အ​မျိုး​သ​မီး​များ​အောက်​ပိုင်း​ကို​ ​ဓာတ်​ပုံ​ခိုး​ရိုက်​သည့်​ ​စင်​ကာ​ပူ​သား​ ​စွဲ​ချက်​များ​စွာ​ရင်​ဆိုင်​နေ​ရ

alt

အမျိုးသမီးများ၏ ခန္ဓာကိုယ် အောက်ပိုင်းကို ခိုးကြောင် ခိုးဝှက် ဓာတ်ပုံ ရိုက်သည့် စင်္ကာပူ လူမျိုး တစ်ဦးမှာ ယခု အခါ စွဲချက်ပေါင်း ၈၅ ခုနှင့် ရင်ဆိုင် နေရကြောင်း သိရသည်။

လွန်ခဲ့သော ၂ နှစ်အတွင်း ထုတ်လုပ်မှု အင်ဂျင်နီယာ တစ်ဦး ဖြစ်သည့် သမ်နမ်ဆန်းသည် အမျိုးသမီးများ၏ စကက်များ အောက်ဖက်မှ ပုံရိပ်များကို ဓာတ်ပုံ ခိုးရိုက် ခဲ့ခြင်းဟု သိရသည်။ အသက် ၄၇ နှစ်ရှိ သမ်၏ ပြစ်မှုများ အပေါ် စင်္ကာပူ တရားရုံးက ကြားနာ လျက်ရှိပြီး ၎င်း၏ ရှေ့နေကမူ ပိုမို ခိုင်လုံသည့် အထောက်အထားများ ပြသရန် တောင်းဆို ထားသည်။ ပြီးခဲ့သည့် သီတင်းပါတ်က ကြားနာ စစ်ဆေးမှု ခံယူ ပြီးနောက် တရားရုံးမှ ထွက်လာသည့် သမ်မှာ စိုးရိမ် ထိတ်လန့် နေဟန် ရှိကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ၎င်း၏ ရှေ့နေက စွပ်စွဲထားမှု အများစုသည် သံသယ အနေအထားတွင်သာ ရှိနေကြောင်း Straight Times သတင်းစာသို့ ပြောကြားခဲ့သည်။ တရားရုံး မှတ်တမ်းများအရ သမ်သည် ဒီဂျစ်တယ် ကင်မရာတစ်လုံးကို ပလပ်စတစ် အိတ်တစ်လုံးတွင်ထည့်ကာ သိုဝှက်ပြီး အမျိုးသမီး၏ အဝတ်အစားမဲ့ အောက်ပိုင်းပုံရိပ်များကို ၂၀၀၈ ခုနှစ်ကတည်းက ထောင်ချောက်ဆင် ရိုက်ကူးနေခဲ့ကြောင်း ပါရှိသည်။

တရားရုံးက ဗီဒီယိုမှတ်တမ်း ၈၅ ခုကို သိမ်းဆည်းရရှိထားကြောင်း ပြောဆိုထားသော်လည်း အမျိုးသမီး ၈၅ ဦးအတွက်လော၊ တစ်ဦးတည်း နှစ်ကြိမ်သုံးကြိမ် သားကောင်ဖြစ်ခဲ့သူများ ရှိနေသလောဆိုသည်ကိုမူ တိတိကျကျ မကြေညာထားကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here