​ပါ​က​စ္စ​တန်​တွင်​ ​ရေ​လွှမ်း​မိုး​မှု​များ​ကြောင့်​ ​သေ​ဆုံး​သူ​ ​၂၆​၇ ဦး​ထိ​ ရှိ​

alt

ပါ​က​စ္စ​တန်​တွင်​ ၃​ ​ရက်​အ​တွင်း​ ​ရေ​လွှမ်း​မိုး​မှု​များ​ကြောင့်​ ​သေ​ဆုံး​သူ​ ​အ​ရေ​အ​တွက်မှာ​ ​ဇူ​လိုင်​လ​ ​၃၀​ ​ ရက်​နေ့​တွင်​ ​၂၆၇​ ဦး​ထိ​ ​ရှိ​လာ​ပြီ​ဟု​ ​သိ​ရ​သည်​။​

​မြစ်​ချောင်း​များ​ ​ရေ​လျှံ​ပြီး​ ​ရွာ​များ​နစ်​မြုပ်​မှု​၊​ ​မြေ​ပြို​မှု​များ​ကြောင့်​ ​သေ​ဆုံး​သူ​ ​အ​ရေ​အ​တွက်​သည်​ ​ဆက်​လက်​မြင့်​တက်​လာ​နိုင်​ကြောင်း​ ​အ​စိုး​ရ​ ​တာ​ဝန်​ရှိ​သူ​များ​က​ ​ဝန်​ခံ​ပြော​ကြား​ခဲ့​သည်​။​ ​အ​နောက်​ မြောက်​ပိုင်း​ ​ဒေ​သ​များ​သည်​ ​အ​ဆိုး​ရွား​ဆုံး​ ​ရေ​လွှမ်း​မိုး​မှု​များ​ကို​ ​ကြံု​တွေ့​နေ​ရ​ပြီး​ ​ယင်း​သည်​ ​၁၉၂၉​ ​ခု​နှစ်​နောက်​ပိုင်း​ ​ပါ​က​ စ္စ​တန်​ ​သ​မိုင်း​တွင်​ ​အ​ဆိုး​ရွား​ဆုံး​ဖြစ်​ကြောင်း​ ​ပြန်​ကြား​ရေး​ဝန်​ကြီး​ ​မီ​ယန်​အီ​ဖစ်​ကာ​ ​ဟူ​စိန်​က​ ​ပြောာ​ကား​ခဲ့​သည်​။​ အ​ နည်း​ဆုံး​ ​လူ​ ​၂၄၅​​ ဦး​မျှ​ ​ဒေ​သ​အ​သီး​သီး​တွင်​ ​၃​ ​ရက်​အ​တွင်း​ ​သေ​ဆုံး​ခံ​ကြောင်း​ ​ကယ်​ဆယ်​ရေး​ ​လုပ်ငန်း​များ​ ​ဆောင်​ရွက်​ နေ​သည့်​ ​အီ​ဒီ​ဖောင်​ဒေး​ရှင်း​မှ​ ​မူ​ဂျာ​ဟစ်​ခန်​က​ ​ပြော​ကြား​ခဲ့​သည်​။​ ပါ​က​စ္စ​တန်​ ​ရုပ်​မြင်​သံ​ကြား​ ​ဌာ​န​များ​သည်​ ​အ​ကြီး​အ​ကျယ်​ ​ရေ​လွှမ်း​မိုး​ ​ပျက်​စီး​မှု​များ​ ​ဖြစ်​ပေါ်​နေ​သည့်​ ​ဒေ​သ​များ​၏​ပုံ​ကို​ ​ထုတ်​လွှင့်​ပြ​သ​ခဲ့​သည်​။​

​ပါ​က​စ္စ​တန်​က​ ​ထိန်း​ချုပ်​ထား​သည့်​ ​ ကက်​ရှ​မီး​ယား​တွင်​ ​လူ​ ​၂၂​ ဦး​ ​သေ​ဆုံး​ကြောင်း​ ​အ​ဆို​ပါ​ဒေ​သ​ ​အုပ်​ချုပ်​ရေး​တာ​ဝန်​ရှိ​သူ​များ​က​ ​ပြော​ကြား​ခဲ့​သည်​။​ ဆွက်​ တောင်​ကြား​ ​ဒေ​သ​တွင်​လည်း​ ​လူ​ပေါင်း​ထောင်​နှင့်​ချီ​ ​ရွှေ့​ပြောင်း​ခဲ့​ရ​ပြီး​ ​အိမ်​ခြေ​ ​၅၀၀၀​ ​ကျော်​ ​ပျက်​စီး​ခဲ့​ရ​သည်​။​ ​အ​နောက်​ မြောက်​ပိုင်း​ ​ဒေ​သ​များ​တွင်​လည်း​ ​လူ​ပေါင်း​ ​လေး​သိန်း​ကျော်​ ​ရေ​ဘေး​ကြံု​နေ​ကြောင်း​ ​ခန်​က​ဆို​သည်​။​ ​အ​နောက်​တောင်​ပိုင်း​ ​ဘယ်​လူ​ချီ​စတ်​တွင်​လည်း​ ​ဇူ​လိုင်​လ​ ​၂၉​ ​ရက်​နေ့​က​ ​မိုး​များ​သည်း​ထန်​စွာ​ ​ရွာ​သွန်း​ပြီး​ ​ရေ​ကြီး​မှု​များ​ကြောင့်​ ​၄၁​ ဦး​ထက်​မ​ နည်း​ ​သေ​ဆုံး​ပြီး​ ​တစ်​သိန်း​ခွဲ​ကျော်​မျှ​ ​ရေ​ကြီး​မှု​ကြောင့်​ ​ဒု​က္ခ​တွေ့​နေ​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here