ရင်​သား​ကြီး​ထွား​အောင်​ ​မိုင်​လီ​ဆိုင်း​ရပ်​ ​ကြံ​စည်​နေ​

alt

မီ​လီ​ဆိုင်း​ရပ်​တစ်​ယောက်​ ​ရင်​သား​ကြီး​ထွား​အောင်​ ​ပြု​ပြင်​မှု​များ​ ​ပြု​လုပ်​ရန်​ ​ကြံ​ရွယ်​နေ​ကြောင်း​ ​သ​တင်း​များ​ ​ထွက်​ပေါ်​လျက်​ရှိ​သည်​။​

​အ​သက်​ ​၁၇​ ​နှစ်​အ​ရွယ်​ရှိ​ ​အ​ဆို​တော်​ ​မင်း​သ​မီး​လေး​သည်​ ​သူ​မ​၏​ ​သီ​ချင်း​ဗီ​ဒီ​ယို​ Can’t​ Be​ Tamed​တွင်​ ​ခ​န္ဓာ​ကိုယ်​ ​နေ​ရာ​အ​တော်​များ​များ​ကို​ ​ဖော်​ပြ​ခဲ့​သူ​လည်း​ဖြစ်​သည်​။​ ​ယ​ခု​အ​ခါ​​ In Touch​ ​မ​ဂ္ဂ​ဇင်း​က​ ​မီ​လီ​၏​ ​ သူငယ်​ချင်း​များ​၏​ ​စ​ကား​ကို​ ​ကိုး​ကား​ပြီး​ Hannah​ Montana​ ​စ​တား​ ​မီ​လီ​သည်​ ​ရင်​သား​ကြီး​ထွား​ရန်​ ​ဆ​န္ဒ​ရှိ​နေ​ကြောင်း​ ​ ဖော်​ပြ​ခဲ့​သည်​။​ သူ​မ​အ​နေ​နှင့်​ ​ထို​ခွဲ​စိတ်​ပြု​ပြင်​မှု​မျိုး​ ​ပြု​လုပ်​ခွင့်​ရ​မည့်​ ​အ​သက်​အ​ရွယ်​တွင်​ ​မ​ရှိ​သေး​သော်​လည်း​ မီ​လီ​မှာ​မူ​ ​စိတ်​ ၀င်​စား​နေ​ကြောင်း​ ​သိ​ရ​သည်​။​ ​မီ​လီ​၏​ ​သူငယ်​ချင်း​ ​တစ်ဦး​က​ ​မီ​လီ​သည်​ ​သူ​မ​၏​အ​သက်​ ​၁၈​ ​နှစ်​ပြည့်​မြောက်​မည့်​ ​နို​၀င်​ဘာ​လ​ ​မ​တိုင်​မီ​ ​ထို​သို့​သော​ ​ခွဲ​စိတ်​ပြု​ပြင်​မှု​ ​ခံ​ယူ​ခွင့်​ရ​ရန်​ ​မျှော်​လင့်​နေ​ကြောင်း​ ​ဖွင့်​ဟ​ပြော​ကြား​ခဲ့​သည်​။​ ​

ဖျော်​ဖြေ​ရေး​ ​သ​တင်း​ဝက်​ ဆိုက်​ Gossip​ Cop​က​မူ​ ​မီ​လီ​သည်​ ​အ​ဆို​ပါ​ ​ခွဲ​စိတ်​မှု​မျိုး​အ​တွက်​ ​ဆ​န္ဒ​မ​ရှိ​ကြောင်း​နှင့်​ In​ Touch​​ ၏​ ​ဖော်​ပြ​မှု​မှာ​ ​လွဲ​မှား​နေ​ ခြင်း​ဖြစ်​ကြောင်း​ ​ရေး​သား​ထား​သည်​။​ Gossip​ Cop​ ​က​ ​မီ​လီ​သည်​ ​ထို​ကဲ့​သို့​ ​စိတ်​ကူး​မျိုး​ ​မ​ရှိ​ကြောင်း​၊ ​သူ​မ​သည်​ ​လက်​ရှိ​အ​ ချိုး​အ​စား​အ​တွက်​ ​အ​မြဲ​ကျေ​နပ်​နှစ်​သိမ့်​နေ​ကြောင်း​ ​ဖော်​ပြ​ထား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here