​အ​တတ်​ဆန်း​သည့်​ ​ဓာတ်​ပုံ​ဆ​ရာ​ ​မ​တော်​တ​ဆ​ ​ဖြစ်ရပ်​ကြောင့်​ သေ​ဆုံး

alt

အီ​တ​လီ​နိုင်ငံ​မှ​ ​အ​တတ်​ဆန်း​သော​ ​ဓာတ်​ပုံ​ဆ​ရာ​ ​တစ်ဦး​သည်​ ​မ​င်္ဂလာ​ပွဲ​ ​တစ်​ခု​အ​တွင်း​ ​ကြေ​ကွဲ​ဖွယ်​ ​မ​တော်​တ​ဆ​ ​ဖြစ်​ရပ်​တစ်​ခု​ကြောင့်​ ​သေ​ဆုံး​သွား​ခဲ့​သည်​။​ ​အ​သက်​ ​၄၅​ ​နှစ်​အရွယ်​ ​ကာ​လို​ဂါ​ရို​ ​ဆီ​မီ​ယာ​သည်​ သ​တို့​သား​နှင့်​ ​သ​တို့​သ​မီး​တို့​ကို​ ​ခပ်​ဆန်း​ဆန်း​ပုံ​ဖြစ်​အောင်​ ​သေ​နတ်​တစ်​လက်​ဖြင့်​ Post​ပေး​ခိုင်း​ရာ​မှ​ ​ကျည်​ဆန်​ထွက်​ပြီး​ ​ခေါင်း​သို့​မှန်​ကာ​ ​သေ​ဆုံး​သွား​ခြင်း​ဖြစ်​သည်​။​

​အ​သက်​ ​၂၂​ ​နှစ်​အ​ရွယ်​ ​ဗ​လန်​တီ​နာ​ ​အန်​တီ​ယာ​နှင့်​ ​သူ​မ​၏​ ​ခင်​ပွန်း​ဖြစ်​သူ​ ​အ​သက်​ ​၂၅​ ​နှစ်​အ​ရွယ်​ ​အစ်​နာ​ဇီ​ယို​ ​လီ​ကို​ဒီ​ယာ​တို့​သည်​ ​ယ​ခု​ဖြစ်​စဥ်​ကြောင့်​ ​မ​င်္ဂလာ​ပွဲ​အား​ ​ဖျ​က်​သိမ်း​လိုက်​ရ​သည်​။​ ​ပါ​လာ​မို​မြို့​၊​ ​အယ်​တို​ဖွန်​တီ​ ​ဘု​ရား​ကျောင်း​ရှေ့​တွင်​ ​ဖြစ်​ပွား​ခဲ့​သည့်​ ​ကိ​စ္စ​နှင့်​ ​ပတ်​သက်​ပြီး​ ​မျက်​မြင်​တစ်ဦး​က​ ​လူ​တိုင်း​သည်​ ​မ​ယုံ​နိုင်​အောင်​ ​ဖြစ်​ခဲ့​ရ​ပြီး​ ​အ​ထူး​ပင်​ ​ထိတ်​လန့်​တုန်​လှုပ်​သွား​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​ ​ဒု​တိ​ယ​မြို့​တော်​ဝန်​ ​အန်​ဂျီ​လာ​ ​ဘူ​ဆယ်​လီ​နီ​က​ ​မ​င်္ဂလာ​ဇ​နီး​မောင်​နှံ​သည်​ ​အ​လွန်​ခြောက်​ခြား​နေ​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​

​ရဲ​တပ်​ဖွဲ့​ ​ပြော​ရေး​ဆို​ခွင့်​ရ​ ​အ​ရာ​ရှိ​ ​ရဲ​မှူး​ကြီး​ ​တီ​ယို​လူး​ဝစ်​က​လည်း​ ​ကျည်​ဆန်​သည်​ ​မ​တော်​တ​ဆ​ ​ထွက်​သွား​ပြီး​ ​ကာ​လို​ဂါ​ရို​၏​ ​ခေါင်း​တည့်​တည့်​အား​ ​မ​ှန်​ခဲ့​ခြင်း​ဟု​ ​ပြော​ဆို​သွား​သည်​။​ ​ကာ​လို​ဂါ​ရို​သ​ည်​ ​ပါ​လာ​မို​မြို့​တွင်​ ​နာ​မည်​ကြီး​သည့်​ ​ဓာတ်​ပုံ​ဆ​ရာ​ ​တစ်ဦး​လည်း​ဖြစ်​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here