ရ​လဒ်​များ​က​ ​ကျေ​နပ်​ဖွယ်​ ​ရှိ​နေ​သည့်​တိုင်​ ​ယင်း​ဆေး​ဝါး​ကို​ ​တ​ရား​၀င်​ ​စ​တင်​ထုတ်​လုပ်​ ရေး​မှာ​မူ​ အ​ချိန်​ယူ​ရဦး​မည်​ဟု​လည်း​ ​ဒေါက်​တာ​ဒေး​ဗစ်​က​ ​ပြော​ကြား​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here