ကင်​ဆာ​ရော​ဂါ​သည်​ ​ဟန်​ဆောင်​ကာ​ ​အ​ခွင့်​​ အ​ရေး​ရ​ယူ​သည့်​ ​အ​မေ​ရိ​ကန်​အ​မျိုး​သ​မီး​အား​​ ​ထောင်ဒဏ်​ ချမှတ်

alt

အမေရိကန်​ နိုင်ငံမှ အမျိုးသမီး တစ်ဦးသည် မိမိ​ ကိုယ်ကိုယ် ကင်ဆာ​ ရောဂါသည်​ အဖြစ် ဟန်ဆောင်ကာ အခွင့်အရေးများ ရယူခဲ့မှု​ အတွက် ထောင်ဒဏ်​ ချမှတ်​ ခံလိုက်ရကြောင်း သိရသည်။

အိုဟိုင်းအိုးရှိ ဟာမီတန်ခရိုင်မှ တရားသူကြီး တစ်ဦးသည် အသက် ၃၉ နှစ်အရွယ် ကီလီမေနာ​ (Keele Maynor)​ အား ထောင်ဒဏ် ၄၂ လ ချမှတ်ကြောင်း ကြေညာခဲ့သည်။ သူမသည် ရင်သားကင်ဆာ ဖြစ်နေကြောင်း လိမ်လည်​ ပြောဆိုကာ ထောက်ပံ့ကြေး အလှူငွေ ဒေါ်လာ ၃၀၀ စီကို လစဥ်​ တောင်းခံခဲ့ကာ ကင်ဆာ​ ရောဂါသည်များအား စောင့်ရှောက်မှုများကိုလည်း လိမ်ညာ​ ခံစားခဲ့သည်။ တရားရုံးသည် ကင်ဆာ ရံပုံငွေ​ အဖွဲ့အား ဒေါ်လာ ၅၄၀၀၀ ပြန်လည်ပေးဆောင်ရန် ကီလီအား အမိန့်ချမှတ်ခဲ့သလို နောက်တစ်ကြိမ် အလားတူ ပြစ်မှုမျိုး ကျူးလွန်ပါက ကျခံရန် ဆိုင်းငံ့ထောင်ဒဏ် ၁၀ နှစ်ကိုပါ ပူးတွဲ​ ချမှတ်ထားသည်။ ကီလီက သူမသည် ဘဝတွင် သက်သောင့်သက်သာ နေခွင့်​ ရရန် ယခုလို ကြံစည်ခဲ့မိခြင်းဟု ဝန်ခံခဲ့သည်။

ကီလီသည် ကင်ဆာရောဂါသည်များအတွက် ရည်ရွယ်ပြုလုပ်သည့် Black & Pink လေလံပွဲမှ ရရှိသည့် ဒေါ်လာ ၄၀၀၀ ကိုလည်း သူမ၏ ကိုယ်ကျိုးအတွက် သုံးစွဲခဲ့ကြောင်း စွဲချက်တင် ခံရသေးသည်။ တရားသူကြီး ဒွန်ပူးက ၄ နာရီကြာ ကြားနာမှုများ ပြုလုပ်ပြီးနောက် ကီလီသည် အပြစ်ရှိကြောင်း ဖော်ထုတ်တွေ့ရှိကာ လျော်ညီသော ပြစ်ဒဏ်ကို ချမှတ်လိုက်ကြောင်း ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here