ပျက်​စီး​ယို​ယွင်း​နေ​သည့်​ ​သွား​များ​ကို​ ​ပြန်​လည်​​ ပြု​ပြင်​နိုင်​သည့်​ ​ဂျယ်​တစ်​မျိုး​ ​တီ​ထွင်​လျက်​ရှိ

alt

ပြင်သစ်နိုင်ငံမှ ပညာရှင်များက ပျက်စီး ယိုယွင်း နေသော သွားများကို ပြန်လည် ပြုပြင် ပေးနိုင်သော ဂျယ် တစ်မျိုးကို တီထွင် နေကြောင်း သိရသည်။

ယင်းဂျယ်သည် ပိုးစားခြင်း ကဲ့သို့ ဖြစ်ရပ်များကြောင့် ပျက်စီး နေသည့် သွားများ အတွင်း ဆဲလ်များကို တိုးပွားစေပြီး တစ်သျှူးများကို ပြန်လည် ဖွဲ့စည်းကာ သွားများ ပြန်လည် ခိုင်ခံ့ မာကြောအောင် စွမ်းဆောင် ပေးနိုင် မည်ဟု ဆိုသည်။ ယင်းဂျယ်တွင် melanocyte-stimulating ဟိုမုန်း (MSH) ပါ၀င်မည်ဟု သိရသည်။ MSHသည် အသားရောင် ခွဲခြားပေးခြင်းအတွက် လူသိများသည့် ဟိုမုန်းဖြစ်ပြီး MHS များလေလေ၊ အသားရောင် ရင့်လေလေ ဖြစ်သည်။ သို့သော်လည်း မကြာသေးမီက တွေ့ရှိ ခဲ့သည့် သုတေသန ရလဒ်များက MSHသည် အရိုးနှင့် သွားများကို ပြန်လည် ကောင်းမွန်အောင် လှုံ့ဆော် ပေးသည့် စွမ်းရည်ထူး ရှိကြောင်း ဖော်ထုတ် နိုင်ခဲ့သည်။

ပဲရစ်မြို့ ကျန်မာရေးနှင့် ဆေးပညာ သုတေသဌနာက အဆိုပါ ဟိုမုန်းဖြင့် သွားများကို ပြန်လည်ကုစားရန် နည်းလမ်းအား စတင်စမ်းသပ်ပြီး ယင်းဂျယ်ကို တီထွင်ခဲ့ခြင်းဖြစ်သည်။ ယင်းတို့၏ လေ့လာတွေ့ရှိမှုကို အမေရိကန် ဓာတုဆေးပညာ ဂျာနယ်တွင် ဖော်ပြခဲ့သည်။ သွားများ ယိုယွင်းပျက်စီးမှုသည် ဗြိတိန်တွင် အဖြစ်အများဆုံး ကျန်းမာရေး ချွတ်ယွင်းမှု တစ်ခုဖြစ်ပြီး သွားများပြန်လည်ပြုပြင်ရန် ဗြိတိန်ပြည်သူများသည် နှစ်စဥ် ပေါင်စတာလင် ၄၅ သန်းထိ သုံးစွဲနေရကြောင်း သိရှိရသည်။

ပြင်သစ် သုတေသနအဖွဲ့သည် MSHကို poly-L-glumatic အမည်ရှိ အက်ဆစ်တစ်မျိုးဖြင့် ပေါင်းစပ်ဓာတ်ပြုစေပြီး ရရှိလာသည့် ဓာတ်ပေါင်းဖြင့် ယခင်က ပြန်လည်ဖန်တီး မရနိုင်ဟု ယူဆထားသည့် သွားဆဲလ်များကို မွမ်းမံရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ ယင်းဓာတ်ပေါင်းသည် ဂျယ်အသွင် ပြောင်းလဲပြီး ဆဲလ်များကို တိုးပွားလာအောင် လှုံ့ဆော်ကာ သွားများကို ပြန်လည်ကောင်းမွန်လာစေနိုင်မည်ဟု ပညာရှင်များက မျှော်လင့်လျက်ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here