အ​မေ​ရိ​ကန်​တွင်​ ​တော​မီး​ သ​တိ​ပေး​ချက်​ကြောင့်​ ​အ​ရေး​ပေါ်​ပြောင်း​ရွှေ့​ရ

alt

အ​မေ​ရိ​ကန်​နိုင်ငံ​ ​လော့စ်​အိန်​ဂျယ်​လိစ်​မြို့​မှ​ ​မြောက်​ဖက်​မိုင်​ပေါင်း​ ​၂၂၀ဝ​ ​ခန့်​ရှိ​ ​လီ​ယွန်​နာ​ဗယ်​လီ​မြို့​မှ​ ​လူ​များ​သည်​ ​တော​မီး​သ​တိ​ပေး​ချက်​ကြောင့်​ ​အ​ရေး​ပေါ်​ ​ပြောင်း​ရွှေ့​ခဲ့​ရ​သည်​။​

​ဇူ​လိုင်​လ​ ​၂၉​ ​ရက်​နေ့​က​ ​တော​မီး​သည်​ ​အ​ ရှိန်​ကောင်း​ကောင်း​ ​လောင်​ကျွမ်း​ကာ​ ​နေအိမ်​နှင့်​ ​အ​ခြား​သော​ ​တိုက်​တာ​အ​ဆောက်​အ​အုံ​များ​ကို​ ​လောင်​ကျွမ်း​ခဲ့​ကြောင်း​ ​ ဒေ​သ​ခံ​ ​မီး​သတ်​တပ်​ဖွဲ့​က​ဆို​သည်​။​ ​လော့စ်​အိန်​ဂျယ်​လိစ်​ ​မီး​သတ်​ဌာ​န​ ​ပြော​ရေး​ဆို​ခွင့်​ရ​ ​မတ်​လီ​ဗက်​စ​ကီး​က​ ​မီး​လောင်​နေ​ ကြောင်း​ ​သ​တင်း​ပေး​ပို့​မှု​များ​က​ ​ဇူ​လိုင်​လ​ ​၂၉​ ​ရက်​နေ့​က​ ​စ​တင်​ရ​ရှိ​ပြီး​ ​ယ​ခု​အ​ခါ​ ​အ​နည်း​ဆုံး​ ​သစ်​တောဧ​ရိ​ယာ​ ဧ​က​ ​၄၅၀၀​ ​မျှ​ ​လောင်​ကျွမ်း​ခဲ့​ပြီး​ဟု​ ​ယူ​ဆ​ရ​ကြောင်း​ ​ပြော​ကြား​သွား​သည်​။​

​လီ​ဗက်​စ​ကီး​က​ ​ထို​ဒေ​သ​တွင်​ ​လေ​တိုက်​နှုန်း​ ​ပြင်း​ထန်​နေ​ ခြင်း​က​ ​မီး​ကို​ပို​မို​ ​အ​ရှိန်​ကောင်း​စေ​ပြီး​ ​မီး​သတ်​တပ်​ဖွဲ့​များ​ ​အ​လုပ်​လုပ်​ရာ​တွင်​ ​အ​ခက်​အ​ခဲ​ ​တွေ့​စေ​ကြာင်း​ ​ပြော​ကြား​ခဲ့​ သည်​။​ ​သို့​သော်​လည်း​ ​ပမ်း​ဒေး​ဒေ​သ​တွင်​ ​ပျံ့​နှံ့​လောင်​ကျွမ်း​နေ​သည့်​ ​မီး​ကြောင့်​ ​မည်​မျှ​ထိ​ ​ဆုံး​ရှုံး​ပျက်​စီး​မှု​ ​ရှိ​နေ​သည်​ကို​ ​မီး​ သတ်​တပ်​ဖွဲ့​က​ ​မ​ပြော​ကြား​ခဲ့​သေး​ချေ​။​ ​အ​ဆို​ပါ​ဒေ​သ​သည်​ ​ချယ်​ရီ​သီး​နှင့်​ ​ဝိုင်​ချက်​လုပ်​ရန်​ ​စ​ပျစ်​သီး​များ​ ​ထွက်​ရှိ​မှု​ကြောင့်​ ​ နာ​မည်​ကျော်​ကြောင်း​လည်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here